နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အရန်ခုံ ထိုင်နေရတဲ့ ကစားသမားတွေကို တိုက်တွန်း စကား ပြောကြားလိုက်တဲ့ တူချယ် | ကမ္ဘာ့ဖလား

အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြ သောမက်စ် တူချယ် ကတော့ အရန်ခုံ ထိုင်နေရတဲ့ ကစားသမားတွေနဲ့ ပတ်သတ်ပြီး တိုက်တွန်းစကား ပြောကြားလိုက်ပါတယ်။ လက်ရှိမှာ အင်္ဂလန် ကစားသမား တချို့ဟာ ပွဲထွက်ခွင့်မရတဲ့ အပေါ် ဒေါသထွက်နေကြပြီး တူချယ်ကို မကျေမနပ် ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီလို အခြေအနေမှာ တူချယ်က ပွဲထွက်ခွင့်မရတဲ့ ကစားသမားတွေ အနေနဲ့ အင်္ဂလန် အသင်းကို ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အောင်မြင်မှု ရအောင် စွမ်းဆောင်ပေးဖို့ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ 

ဒါ့အပြင် တူချယ်က နာမည်ကျော် ကစားသမားတွေကို အရန်ခုံ ထိုင်ခိုင်းပြီး စိတ်ဆန္ဒတွေ ပေါက်ကွဲထွက်လာအောင် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ပြောခဲ့သလို နာမည်ကျော်တွေ အနေနဲ့ အရန်ခုံမှာ ထိုင်ရတဲ့ အပေါ် နားလည် လက်ခံပေးဖို့ လိုအပ်တဲ့ အပြင် အသင်းလိုက် စိတ်ဓာတ်နဲ့ အံဝင်အောင် ကြိုးစားကြရမယ်လို့ ပြောကြားခဲ့ပါတယ်။ 

ဆားဘီးယားကို ၂-၀ ဂိုးနဲ့ အနိုင်ရတဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ အင်္ဂလန်ရဲ့ ထိပ်တန်း ကစားသမားတွေ ဖြစ်ကြတဲ့ ဘယ်လင်ဂမ်နဲ့ ဖိုဒန်တို့ဟာ ဒုတိယပိုင်းမိနစ် ၆၀ ကျော်မှ လူစားဝင်ခဲ့ရပါတယ်။ ဒါ့အပြင် အင်္ဂလန် အတွက် ဒုတိယဂိုး သွင်းယူပေးခဲ့တဲ့ အက်ဇေး ကလည်း ဒုတိယပိုင်းမှ လူစားဝင်ခဲ့ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ ပွဲစဉ် ၄ ပွဲကို လွဲချော်ခဲ့သူ ဘယ်လင်ဟမ်ဟာ ဆားဘီးယားနဲ့ ပွဲမှ ပြန်လည် ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပြီး ပုံစံကောင်းလည်း ပြသနိုင်ခဲ့ပါတယ်။ 

ဆားဘီးယားကို ၂-၀ ဂိုးနဲ့ အနိုင်ရတဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ အင်္ဂလန်ရဲ့ ထိပ်တန်း ကစားသမားတွေ ဖြစ်ကြတဲ့ ဘယ်လင်ဂမ်နဲ့ ဖိုဒန်တို့ဟာ ဒုတိယပိုင်းမိနစ် ၆၀ ကျော်မှ လူစားဝင်ခဲ့ရပါတယ်။
ပွဲထွက်ကစားခွင့် အတွက် တူချယ် အပေါ် အင်္ဂလန် ကစားသမား တချို့ မကျေမနပ် ဖြစ်နေ

အဲလ်ဘေးနီးယားနဲ့ ကစားရမယ့် နောက်ဆုံး ကမ္ဘာ့ဖလား ခြေစစ်ပွဲ မတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ တူချယ်လ်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ကစားသမားတွေ အနေနဲ့ အရန် အဖြစ်သာ ကစားရရင် ဒေါသထွက်လေ့ရှိတယ် ဆိုတာ အသေအချာပါပဲ။ ဒါပေမယ့် ပြိုင်ပွဲတွေမှာ အနိုင်ရတဲ့ အသင်းတိုင်းကို ပြန်ကြည့်ရင် အရန်ခုံကနေ ထလာပြီးတော့ ခြေစွမ်းပြနိုင်တာမျိုးတွေ တွေ့ရမှာပါ။ ပွဲပြီးခါနီး ၁၀ မိနစ်လောက်ပဲ ကျန်ရင်တောင် ကစားသမား တစ်ယောက် ကမှ ငါ့ကို ဘာလို့ လူစားမဝင်ခိုင်းရတာလဲလို့ တွေးနေမဲ့သူ တစ်ယောက်မှ မရှိနိင်ပါဘူး။ ချဲလ်ဆီးနဲ့ ၂၀၂၁ ချန်ပီယံလိဂ် ဖလား ရခဲ့ချိန်က ကျွန်တော်ဟာ ဒီလို ပုံစံ အသုံးချခဲ့ပြီး တကယ်လည်း အကျိုးရှိခဲ့ပါတယ်။” လို့ တူချယ်က ဆိုပါတယ်။

ဆက်လက်ပြီး “ကစားသမားတွေဟာ ပွဲထွက်မကစားရရင်တောင် အရန်ခုံကနေ ထပြီးတော့ ခြေစွမ်းပြနိုင်ဖို့ စိတ်အားထက်သန်ခဲ့ကြပါတယ်။ အဲဒီအချက်က နောက်ဆုံး အချိန်မှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖန်တီးပေးနိုင်ပြီး အရန်ခုံထိုင်ရတဲ့ အတွက် ကစားသမားတွေ မကျေမနပ် ဖြစ်ရင်တောင် ကစားခွင့်ရတဲ့ အခါ အကောင်းဆုံး ဖြစ်အောင် ကြိုးစားဖို့ လိုအပ်ပါတယ်။” လို့လည်း ပြောကြားခဲ့ပါသေးတယ်။

လက်ရှိမှာ တူချယ်က အင်္ဂလန် အသင်းကို ဖိဖိစီးစီး ကိုင်တွယ်နေပြီး ရေတို အနေနဲ့ မဟုတ်ပဲ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြီးဆုံးချိန်မှာလည်း ဆက်လက် ကိုင်တွယ်လိုနေပါတယ်။ ဒါ့အပြင် တူချယ်က လာမယ့်နှစ် နွေရာသီ မတိုင်ခင်မှာပဲ အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုသွားဖို့ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လျက် ရှိပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ကမှ ခြင်္သေ့ ၃ ကောင် အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ တူချယ်က လာမယ့် နှစ်၊ ကမ္ဘာ့ဖလား အပြီးမှာ အင်္ဂလန်နဲ့ စာချုပ် သက်တမ်းပြည့်မှာ ဖြစ်ပါတယ်။ တူချယ်က ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ မပြီးဆုံးခင် အသင်းကို တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ပြီးတော့ အသင်းမှာ ဆက်နေချင်တယ်လို့ ဝန်ခံ ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်