အီတလီ ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (ဥရောပဇုန်) အုပ်စု ပွဲစဉ်မှာ အစ္စရေးကို ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ၄-၅ ရလဒ်နဲ့ အနိုင်ရကာ ၃ မှတ် အပြည့်ယူနိုင်ခဲ့ပါတယ်။ နည်းပြသစ် ဂန်နာရို ဂတ်တူဆို လက်ထက်မှာ အီတလီ လက်ရွေးစင် အသင်းက ၂ ပွဲ ကစားကာ ၂ ပွဲ စလုံး အနိုင်ရထားခဲ့ပြီလည်း ဖြစ်ပါတယ်။
အီတလီဟာ စက်တင်ဘာလ ၆ ရက်နေ့က အက်စတိုးနီးယားနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ တိုက်စစ် အစွမ်းပြကာ ၅-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး အစ္စရေးနဲ့ ပွဲမှာလည်း ၅ ဂိုး ထပ်သွင်းနိုင်ခဲ့ပါတယ်။ ဂတ်တူဆိုရဲ့ အသင်းက အက်စတိုးနီးယားနဲ့ ပွဲမှာ ပထမပိုင်း အတွင်း ဂိုးမရခဲ့ပေမယ့် ဒုတိယပိုင်းမှာ မွိုက်စ် ကင်းန်၊ ရက်တီဂူအီ (၂ ဂိုး) ၊ ရက်စ်ပါဒိုရီ၊ ဘက်စတိုနီ တို့ရဲ့ သွင်းဂိုးတွေနဲ့ ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
မနေ့ညက ပွဲမှာတော့ အီတလီက အစ္စရေးကို တော်တော်လေး ခက်ခက်ခဲခဲ ကစားခဲ့ရတာ ဖြစ်ပြီး ပြိုင်ဘက်ကို ဦးဆောင်ဂိုး ပေးလိုက် နောက်က လိုက်ကစားလိုက်၊ ကိုယ်က ဦးဆောင်ဂိုး သွင်းလိုက် ချေပဂိုးတွေ ပြန်ပေးရလိုက်နဲ့ နိုင်ပွဲ ပျောက်နိုင်ခြေပါ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပွဲချိန် မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပို ၁ မိနစ် မှာတော့ တိုနာလီက အီတလီကို ကယ်တင်ပေးခဲ့ပြီး ဂတ်တူဆိုလည်း ၂ ပွဲ ကိုင်တွယ်ပြီးချိန်မှာ ရာနှုန်းပြည့် နိုင်ပွဲ ရသွားခဲ့တာ ဖြစ်ပါတယ်။ အစ္စရေး အတွက် ဂိုးတွေ ကိုတော့ လိုကတ်တယ်လီ (OG)၊ ပါရတ်ဇ် (၂ ဂိုး)၊ ဘက်စတိုနီ (OG) တို့က သွင်းယူခဲ့ပြီး အီတလီ အတွက် ကိုတော့ မွိုက်စ် ကင်းန် (၂ ဂိုး)၊ ပိုလီတာနို၊ ရက်စ်ပါဒိုရီနဲ့ တိုနာလီ တို့က သွင်းယူပေးခဲ့တာပါ။

ဒီပွဲမှာ အီတလီက တိုက်စစ်ပိုင်းက ဂိုးမြူးနေသလောက် ခံစစ်ပိုင်း ကတော့ ဆိုးဆိုးရွားရွားပဲ အလွယ်တကူ ခွင့်ပြုပေးနေခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှူး ရက်တီဂူအီ ဆိုရင် ဂိုးဖန်တီးမှု ဟက်ထရစ် ရခဲ့သလို ဖီအိုရင်တီးနား အတွက် ခြေစွမ်းပြနေတဲ့ မွိုက်စ် ကင်းန် ကလည်း ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၂ ပွဲမှာ ၃ ဂိုး သွင်းထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
တကယ်တော့ အီတလီရဲ့ လက်ရှိ လူစာရင်းဟာ အတိုင်းအတာ တစ်ခု အထိ တောင့်တင်းနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်း ဘောလုံး ပရိသတ် အများစု ကတော့ အီတလီရဲ့ ခြေစွမ်းအပေါ် စိတ်ပျက်နေကြပြီး အရင်က အီတလီ မဟုတ်တော့ပဲ မန်ချက်စတာယူနိုက်တက်လို ဖြစ်နေကြောင်း ခိုင်းနှိုင်း ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
အီတလီဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (ဥရောပဇုန်) အုပ်စု I မှာ နော်ဝေ၊ အစ္စရေး၊ အက်စတိုးနီးယား၊ မောလ်ဒိုဗာ တို့နဲ့ ကျရောက်နေပါတယ်။ ဒါပေမယ့်လည်း အီတလီက နော်ဝေကို ဂိုးပြတ် ရှုံးထားခြင်းနဲ့ အတူ အုပ်စု အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး နော်ဝေနဲ့ ၃ မှတ် ပြတ်နေပါတယ်။ အုပ်စု တစ်ခုချင်းစီက အုပ်စု ပထမရတဲ့ အသင်းတွေသာ ၂၀၂၆ ကမ္ဘာ့ဖလားကို တိုက်ရိုက် ဝင်ခွင့်ရမှာ ဖြစ်တာကြောင့် အီတလီ အနေနဲ့လည်း လက်ကျန် ပွဲတွေမှာ ရလဒ်ကောင်းဖို့ လိုအပ်နေပါတယ်။
ဒီနိုင်ငံတကာ ရက်သတ္တပတ်မှာ ၆ မှတ် ယူနိုင်ခဲ့တဲ့ အီတလီက လာမယ့် အောက်တိုဘာ ၁၂ ရက်နေ့မှ အက်စတိုးနီးယားနဲ့ ပြန်ကစားရမှာ ဖြစ်ပါတယ်။ ဒါပြီးရင်တော့ ဂတ်တူဆိုရဲ့ အသင်းက အစ္စရေးကို အိမ်ကွင်း၊ မောလ်ဒိုဗာကို အဝေးကွင်းနဲ့ နော်ဝေကို အိမ်ကွင်းတို့မှာ ရင်ဆိုင် ကစားရတော့မှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.