နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

၂၀၂၅ ခုနှစ် အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ၁၁ ယောက် အတွက် ဆန်ခါတင် ကစားသမား (၂၆) ဦး စာရင်း ထွက်ပေါ်လာ

၂၀၂၅ ခုနှစ် အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ၁၁ ယောက် 2025 FIFPRO World 11 ရွေးချယ်ဖို့ ဆန်ခါတင် ကစားသမား (၂၆) ဦးစာရင်းကို ထုတ်ပြန်လိုက်ပါတယ်။ 2025 FIFPRO World 11 တစ်နည်းအားဖြင့် ၂၀၂၅ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး အသင်းမှာ ဘယ်သူတွေ ရွေးချယ်ခံရမလဲ ဆိုတာ လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန် ကြေညာမှာ ဖြစ်ပါတယ်။

လက်ရှိ ထုတ်ပြန်လိုက်တဲ့ ဆန်ကာတင် စာရင်းမှာ ဂိုးသမား ၃ ဦး၊ နောက်ခံလူ ၇ ဦး၊ ကွင်းလယ် ကစားသမား ၈ ဦးနဲ့ တိုက်စစ် ကစားသမား ၈ ဦး ပါဝင်နေပါတယ်။ ဒီဆု ကိုတော့ ကမ္ဘာတစ်လွှားက ဘောလုံးသမားတွေရဲ့ ဆန္ဒမဲနဲ့ ၂၀၂၅ ခုနှစ် အတွက် အကောင်းဆုံး ဘောလုံးသမား ၁၁ ဦး 2025 FIFPRO World 11 ဆိုပြီး ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

ဆန်ကာတင် ဂိုးသမား ၃ ဦး အဖြစ် လစ်ဗာပူးလ်က အလီဆွန် ဘက်ကာ၊ ရီးရဲလ်မက်ဒရစ်က သီဘောက် ကော့တွစ်နဲ့ ဂျီယန် လူဝီဂျီ ဒွန်နာရမ်းမား တို့ ပါဝင်နေပါတယ်။ ဒီထဲမှာမှ ပီအက်စ်ဂျီနဲ့ အတူ ချန်ပီယံလိဂ် အပါအဝင် ဆုဖလား ၄ လုံး ကိုင်မြှောက်နိုင်ခဲ့တဲ့ ဒွန်နာရမ်းမားက ရွေးချယ်ခံရဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

နောက်ခံလူ ဆန်ကာတင် ၇ ဦး စာရင်းမှာတော့ ထရန့် အလက်ဇန္တား အာနိုးလ် (ရီးရဲလ်မက်ဒရစ်)၊ ပါအူ ကူဘာဆီ (ဘာစီလိုနာ)၊ အာချက်ဖ် ဟာကီမီ (ပီအက်စ်ဂျီ)၊ မာကွင်ညော့စ် (ပီအက်စ်ဂျီ)၊ နူနို မန်းဒက်စ် (ပီအက်စ်ဂျီ)၊ ဝီလီယမ် ဆလီဘာ (အာဆင်နယ်) နဲ့ ဗာဂျယ် ဗန်ဒိုက်ခ် (လစ်ဗာပူးလ်) တို့ ပါဝင်နေပါတယ်။ ဒီထဲမှာမှ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ခဲ့ကြတဲ့ ဟာကီမီ၊ မာကွင်ညော့စ်၊ နူနို မန်းဒက်စ်နဲ့ ဗန်ဒိုက်ခ် တို့ကတော့ ရွေးချယ်ခံရဖို့ များနေပါတယ်။

ဒီစာရင်း မှာတော့ ပြီးခဲ့တဲ့ နှစ်တွေက ရွေးချယ်ခံခဲ့ရတဲ့ ဘောလုံးသမား တော်တော်များများ ပြန်လည် ပါဝင်ခဲ့တာ တွေ့ရပါတယ်။
ဘယ်လွန်ဒေါဆု အတွက် အဆင့် ၁ နဲ့ ၂ နေရာ ရခဲ့ကြတဲ့ ဒမ်ဘီလီနဲ့ ယာမယ်

ကွင်းလယ်လူ ဆန်ကာတင် ၈ ဦး စာရင်းမှာတော့ ဂျူ့ဒ် ဘယ်လင်ဟမ် (ရီးရဲလ်မက်ဒရစ်)၊ ကီဗင် ဒီဘရွန်းနား (နာပိုလီ)၊ လူကာ မိုဒရစ် (အေစီမီလန်)၊ ယာအို နီးဗက်စ် (ပီအက်စ်ဂျီ)၊ ကိုးလ် ပါးလ်မား (ချဲလ်ဆီး)၊ ပက်ဒရီ (ဘာစီလိုနာ)၊ ဗယ်လ်ဗာဒီ (ရီးရဲလ်မက်ဒရစ်)နဲ့ ဗစ်တင်ညာ (ပီအက်စ်ဂျီ) တို့ ပါဝင်ပါတယ်။ ကွင်းလယ်လူ ၄ ဦး ဘယ်ကစားသမားတွေ ရွေးချယ်ခံရမလဲ ဆိုတာတော့ လက်ရှိ အချိန်ထိ မှန်းဆရခက်နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ယာအို နီးဗက်စ်နဲ့ ဗစ်တင်ညာတို့ ကတော့ ပါဝင်ဖို့ သေချာသလောက် ရှိနေပါတယ်။

တိုက်စစ် အတွက် ဆန်ကာတင် ၈ ဦး စာရင်းမှာတော့ ဂုတ်ကြီး နှစ်ဦး ဖြစ်တဲ့ လီယွန်နယ် မက်ဆီ (အင်တာမိုင်ယာမီ)၊ ခရစ္စတီယာနို ရော်နယ်ဒို (အဲလ်နာဆာ) တို့ ပါဝင်နေပါတယ်။ တခြားသော ဘောလုံးသမားတွေ အဖြစ် ဘယ်လွန်ဒေါဆုရှင် အူစမန်နီ ဒမ်ဘီလီ (ပီအက်စ်ဂျီ)၊ အာလင်း ဟာလန်း (မန်ချက်စတာစီးတီး)၊ ကီလီယန် အမ်ဘာပေး (ရီးရဲလ်မက်ဒရစ်)၊ ရာဖင်ညာ (ဘာစီလိုနာ)၊ မိုဟာမက် ဆာလာ (လစ်ဗာပူးလ်) နဲ့ လာမင်း ယာမယ် (စပိန်) တို့ကလည်း ဒီစာရင်းမှာ ပါဝင်နေပါတယ်။

ဒီစာရင်း မှာတော့ ပြီးခဲ့တဲ့ နှစ်တွေက ရွေးချယ်ခံခဲ့ရတဲ့ ဘောလုံးသမား တော်တော်များများ ပြန်လည် ပါဝင်ခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် နောက်ဆုံး ၁၁ ဦး အပြီးသတ် ရွေးချယ်ချိန်မှာ အရင်က ရွေးချယ်ခံခဲ့ရဖူးသူတွေပဲ ပြန်လည် ရွေးချယ်ခံရမလား။ ဒါမှမဟုတ် မျက်နှာသစ် ကစားသမားတွေပဲ ရွေးချယ်ခံရမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်