လူစီယာနို စပယ်လက်တီ ကတော့ တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်နဲ့ ဆက်လက်ပြီး အလုပ်တွဲလုပ်လိုသလို ဂျူဗင်တပ်စ်မှာ ပျော်ရွှင်စွာ ဆက်ရှိနေဖို့ မျှော်လင့်လျက် ရှိကြောင်း ပြောကြားလိုက်ပါတယ်။ ဗလာဟိုဗစ် ကတော့ စီးရီးအေ ကလပ် ကနေ ထွက်ခွာဖွယ် ရှိကြောင်း မကြာခဏဆိုသလို သတင်းတွေ ထွက်ပေါ်နေသူ ဖြစ်ပါတယ်။
စပယ်လက်တီဟာ ဂျူဗင်တပ်စ် အတွက် သူ့ရဲ့ ဒုတိယမြောက် ပွဲအဖြစ် စပို့တင်းလစ္စဘွန်းကို ချန်ပီယံလိဂ်မှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ နာပိုလီနဲ့ အီတလီ နည်းပြဟောင်းဟာ ပြီးခဲ့တဲ့ စနေနေ့က တူရင် ကလပ်နဲ့ သူ့ရဲ့ ပွဲဦးထွက် အဖြစ် ခရီမိုနိစ်နဲ့ ပွဲကို စတင် ကိုင်တွယ်ခဲ့ပြီး ၂-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဗလာဟိုဗစ်ဟာ အဲဒီပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း ဒီရာသီ ပြိုင်ပွဲစုံအရပ်ရပ်မှာ ၅ ဂိုး သွင်းယူကာ ဂျူဗင်တပ်စ်ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ရပ်တည်နေပါတယ်။ ဂျူဗင်တပ်စ်ဟာ စီးရီးအေ မှာတော့ ၂ ပွဲဆက် နိုင်ပွဲ ပြန်လည် ရရှိခဲ့ခြင်းနဲ့ အတူ အမှတ်ပေးဇယား အဆင့် ၆ နေရာကို ပြန်လည် တက်လှမ်းလာနိုင်ခဲ့ပါတယ်။
ဆားဘီးယားသားဟာ ရာသီအကုန်မှာ စီးရီးအေ ကလပ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး လာမယ့် နွေရာသီမှာ အသင်း ပြောင်းရွှေ့ဖို့ အဆင်သင့် ဖြစ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ ဂျူဗင်တပ်စ် နည်းပြသစ် ဖြစ်လာတဲ့ စပယ်လက်တီက ဗလာဟိုဗစ်ဟာ တူရင် ကလပ်မှာ လုံးဝပျော်ရွှင်နေတယ်လို့ ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။

စပယ်လက်တီက “ဒူဆန်မှာ အနည်းငယ် အားသာချက် ရှိပါတယ်။ ဘာလို့လဲဆိုတော့ သူက အရေးကြီးတဲ့ အင်္ကျီကို ဝတ်ဆင်ရတဲ့အခါ ရရှိတဲ့ ဖိအားတွေ အတွက် ကျင့်သားရနေပြီလေ။ ကျွန်တော်တို့ လေ့ကျင့်နေတုန်းက သူနဲ့ အကြိမ်ပေါင်းများစွာ စကားပြောခဲ့ပါတယ်။ သူက ဒီမှာ ဆက်ရှိနေရင် ဝမ်းသာမှာပါ။ သူ့စာချုပ် အတွက် စိတ်မပူပါဘူး။ သူက ဘောလုံးပဲ ကစားချင်တာပါ။” လို့ ပြောကြားခဲ့ပါတယ်။
နည်းပြဟောင်း အီဂေါ် တူဒေါ လက်ထက်မှာ ရှစ်ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့တဲ့ ဂျူဗင်တပ်စ်က ယာယီ နည်းပြနဲ့ နည်းပြသစ် စပယ်လက်တီ လက်ထက် မှာတော့ နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲ ပြန်လည် ရရှိခဲ့ပါတယ်။ စပယ်လက်တီ အနေနဲ့ ဂျူဗင်တပ်စ်ကို ဘယ်လို ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့သလဲ ဆိုတာ မေးမြန်းရာမှာတော့ “သူတို့က စည်းကမ်း အရမ်းကောင်းတယ်။ ကျွန်တော်တို့ ဘာအစီအစဉ်မှ မလိုအပ်ပါဘူး။ အကောင်းဆုံး စည်းမျဉ်း ကတော့ ကျိုးကြောင်း ဆင်ခြင်တုံတရားပါပဲ။ ဂျူဗင်တပ်စ်မှာ စည်းမျဉ်းတွေက အမြဲတမ်း ရှိခဲ့ပါတယ်။ အသင်းကို ပိုသိအောင် ကြိုးစားပြီး လမ်းညွှန်ချက်တွေ ပေးဖို့လည်း ကြိုးစားနေပါတယ်။ ကစားသမားတွေက ကျွန်တော့်ကို မကြာခဏ သင်ကြားပေးခဲ့ပါတယ်။ အရေးကြီးတာက ဆန္ဒရှိဖို့နဲ့ အချိန်ကို ကောင်းကောင်း အသုံးချဖို့ပါပဲ။” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။ဂျူဗင်တပ်စ် ကတော့ စပို့တင်းလစ္စဘွန်းနဲ့ ၄ ကြိမ် တွေ့ဆုံရာမှာ ရှုံးပွဲ မရှိခဲ့ပါဘူး (၂ ပွဲနိုင် ၂ ပွဲ သရေ)။ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ယူရိုပါလိဂ်မှာ နောက်ဆုံး တွေ့ဆုံထားခဲ့တာ ဖြစ်ပြီး ဂျူဗင်တပ်စ်က ပေါ်တူဂီ ကလပ်ကို ကွာတားဖိုင်နယ်မှာ ဖြုတ်ချနိုင်ခဲ့ပါတယ်။ “ချန်ပီယံလိဂ်မှာ ကစားရတာ ကံကောင်းပါတယ်၊ ဘောလုံးရဲ့ အထွတ်အထိပ်ပါပဲ။ ဒီပြိုင်ပွဲမှာ ကောင်းကောင်း ကစားနိုင်ဖို့ အသင်း တစ်သင်း ဖြစ်ရတာ ဘာကိုဆိုလိုလဲ ဆိုတာ ကတော့ ကိုယ်ပိုင် အတွေးအခေါ်ရှိရမှာ ဖြစ်ပြီး အဲဒီအတွေးအခေါ် ကိုလည်း ကိုယ်ရည်ကိုယ်သွေး အပြည့်နဲ့ ကာကွယ်ရပါမယ်။” လို့ စပယ်လက်တီက ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


