နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လူတွေက လွတ်ခ်မန်းကို မကောင်းတဲ့ အကြံညဏ်တွေ ပေးခဲ့ကြတယ် ဆိုတဲ့ လွတ်ခ်မန်း | စီးရီအေ

လူတွေက အဒမ်မိုလာ လွတ်ခ်မန်းကို မကောင်းတဲ့ အကြံညဏ်တွေ ပေးခဲ့ကြကြောင်း စီးရီးအေ ကလပ် အတ္တလန္တာ နည်းပြသစ် အိုင်ဗန် ဂျူရစ်က ပြောကြားလိုက်ပါတယ်။ နိုင်ဂျီးရီးယား တိုက်စစ် ကစားသမား အဒမ်မိုလာ လွတ်ခ်မန်း ကတော့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အင်တာမီလန်ကို ရောက်ရှိဖို့ နီးစပ်ခဲ့ပြီးမှ အပြောင်းအရွှေ့ ပျက်ခဲ့တာကြောင့် အတ္တလန္တာ မှာပဲ ဆက်ရှိနေခဲ့သူ ဖြစ်ပါတယ်။

လွတ်ခ်မန်းနဲ့ အတ္တလန္တာ အကြားမှာ ပွတ်တိုက်မှုတွေ များစွာ ရှိခဲ့ပြီးတော့ လွတ်ခ်မန်း ကိုယ်တိုင်က သူ့ရဲ့ လက်ရှိ ကလပ်ဟာ ကတိမတည်ကြောင်း ဝေဖန် ပြောဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ အထိ အခြေအနေ ဆိုးရွားခဲ့တာပါ။ ပထမအသင်းနဲ့ အတူ လေ့ကျင့်ခန်း ဆင်းခွင့်မရတဲ့ နိုင်ဂျီးရီးယားသားက ဒီရာသီ စီးရီးအေ အဖွင့် ၃ ပွဲကို လွဲချော်ခဲ့ပြီးတော့ မနေ့ညက တိုရီနိုနဲ့ ပွဲမှာတော့ ပွဲပြီးခါနီး ၃ မိနစ် အလိုမှ ဝင်ရောက် ကစားခွင့် ရရှိခဲ့ပါတယ်။ ဒီပွဲမှာတော့ အတ္တလန္တာက တိုရီနိုကို အဝေးကွင်းမှာ ၀-၃ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ အတ္တလန္တာ အတွက် ဂိုးတွေ ကိုတော့ တိုက်စစ် ကစားသမားသစ်တွေ ဖြစ်တဲ့ နီကိုလာ ခရက်စတိုဗစ် (၂ ဂိုး) နဲ့ ဆူလီမာနာ (၁ ဂိုး) တို့က သွင်းယူပေးခဲ့ပါတယ်။

ပွဲအပြီးမှာတော့ နည်းပြ အိုင်ဗန် ဂျူရစ်က လွတ်ခ်မန်းက အသင်းနဲ့ ပြန်လည် ပူးပေါင်းဖို့ ဆန္ဒရှိနေကြောင်း ပြောကြားခဲ့ပါတယ်။ ဂျူရစ်က “တနင်္လာနေ့က ကျွန်တော်နဲ့ အဖွဲ့ကို သူစကားပြောခဲ့ပါတယ်။ သူ့က မကောင်းတဲ့ အကြံဥာဏ်တွေ ပေးနေတဲ့သူတွေရဲ့ ဝိုင်းရံခြင်းကို ခံနေရတာပါ။ သူဟာ အရမ်းကို ကောင်းမွန်တဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင်ထားပြီး အခုချိန်မှာတော့ ကျွန်တော်တို့က သူ့ကို ရုပ်ပိုင်းဆိုင်ရာ အသွင်သဏ္ဍာန် ပြန်လည် တည်ဆောက်ပေးဖို့ လိုအပ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း အတ္တလန္တာက စီးရီးအေ ပွဲစဉ် ၄ အပြီးမှာ ၂ ပွဲနိုင်၊ ၂ ပွဲ သရေနဲ့ ရှုံးပွဲ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ပွဲမှာ တိုရီနိုကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ အတ္တလန္တာ

လွတ်ခ်မန်းဟာ ၂၀၂၃-၂၀၂၄ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ဟက်ထရစ် သွင်းယူပြီးနောက် အတ္တလန္တာကို ၄၉ နှစ် အတွင်း ပထမဆုံး အကြိမ် အဖြစ် ဥရောပဆုဖလား ရယူပေးနိုင်ခဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လွတ်ခ်မန်းက ပြီးခဲ့တဲ့ ရာသီက အတ္တလန္တာ အတွက် ပြိုင်ပွဲစုံ ပွဲ ၄၀ ကစားရာမှာ ဂိုး ၂၀ သွင်းပြီး ၆ ဂိုး ဖန်တီးကာ ခြေစွမ်းပြခဲ့ပါသေးတယ်။

အတ္တလန္တာဟာ ကြားရက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အဖွင့် ပွဲစဉ်မှာ ပီအက်စ်ဂျီကို ၄-၀ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီ ရလဒ်က အတ္တလန္တာ အတွက် တနင်္ဂနွေနေ့မှာ စိတ်ဓာတ် ပိုတက်ကြွစေခဲ့တယ်လို့ အိုင်ဗန် ဂျူရစ်က ယုံကြည်နေခဲ့ပါတယ်။ “ဥရောပရဲ့ အကောင်းဆုံး အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတာက ကျွန်တော် တို့ကို ခွန်အားတွေ ပေးခဲ့တယ်။ ကျွန်တော်တို့ ဒီနေ့ပွဲကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့ပါတယ်။” လို့ ဂျူရစ်က ပြောကြားခဲ့ပါတယ်။

အသက် ၅၀ အရွယ် ခရိုအေးရှား လူမျိုး နည်းပြ အိုင်ဗန် ဂျူရစ်က အတ္တလန္တာကို မကိုင်တွယ်ခင် ၂၀၂၁ ကနေ ၂၀၂၄ ခုနှစ် အတွင်း တိုရီနို၊ ရိုးမားနဲ့ ဆောက်သမ်တန် တို့ကို ကိုင်တွယ်ခဲ့ဖူးပါတယ်။ ဂတ်စ်ပီရီနီနဲ့ လမ်းခွဲပြီးနောက် အိုင်ဗန် ဂျူရစ် လက်ထက် မှာတော့ အတ္တလန္တာက ၅ ပွဲ ကစားရာမှာ ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပြီး အားရစရာ အခြေအနေမျိုးနဲ့တော့ မမြင်ရသေးပါဘူး။ ဒါပေမယ့်လည်း အတ္တလန္တာက စီးရီးအေ ပွဲစဉ် ၄ အပြီးမှာ ၂ ပွဲနိုင်၊ ၂ ပွဲ သရေနဲ့ ရှုံးပွဲ မရှိသေးပါဘူး။ မနေ့ညက ပွဲမှာတော့ အတ္တလန္တာ ပရိသတ်တွေက ကလပ် ဥက္ကဌ အာဘန်နို ကိုင်ရိုရဲ့ ဦးဆောင်မှုကို ဆန့်ကျင်တဲ့ အနေနဲ့ ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ကြပြီး ဒါက ခက်ခဲတဲ့ အခြေအနေ ဖြစ်ကြောင်း ဂျူရစ်က ဆိုပါတယ်။ “ကျွန်တော် ဒီကို ရောက်တဲ့ အချိန်မှာ အခြေအနေတွေ တော်တော်လေး ဆိုးပါတယ်။ ဒီလို မကျေနပ်မှုတွေနဲ့ ရပ်နေတာကို တွေ့ရတာ စိတ်မကောင်းပါဘူး။ ဒါက ဘယ်သူ့အတွက်မှ မကောင်းပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်