နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လူငယ် ကစားသမားလေး အက်စ်ပိုစီတိုရဲ့ ခြေစွမ်း အပေါ် အံ့အားသင့်ခဲ့ရတဲ့ ချီဗူး | စီးရီးအေ

အင်တာမီလန် နည်းပြ ခရစ္စတီယန် ချီဗူးက တိုက်စစ်မှူး ဖရန်ဆက်စ်ကို ပီရို အက်စ်ပိုစီတိုရဲ့ အရည်အသွေးကြောင့် အံ့အားသင့်ခဲ့ရကြောင်း ပြောကြားလိုက်ပါတယ်။ အက်စ်ပိုစီတိုဟာ ညက ကက်ဂလီယာရီနဲ့ ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ အင်တာမီလန် အတွက် ဒုတိယမြောက် အနိုင်ဂိုးကို ပွဲချိန် ၈၂ မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။

အက်စ်ပိုစီတို အသက် ၂၀ အရွယ်သာ ရှိနေသေးပြီးတော့ ၂၀၀၀ ခုနှစ် နောက်ပိုင်း အင်တာမီလန် အတွက် စီးရီးအေမှာ ဂိုးသွင်းနိုင်တဲ့ စတုတ္ထမြောက် အသက်အငယ်ဆုံး အီတလီ ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သူ့ရှေ့မှာ ဂိုးသွင်းနိုင်ခဲ့သူတွေ ကတော့ ဆဘက်စ်တီယာနို (၁၇ နှစ် ၁၇၂ ရက်)၊ မာရီယို ဘယ်လော့တီ (၁၇ နှစ် ၂၃၈ ရက်) နဲ့ ဒေးဗစ် ဖာရွန်နီ (၂၀ နှစ် ၇၄ ရက်) တို့ ဖြစ်ပါတယ်။

ဒီလူငယ်လေးဟာ ပြီးခဲ့တဲ့ နွေရာသီက ကလပ် ကမ္ဘာ့ဖလားမှာ ရေးဗားပလိတ် ဘက်ကို ဂိုးသွင်းနိုင်ခဲ့သလို အူရာဝါ ရက်ဒ်ဒိုင်းမွန်းနဲ့ ပွဲမှာလည်း ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် နည်းပြ ဖြစ်သူ ချီဗူး ကတော့ သူ့အသင်းရဲ့ တိုက်စစ် ကြယ်ပွင့်လေးကို အနာဂတ်မှာ သွင်းဂိုးတွေ ထပ်မံ ရှာတွေ့နိုင်မယ်လို့ မျှော်လင့်နေခဲ့ပါတယ်။

အင်တာာမီလန် ကတော့ ဒီရာသီ စီးရီးအေမှာ ၅ ပွဲ ကစား ၃ ပွဲနိုင်၊ ၂ ပွဲ ရှုံး ရမှတ် ၉ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။
ဒီရာသီ အတွက် ဒုတိယမြောက် ပေးဂိုး မရှိနိုင်ပွဲ ရခဲ့တဲ့ အင်တာမီလန်

“သူဟာ အသက် ၂၀ ပဲ ရှိသေးတာကို မမေ့သင့်ပါဘူး။ သူ့ရှေ့မှာ သူ့ရဲ့ အနာဂတ် တစ်ခုလုံး ရှိနေပါတယ်။ သူက အခု ပုံစံအတိုင်းပဲ ဆက်လက် လုပ်ဆောင်နေရပါမယ်။” လို့ ချီဗူးက Sky Sports Italia ကို ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး “သူ့မှာ ကောင်းမွန်တဲ့ အရည်အသွေးတွေ ရှိပြီး တိုးတက်မှုလည်း ရှိပါတယ်။ တကယ့်ကို ကောင်းမွန် သေချာတဲ့ အဆုံးသတ်နိုင်စွမ်းလည်း ရှိပါတယ်။ ဒါကြောင့် သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်။ သူအသင်း အတွက် ကစားပေးနေပြီး ကောင်းမွန်တဲ့ အရာတွေကို လုပ်ဆောင်နိုင်တာကြောင့် အံ့အားသင့်မိတယ် ဆိုတာ ကျွန်တော် ဝန်ခံပါတယ်။ သူက ဘာကိုမှ မကြောက်ပါဘူး၊ ဂိုးရှေ့မှာ အေးဆေးစွာပဲ သူ့ရဲ့ ပထမဦးဆုံး ဂိုးကို ရယူနိုင်ခဲ့တဲ့ အတွက် ကျွန်တော် ဝမ်းသာမိပါတယ်။ ဒါက သူ့ကို ပိုပြီး သက်တောင့်သက်သာ ဖြစ်စေနိုင်ပါလိမ့်မယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဒီနိုင်ပွဲဟာ အင်တာမီလန် အတွက် စီးရီးအေမှာ ပွဲပေါင်း ၁၆၀၀ မြောက် နိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ အင်တာမီလန်ဟာ နိုင်ပွဲ ၁၇၁၄ ပွဲ ရရှိထားတဲ့ ဂျူဗင်တပ်စ် ပြီးရင် ဒီစံချိန်ကောင်းကို ရယူနိုင်ခဲ့တဲ့ အသင်းလည်း ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ချီဗူးက သူ့ အသင်း အနေနဲ့ ဒီရာသီ အတွက် ဒုတိယမြောက် Clean Sheet နိုင်ပွဲ ရရှိခဲ့တဲ့ အတွက်လည်း ကျေနပ်မိကြောင်း ဆက်လက် ပြောကြားခဲ့ပါတယ်။

“ကက်ဂလီယာရီရဲ့ နည်းဗျူဟာ အပြောင်းအလဲက ကျွန်တော် တို့ကို အနည်းငယ် အံ့အားသင့်စေခဲ့ပေမယ့် အခြေခံမူတွေက အတူတူပါပဲ၊ ကျွန်တော်တို့ စောစောစီးစီး ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ကက်ဂလီယာရီက ဥရောပမှာ အရပ်အမြင့်ဆုံး အသင်းလို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့် သူတို့ဟာ Dead Ball အခြေအနေတွေမှာ သူတို့က အန္တရာယ်များမယ် ဆိုတာ ကျွန်တော်တို့ သိထားပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အမြင့်ဘော ကစားသမားတွေ ထပ်ထည့်ခဲ့ရပါတယ်။” လို့ ချီဗူးက ဆိုပါတယ်။ အင်တာာမီလန် ကတော့ ဒီရာသီ စီးရီးအေမှာ ၅ ပွဲ ကစား ၃ ပွဲနိုင်၊ ၂ ပွဲ ရှုံး ရမှတ် ၉ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။ ဇယားထိပ်က နာပိုလီထက် တစ်ပွဲ ပိုကစားကာ ၃ မှတ် ပြတ်နေတာကြောင့် အင်တာမီလန်တို့ လာမယ့် ပွဲစဉ်တွေမှာ အခုထက် ပိုပြီး အားစိုက်ဖို့တော့ လိုအပ်နေပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်