ဆွစ်ဇာလန် ဝါရင့် ကွင်းလယ်လူ ဂရန်းနစ် ချာကာ ကတော့ ဆန်းဒါးလန်းနဲ့ အတူ ပရီးမီးယားလိဂ်ကို တကျော့ပြန် ပြန်လည် ရောက်ရှိလာခဲ့ပါပြီ။ တစ်ချိန်က အာဆင်နယ်နဲ့ အတူ အကောင်းဆုံး တောက်ပခဲ့တဲ့ ချာကာဟာ ပရီးမီးယားလိဂ် တန်းတက် ကလပ်ကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး အသင်းကို ကူညီပေးဖို့ အဆင်သင့် ရှိနေကြောင်းလည်း ပြောကြားလာခဲ့ပါတယ်။
ဆန်းဒါးလန်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ချာကာ၊ အက်ဒင်ဂရာ၊ တဲလ်ဘီ၊ ဆာဒီခီ၊ ဒီရာယာ၊ လီဖီး၊ ရိန်နီလ်ဒို တို့ အပါအဝင်စား ကစားသမားသစ် ၉ ဦး အတွက် စုစုပေါင်း ပေါင်သန်း ၁၂၀ ကျော် သုံးစွဲထားခဲ့တာ ဖြစ်ပါတယ်။ ဆန်းဒါးလန်းဟာ လာမယ့် ရာသီ ပရီးမီးယားလိဂ်မှာ တင်ကျန်နိုင်ဖို့ အတွက် အသင်းကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။ ဒီကစားသမားတွေ ထဲမှာတော့ အသက် ၃၂ နှစ် အရွယ် ဆွစ်ဇာလန် ဝါရင့် ကွင်းလယ် ကစားသမား အတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၁၃ သန်း အပြင် အပိုဆုကြေး ပေါင် ၄ သန်းနဲ့ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
ချာကာဟာ ဆန်းဒါးလန်းနဲ့ ၃ နှစ် သက်တမ်း ရှိတဲ့ စာချုပ် ချုပ်ဆိုခဲ့ပြီးတော့ ကျောနံပါတ် ၃၄ ဝတ်ဆင် ကစားမှာ ဖြစ်ပါတယ်။ ချာကာ ကတော့ အာဆင်နယ်မှာ ၂၀၁၆ ကနေ ၂၀၂၃ ခုနှစ်အထိ ကစားခဲ့ဖူးပြီး ပရီးမီးယားလိဂ် အတွေ့အကြုံ များတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒါကြောင့် ချာကာက သူ့အနေနဲ့ ဆန်းဒါးလန်းကို သူ့ရဲ့ အတွေ့အကြုံနဲ့ စွမ်းဆောင်ရည်အရ ကူညီပေးဖို့ အသင့် ရှိနေကြောင်း အခုလိုပဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ချာကာက “ဆန်းဒါးလန်းကို ပြောင်းရွှေ့ခွင့်ရခဲ့တဲ့ အတွက် ကျွန်တော် ဂုဏ်ယူမိပါတယ်။ ကျွန်တော် လိုချင်တာကို ရခဲ့တာ ဖြစ်လို့ ခံစားချက် အရမ်းပဲ ကောင်းပါတယ်။ ဆန်းဒါးလန်းက သူတို့ ရှိနေရမယ့် နေရာကို ရောက်လာခဲ့တာပါ။ ကျွန်တော်တို့ အနေနဲ့ သမိုင်းသစ် ရေးထိုးဖို့ ကြိုးစားရမှာပါ။ ကျွန်တော့် အနေနဲ့ အသင်းကို အတွေ့အကြုံအရရော စွမ်းဆောင်ရည်အရပါ ကူညီပေးဖို့ အသင့် ရှိနေပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆန်းဒါးလန်းရဲ့ အားကစား ဒါရိုက်တာ ဖြစ်တဲ့ ခရစ္စရှန် စပိခ်မန်း ကတော့ “ဂရန်းနစ်နဲ့ သူ့မိသားစုကို ဆန်းဒါးလန်း ကနေ ကြိုဆိုခွင့်ရတဲ့ အတွက် ဝမ်းသာမိပါတယ်။ သူရောက်လာတာဟာ ကျွန်တော် တို့ရဲ့ ရည်မှန်းချက်အတွက် သိသာထင်ရှားတဲ့ အကျိုးပြုမှု ဖြစ်လာနိုင်ပြီး ပရီးမီးယားလိဂ်မှာ ပရိသတ်တွေ ဂုဏ်ယူနိုင်တဲ့ အသင်း တစ်သင်းကို တည်ဆောက်လိုတဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့လည်း ဖြစ်ပါတယ်။”
“သူ့ရဲ့ အောင်မြင်မှုတွေနဲ့ အရည်အသွေးတွေကို နည်းနည်းပဲ မိတ်ဆက်ပေးဖို့ လိုမယ် ထင်ပါတယ်။ သူက ကွင်းတွင်းရော ကွင်းပြင်ပမှာပါ အရည်အချင်း အမြင့်မားဆုံး ကစားသမား ဖြစ်ပြီး ကျွန်တော်တို့ အသင်းမှာ လိုအပ်နေတဲ့ ပရိုဖိုင်နဲ့ ပြီးပြည့်စုံစွာ ကိုက်ညီတယ်လို့ ခံစားရပါတယ်။ ကွင်းအတွင်းနဲ့ အဝတ်လဲခန်း အတွင်းမှာ သူလုပ်နိုင်တဲ့ အကျိုးသက်ရောက်မှုတွေကို မြင်တွေ့ရတာ စိတ်လှုပ်ရှားမိပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
ဆန်းဒါးလန်း ကတော့ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီက ပရီးမီးယားလိဂ် မှာ နောက်ဆုံး ကစားခဲ့ပြီးတော့ ၈ နှစ် အကြာမှာ တန်းပြန်တက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆန်းဒါးလန်းက ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်ခဲ့ပြီး တန်းတက်ခွင့် အတွက် ပလေးအော့ဖ်မှာ ချန်ပီယံ ဖြစ်ခဲ့ပြီး အင်္ဂလန်ရဲ့ ထိပ်တန်းလိဂ်ဆီ ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဆန်းဒါးလန်းက အပိုဝင်ငွေ အနည်းဆုံး ပေါင်သန်း ၂၀၀ ရရှိခဲ့ပြီး အသင်း အတွက် လုံလောက်တဲ့ အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ထားနိုင်တာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.