ဝက်စ်ဟမ်း – ဘန်လေ
ဝက်စ်ဟမ်း ယူနိုက်တက် ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ မှာ တန်းတက် ဘန်လေကို အိမ်ကွင်းမှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ နည်းပြသစ် နိူနို အက်စ်ပီရီတို ဆန်တိုနဲ့ အတူ ဝေးကွာနေတဲ့ နိုင်ပွဲ ပြန်လည် ရှာတွေ့ထားတဲ့ ဝက်စ်ဟမ်းတို့ တန်းတက် ဘန်လေနဲ့ အတွေ့မှာ ရလဒ်ကောင်း ဆက်လက် ရယူနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မှာ ၆ ပွဲ ဆက်တိုက် နိုင်ပွဲ မရတဲ့ (၁ ပွဲ သရေ၊ ၅ ပွဲ ရှုံး) စံချိန်ဆိုးကို ကြုံတွေ့ခဲ့ရပြီးနောက် ဝက်စ်ဟမ်းက ပြီးခဲ့တဲ့ တပတ်က နယူးကာဆယ်ကို ၃-၁နဲ့ အနိုင်ယူပြကာ အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ ဝက်စ်ဟမ်း အတွက် ၉ လ နီးပါးကြာ ကာလ အတွင်း ပထမဆုံး အကြိမ် အိမ်ကွင်းမှာ နိုင်ပွဲလည်း ဖြစ်ပါတယ်။ ပွဲအပြီးမှာ ဝက်စ်ဟမ်း ပရိသတ်တွေက အသင်းရဲ့ ဘုတ်အဖွဲ့ကို သပိတ်မှောက် ဆန္ဒပြမှုတစ်ခု ပြုလုပ်ခဲ့ပါသေးတယ်။ နည်းပြ နူနို ဆန်တို ကတော့ သူ့ရဲ့ ပထမဆုံး နိုင်ပွဲ အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့ပေမယ့် ဝက်စ်ဟမ်းက အမှတ်ပေးဇယား ၁၈ နေရာ ကိုသာ တက်လှမ်းထားနိုင်ပါသေးတယ်။ ဒါအပြင် ဝက်စ်ဟမ်းက အဆင့် ၁၇ နေရာက ဘန်လေနဲ့ ရမှတ်တူ အနေအထားမှာ ရှိနေပါတယ်။ အံ့သြစရာကောင်းတာက နူနို ရောက်လာပြီးနောက်ပိုင်း ဝက်စ်ဟမ်းရဲ့ ပရီးမီးယားလိဂ်မှာ ဂိုးပေါက်တည့်တဲ့ ကန်ချက်တွေရဲ့ ထက်ဝက်ကျော်က နယူးကာဆယ်ကို အနိင်ရတဲ့ ပွဲမှာ ရရှိခဲ့တာ ဖြစ်ပါတယ်။
ဘန်လေ ကတော့ လိဒ်စ်နဲ့ ဝုဗ် တို့ကို အနိုင်ရပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ် ကိုတော့ အိမ်ကွင်းမှာပဲ ၀-၂နဲ့ ရှုံးနိမ့်ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘန်လေက အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ပေမယ့် ခြေစွမ်းပိုင်းအရတော့ အရမ်းကြီး မဆိုးရွားခဲ့ပဲ အသင်းရဲ့ ဒုတိယပိုင်း စွမ်းဆောင်ရည် ကိုလည်း နည်းပြချုပ် စကော့တ် ပါကားက ကျေနပ်စရာ ကောင်းခဲ့ကြောင်း ချီးကျူးခဲ့ပါတယ်။ ဒါ့အပြင် ဘန်လေက ထိပ်တန်းလိဂ်မှာ ရှင်သန် ရပ်တည်ရေး အတွက် မှန်ကန်တဲ့ လမ်းကြောင်းပေါ်သို့ ရောက်ရှိနေကြောင်း ပါကားက ယုံကြည်နေပါတယ်။ ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ ၄ နှစ်တာ ကာလ အတွင်း ဝက်စ်ဟမ်း အတွက် ပွဲပေါင်း ၁၀၀ ကျော် ကစားခဲ့တဲ့ ပါကားက ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် ဘန်လေကို ပရီးမီးယားလိဂ် အဝေးကွင်း နှစ်ပွဲ ဆက်တိုက် အနိုင်ရအောင် ကြိုးပမ်းသွားရမှာလည်း ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ

ဘန်လေ မှာတော့ ကော်နာ ရောဘတ်စ်၊ ဘီယာနဲ့ အမ်ဒွန်နီတို့ လွဲချော်ကြမှာပါ။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဝက်စ်ဟမ်း – အာရီယိုလာ၊ ဝမ် ဘစ်ဆာခါ၊ တိုဒီဘို၊ ကေးလ်မန်း၊ ဒီယော့ဖ်၊ ပေါ့တ်၊ ဖာနန်ဒက်စ်၊ ဘိုဝင်၊ ပါကေးတား၊ ဆမ်းမားဗီးလ်၊ ဝီလ်ဆင်
ဘန်လေ – ဒူဗရက်ဗ်ကာ၊ ဝေါလ်ကာ၊ တွမ်ဇီဘီ၊ အက်စ်တီဗီ၊ ဟာတ်မန်း၊ အူဂိုချူကဝူ၊ ဖလော်ရန်တီနို၊ ကယ်လန်၊ ချာအူနာ၊ ဖော်စတာ၊ အန်သိုနီ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဘန်လေရဲ့ ဟမ်းမားစ်တွေနဲ့ အဝေးကွင်း တွေ့ဆုံမှု မှတ်တမ်းအရ နောက်ဆုံး ကစားခဲ့တဲ့ ၁၁ ကြိမ်မှာ ၂ ကြိမ်သာ အနိုင်ရရှိခဲ့ကာ (၂ ပွဲ သရေ၊ ၇ ပွဲ ရှုံး) ရလဒ်ကို ပိုင်ဆိုင်ထားခဲ့သလို စုစုပေါင်း ဂိုး ၂၀ အထိ ပေးခဲ့ရပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ ၃ ကြိမ် သရေကျခဲ့ပြီး ဝက်စ်ဟမ်းက ၂ ကြိမ် အနိုင်ရခဲ့ပါတယ်။ လန်ဒန်ကွင်းက နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာတော့ ဝက်စ်ဟမ်းက ၂ ကြိမ်နိုင်၊ ၂ ကြိမ် သရေကျကာ၊ ဘန်လေက ၁ ကြိမ် နိုင်ခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဝက်စ်ဟမ်း နိုင်ရင် ၁.၉၇ ဆ ရမှာ ဖြစ်ပြီး ဘန်လေ နိုင်ရင်တော့ ၃.၅၂ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၂၃ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း ဝက်စ်ဟမ်း ဘက်က သရေရှုံး၊ တစ်လုံး တစ်ဝက်ရှုံး၊ တစ်လုံး တစ်ဝက်စား ဆိုပြီး ကြေး ၃ မျိုးဖွင့်ပေးထားပါတယ်။ ဂိုးပေါင်း ကြေးကတော့ သိပ်ပြီး သဘောကျစရာ ရှိမနေပါဘူး။ ဝက်စ်ဟမ်းက ယုံကြည်မှု ပြန်ရလာပြီး ဘန်လေ ကလည်း လျှော့တွက်လို့ မရတဲ့ အသင်းပါ။ ဒါပေမယ့်လည်း ဒီပွဲ မှာတော့ နူနို ဆန်တိုရဲ့ အသင်းကို ပိုပြီး ယုံကြည်ထားသင့်တယ်လို့ ထင်ပါတယ်။ ဝက်စ်ဟမ်း ကပ်နိုင်သွားမယ့် ပွဲပါ။
ခန့်မှန်းရလဒ်
ဝက်စ်ဟမ်း ၂-၁ ဘန်လေ
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


