ချဲလ်ဆီး – ဘရန့်ဖို့ဒ်
ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ ရဲ့ နောက်ထပ် ပွဲကောင်း တစ်ပွဲ အဖြစ် ချဲလ်ဆီးက ဘရန့်ဖို့ဒ်ကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ လက်ရှိမှာ အကောင်းဆုံး ပုံစံရပြီး အမြင့်ပျံနေတဲ့ ဘရန့်ဖို့ဒ်က ရိုစီနီယာနဲ့ ချဲလ်ဆီး အတွက် နောက်ထပ် ခက်ခဲတဲ့ စာမေးပွဲ တစ်ခု ဖြစ်လာမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ချဲလ်ဆီး ကတော့ နည်းပြသစ် လီယမ် ရိုစီနီယာ လက်ထက်မှာ နှစ်ပွဲ ကစားပြီး ၁ ပွဲ နိုင်၊ ၁ ပွဲ ရှုံးထားပါတယ်။ အက်ဖ်အေဖလားမှာ ချာလ်တန်လို အသင်းငယ်လေးကို ဂိုးပြတ်နိုင်ခဲ့တဲ့ ချဲလ်ဆီးက ခရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ မှာတော့ အာဆင်နယ်ကို အိမ်ကွင်းမှာပဲ ရှုံးနိမ့်ထားပါတယ်။ ဒါပေမယ့်လည်း ရိုစီနီယာရဲ့ တိုက်စစ်ပြီး တိုက်စစ်သွားတဲ့ ကစားဟန် ကတော့ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့သည့် တိုင်အောင် ပရိသတ်တွေ အတွက် ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဒီရာသီ အိမ်ကွင်းမှာ ၄ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၃ ပွဲ ရှုံးထားပြီး ခြင်္သေ့ပြာတွေဟာ ၈ ပွဲ ဆက်တိုက် ဂိုးမပေးရတဲ့ပွဲ မရှိခဲ့ပါဘူး။ ဒါ့အပြင် ချဲလ်ဆီးက ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲမှ မရခဲ့ပါဘူး။
ဘရန့်ဖို့ဒ် ကတော့ ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲဆက် မရှုံးထားပဲ ၅ ပွဲနိုင်၊ ၁ ပွဲ သရေ ဆိုတဲ့ ရလဒ်က အားရစရာ ဖြစ်ပါတယ်။ ပျားတွေက ပရီးမီးယားလိဂ် မှာလည်း နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲနိုင်၊ ၁ ပွဲ သရေကျထားပေမယ့် အိမ်ကွင်း စွမ်းဆောင်ရည် ကတော့ ၃ ပွဲနိုင်၊ ၇ ပွဲ ရှုံးထားလို့ အားရစရာ မရှိပါဘူး။ လက်တလော ဘရန့်ဖို့ဒ်မှာ တိုက်စစ်က အီဂေါ သီယာဂို ခြေစွမ်းပြနေပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၆ ဂိုးအထိ သွင်းကာ တစ်ရာသီ အတွင်း ဘရာဇီးလ် ကစားသမား တစ်ဦးရဲ့ ပရီးမီးယားလိဂ် ဂိုးသွင်း အများဆုံး စံချိန်ကို ချိုးဖျက်ထားနိုင်ခဲ့ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ ချဲလ်ဆီး ဘက်က လီယမ် ဒီလက်ပ်၊ လီဗီ ကိုးလ်ဝဲလ်၊ ရိစ် ဂျိမ်းစ်၊ ကိုးလ် ပါးလ်မား၊ ရိုမီယို လာဗီယာတို့ လွဲချော်မှာ ဖြစ်ပါတယ်။
ဘရန့်ဖို့ဒ် မှာတော့ ဖရန့်ခ် အိုရီကာ၊ ဖေဘီယို ကာဗယ်လ်ဟို၊ ဒါဆေးလ်ဗားတို့ လွဲချော်မှာပါ။
ဖြစ်နိုင်ဖွယ် လူစာရင်း

ချဲလ်ဆီး – ဆန်းချက်ဇ်၊ ဟာတို၊ တိုဆင်၊ ချာလိုဘာ၊ ဂူစတို၊ ကိုင်စီဒို၊ ဆန်းတို့စ်၊ အန်ဇို ဖာနန်ဒက်ဇ်၊ နီတို၊ အက်စတီဗာအို၊ ဂစ်တန်စ်
ဘရန့်ဖို့ဒ် – ခယ်လာဟာ၊ ကာယိုဒီ၊ အယား၊ ကောလင်းန်၊ ဟင်နရီ၊ ယာမိုလစ်ခ်၊ ဂျနဲလ်၊ ယန်ဆန်၊ လီဝစ် ပေါ်တာ၊ ချာဒီ၊ သီယာဂို
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းရဲ့ နောက်ဆုံး ၁၃ ကြိမ် တွေ့ဆုံမှုမှာ ချဲလ်ဆီးက ၅ ကြိမ်နိုင်၊ ၅ ကြိမ် သရေကျပြီး ဘရန့်ဖို့ဒ်က ၃ ကြိမ် အနိုင်ရခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ကြိမ် တွေ့ဆုံမှု မှာတော့ သရေ ၃ ကြိမ် အထိ ရှိခဲ့ပြီး ၁ ကြိမ်စီ အနိုင်ရထားကြပါတယ်။ စတန်းဖို့ဒ်ဘရစ်ချ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ် မှာတော့ ဘရန့်ဖို့ဒ်က ၃ ကြိမ် နိုင်ပြီး ချဲလ်ဆီးက ၂ ကြိမ် နိုင်ထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ချဲလ်ဆီး နိုင်ရင် ၁.၇၂ ဆ၊ ဘရန့်ဖို့ဒ် နိုင်ရင်တော့ ၄.၁၀ ဆ၊ သရေ ဆိုရင်တော့ ၃.၆၃ ဆ ရမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း ချဲလ်ဆီး ဘက်က ၁ လုံး သရေလောက် ပေါက်နေပြီး ဂိုးပေါင်း ကတော့ ၂.၅၀၊ ၂.၇၅၊ ၃.၀၀ ဆိုပြီး ကြေးဖွင့်ပေးထားပါတယ်။ ချဲလ်ဆီးက ရိုစီနီယာ လက်အောက်မှာ ဟန်ချက်ညီဖို့ ကြိုးစားနေရဆဲ ဖြစ်ပြီး အဓိက ကစားသမား တချို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ပျားတွေ ကလည်း လက်ရှိမှာ ပုံစံကောင်း ရနေတာကြောင့် အဝေးကွင်းမှာ အနည်းဆုံးတော့ သရေ တစ်မှတ် ရအောင် ယူသွားနိုင်စွမ်း ရှိနေပါတယ်။
ခန့်မှန်းရလဒ်
ချဲလ်ဆီး ၂-၂ ဘရန့်ဖို့ဒ်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


