အာဆင်နယ် လူငယ် ကြယ်ပွင့် မက်စ် ဒိုးမန်း ကတော့ ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပြီးနောက် ဘောလုံးလောကရဲ့ ဝိုင်းဝန်း ချီးကျူးခြင်းကို ခံနေရပြီ ဖြစ်ပါတယ်။ အခုဆိုရင်လည်း မန်ချက်စတာယူနိုက်တက် ဂန္တဝင် တိုက်စစ်မှူးကြီး ဝိန်း ရွန်နီက မက်စ် ဒိုးမန်းဟာ ကြီးမားတဲ့ အနာဂတ် တစ်ခု အတွက် အဆင်သင့် ဖြစ်နေပြီလို့ ဟောကိန်းထုတ် ပြောဆိုလာခဲ့ပါတယ်။
လိဒ်စ်ကို ၅-၀ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာ အသက် ၁၅ နှစ်နဲ့ ၂၃၅ ရက်သာ ရှိသေးတဲ့ မက်စ် ဒိုးမန်းက ပွဲချိန် ၆၄ မိနစ်မှာ မာဒူခေး အစား လူစားဝင် ကစားခဲ့ပါတယ်။ ဒိုးမန်းဟာ ကွင်းအတွင်း ၂၆ မိနစ်လောက်သာ ဝင်ရောက် ကစားခဲ့ရပေမယ့် ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့သလို ဗစ်တာ ယိုကီးရက်စ် အတွက်လည်း ပင်နယ်တီ တစ်လုံး ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ဒီလို အရွယ်နဲ့ မလိုက်အောင် ခြေစွမ်းကောင်းတွေ ပြသနေတဲ့ မက်စ် ဒိုးမန်းနဲ့ ပတ်သတ်လို့ ဝိန်း ရွန်နီက BBC podcast အစီအစဉ်မှာ “ဒီအသက်အရွယ်နဲ့ ပရီးမီးယားလိဂ်မှာ ကစားနိုင်တာက ရူးနှမ်းစရာ ကောင်းလွန်းပါတယ်။ ကျွန်တော်လည်း ငယ်ငယ်တုန်းက ကစားခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် သူက ကျွန်တော့်ထက် ရက်ပေါင်း ၁၅၀ လောက် ဒါမှမဟုတ် ပိုပြီးတော့တောင် ငယ်သေးတယ် ထင်ပါတယ်။ မက်စ်နဲ့ သူ့မိသားစု၊ မိတ်ဆွေတွေ အတွက် သူတို့ အားလုံးက အိပ်မက် တစ်ခုနဲ့ နတ်သမီးပုံပြင်ထဲမှာ နေထိုင်နေကြသလို ဖြစ်နေမှာပါ။ အခုထိ လက်တွေ့ကို မခံစားရသေးတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အနာဂတ်က အလွန်တရာ တောက်ပနေတာကို မြင်နေရပါတယ်။ သူ့မှာ ကြီးမားတဲ့ အနာဂတ် တစ်ခု ပိုင်ဆိုင်ထားပါတယ်။ ဘောလုံးလောကက ခင်ဗျားနဲ့ စကားပြောဖူးတဲ့ လူတိုင်းက ဒီနာမည် တစ်ခု ကိုပဲ ထပ်တလဲလဲ ပြောနေကြပါလိမ့်မယ်။ အဲ့ဒါက မက်စ် ဒိုးမန်း ပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။
အင်္ဂလန် ဂန္တဝင်ဟောင်း ဝိန်း ရွန်နီ ကတော့ ၂၀၀၂ ခုနှစ် အသက် ၁၆ နှစ် အရွယ်မှာပဲ အဲဗာတန် အတွက် စတင် ပွဲထွက် ကစားခွင့်ရခဲ့သူပါ။ ရွန်နီဟာ အာဆင်နယ်နဲ့ ပွဲမှာ နောက်ကျ အနိုင်ဂိုးကြောင့် ပရီးမီးယားလိဂ်ရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းရှင် ဖြစ်လာခဲ့ပြီး အဲဒီအချိန်တုန်းက သူ့ရဲ့ အသက်က ၁၇ နှစ် ပြည့်ဖို ၅ ရက် လိုပါသေးတယ်။ လက်ရှိမှာ ဒိုးမန်း အသက် ၁၆ နှစ်တောင် မပြည့်သေးသလို တိုက်စစ် စွမ်းဆောင်ရည်ကောင်းတွေ ပိုင်ဆိုင်ထားပြီး ပွဲထွက် ကစားခွင့်လည်း ရနေတာကြောင့် ဝိန်းရွန်နီရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခြေ ရှိနေပါတယ်။
နောက်ထပ် အာဆင်နယ် လူငယ် ကစားသမား တစ်ဦး ဖြစ်တဲ့ အီသန် နွမ်နရီ ကတော့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက ဘရန့်ဖိုဒ်ကို ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသက် ၁၅ နှစ်၊ ၁၈၁ ရက်နဲ့ ပါဝင်ကစားခဲ့ပြီးနောက် ပရီးမီးယားလိဂ် သမိုင်းရဲ့ အသက်အငယ်ဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ထားပါတယ်။
လက်ရှိမှာ အသက် ၃၉ နှစ် အရွယ် ရှိနေပြီး ဘောလုံး လောက ကနေ အနားယူထားတဲ့ ဝိန်း ရွန်းနီက အသက်အရွယ် ငယ်ချိန်မှာ ထိပ်တန်း ဘောလုံးလောကမှာ ကစားရတဲ့ ဖိအားတွေနဲ့ ပတ်သက်ပြီးတော့လည်း အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။ “အဲ့ဒါက တကယ့်ကို မယုံနိုင်စရာပါပဲ။ တစ်မိနစ် ဆိုတဲ့ အချိန်တို အတွင်း ခင်ဗျားက လူငယ်အသင်းမှာ၊ နောက်တော့ ခင်ဗျားရဲ့ သူရဲကောင်း တချိုနဲ့ အတူ စီနီယာ အသင်းကြီးရဲ့ အဝတ်လဲခန်းထဲကို ရောက်နေတာက အရမ်းကို ထူးဆန်းပါတယ်။ အဲဒါကို ခပ်မြန်မြန် အသားကျအောင် လုပ်နိုင်ဖို့က အရေးကြီးပါတယ်။ မဟုတ်ရင်တော့ အရာရာက ဖိအားတွေ အောက်ကို ရောက်သွားပါလိမ့်မယ်။”
“ကျွန်တော် မြင်ရသလောက်တော့ မက်စ် ဒိုးမန်းက တည်ငြိမ်မှု အပြည့်ရှိပြီး ဆင်ခြင် ဆုံးဖြတ်နိုင်စွမ်း ရှိတဲ့ ကောင်လေး တစ်ယောက်လိုပါ။ သူ့အနေနဲ့ ဒီအခြေအနေတွေကို ကိုင်တွယ်နိုင်မှာပါ။ မကြာခင်မှာ သူ့ဆီ ရောက်လာမယ့် အရာတွေ ကိုလည်း သူနားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်။” လို့ ရွန်နီက ပြောကြားသွားခဲ့ပါတယ်။လက်ရှိမှာ အာဆင်နယ် ကတော့ သူတို့ရဲ့ အဓိက ညာတောင်ပံ ကစားသမား ဘူကာယို ဆာကာကို ကာလ အတန်ကြာ လက်လွှတ်ထားရဖို့ ရှိနေပါတယ်။ ဒါကြောင့် နည်းပြ မီခဲလ် အာတေးတား အနေနဲ့ ညာခြမ်းမှာ နိုနီ မာဒူခေးကို အဓိက သုံးပြီး မက်စ် ဒိုးမန်း ဟာလည်း ပွဲထွက် ကစားခွင့် မိနစ်တွေ တိုးပြီး ရရှိဖွယ် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.