ပရီးမီးယားလိဂ် ဂန္တဝင် တိုက်စစ်မှူးဟောင်း ဝိန်း ရွန်နီ ကတော့ လစ်ဗာပူးလ် အသင်းမှာ ဦးဆောင်မှု အရည်အသွေး ချိုတဲ့နေခြင်းက စိုးရိမ်စရာ ဖြစ်နေကြောင်း ဝေဖန် သုံးသပ်လာခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံ ဖြစ်နေပေမယ့် လတ်တလော မှာတော့ ၄ ပွဲဆက် အရှုံးကြောင့် အမှတ်ပေးဇယား အဆင့် ၇ နေရာကို ရောက်နေပါတယ်။
ကြိုးကြာနီတွေ အတွက် ဒီရှုံးပွဲ အရေအတွက်ဟာ ပြီးခဲ့တဲ့ တစ်ရာသီလုံးက ရှုံးပွဲ အရေအတွက်နဲ့လည်း တူညီခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းမှာ ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ဂါလာတာဆာရေး၊ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက် တို့ကို ဆက်တိုက် ရှုံးနိမ့်ခဲ့တာပါ။ ချန်ပီယံလိဂ်မှာ ဖရန့်ဖတ်ကို ၁-၅ နဲ့ ပြန်လည် အနိုင်ရခဲ့ပေမယ့် အခုတစ်ပတ် ပရီးမီးယားလိဂ် မှာတော့ ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့တာကြောင့် ဖိအားတွေ အောက်ကို ရောက်ရှိနေပြီလည်း ဖြစ်ပါတယ်။
သတင်းတွေအရ ဆိုရင်တော့ လစ်ဗာပူးလ်ရဲ့ တာဝန်ရှိသူတွေက နည်းပြ အာနေး ဆလော့တ်အား ရလဒ်ဆိုးတွေ အောက်ကနေ အသင်းကို အမြန်ဆုံး ပြန်လည် ဆွဲတင်ဖို့ ဖိအားတွေ ပေးနေပြီလို့ သိရပါတယ်။ တစ်ဖက် မှာလည်း “လစ်ဗာပူးလ်ဟာ ကလော့ပ်ရဲ့ အရှိန်ကုန်သွားပြီ” “တစ်ရာသီကောင်း နည်းပြ ဆလော့တ်” စသဖြင့် လစ်ဗာပူးလ်ရဲ့ ခပ်ကြမ်းကြမ်း ယိမ်းယိုင်မှု အတွက် ဝေဖန် သုံးသပ်မှု မျိုးစုံ ပြုလုပ်နေကြပါတယ်။ ဒီအချိန်မှာ ဝိန်း ရွန်နီ ကတော့ လစ်ဗာပူးလ် အနေနဲ့ ဦးဆောင်မှု အရည်အသွေး ချိုတဲ့နေတာကြောင့် ရုန်းကန်နေရတာ ဖြစ်ကြောင်း သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

ရွန်နီက “အသင်းရဲ့ မန်နေဂျာနဲ့ ဦးဆောင် ကစားသမားတွေက ရင်ဆိုင်နေရတဲ့ ပြဿနာကို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်အောင် ကြိုးစားရမယ့် အချိန်ပါ။ ဗန်ဒိုက်ခ်နဲ့ ဆာလာ တို့က စာချုပ်သစ်တွေ ချုပ်ဆိုခဲ့ကြပေမယ့် ဒီရာသီမှာ အသင်းကို အမှန်တကယ် ဦးဆောင်နိုင်တယ်လို ကျွန်တော် မထင်ပါဘူး။ ကိုယ်ဟန် အမူအရာ (Body Language) က စကား အများကြီး ပြောပါတယ်။ သူတို့ရဲ့ ကိုယ်ဟန် အမူအရာက အရင်နဲ့ ခြားနားမှုတွေ ရှိနေတယ်လို့ ထင်ပါတယ်။ သူတို့က အသင်းရဲ့ ထိပ်တန်း ကစားသမားတွေ ဖြစ်နေတာကြောင့် သူတို့ရဲ့ ကိုယ်ဟန် အမူအရာသာ မမှန်ကန်ခဲ့ရင် ကျန်တဲ့သူတွေ အပေါ် သက်ရောက်မှု ရှိပါလိမ့်မယ်။ ကျွန်တော့်အမြင် မှားနိုင်ပေမယ့် ကျွန်တော်သာ လစ်ဗာပူးလ် ပရိသတ် ဒါမှမဟုတ် မန်နေဂျာ တစ်ယောက် ဆိုရင် ဒါက ကျွန်တော့် အတွက် စိုးရိမ်ပူပန်စရာပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။
လက်ရှိ အခြေအနေက လစ်ဗာပူးလ် အတွက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း အဆိုးရွားဆုံး ပြည်တွင်း ရှုံးပွဲဆက်မှု ဖြစ်နေခဲ့ပါတယ်။ အသင်းရဲ့ အဆင့်မြင့်တန်း ပြိုင်ပွဲ သမိုင်းတစ်လျှောက် မှာလည်း ယခင်က ရှုံးပွဲဆက်မှု အများဆုံး ၄ ပွဲနဲ့ မှတ်တမ်း တူညီသွားခဲ့ပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ်က အသင်းရဲ့ ပြိုင်ပွဲ သမိုင်းတလျှောက်မှာ ပထမဦးဆုံး အကြိမ် အဖြစ်လည်း လန်ဒန် အခြေစိုက် ကလပ်တွေကို ၅ ပွဲဆက် ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ခဲ့ပါတယ်။ အဆိုးရွားဆုံး ကတော့ လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ်နဲ့ ၇ မှတ် အထိ ကွာဟသွားခဲ့တာ ဖြစ်ပြီး ရာသီအစက ရုန်းကန်ခဲ့ရပါတယ် ဆိုတဲ့ ယူနိုက်တက်ရဲ့ ကျော်တက်ခြင်းကိုပါ ခံခဲ့ရပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


