နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဝက်စ်ဟမ်းကို ရှုံးကြွေးဆပ်ရမယ့် ယူနိုက်တက် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာယူနိုက်တက် – ဝက်စ်ဟမ်း

ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ ရဲ့ နောက်ကျ ပွဲစဉ် အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ ဝက်စ်ဟမ်းတို့ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားကြဖို့ ရှိနေပါတယ်။ ဟမ်းမားတွေနဲ့ တွေ့ဆုံခဲ့တဲ့ နောက်ပိုင်း ပွဲစဉ်တွေမှာ အသာရလေ့ရှိတဲ့ ယူနိုက်တက်တို့ ဒီတစ်ကြိမ်မှာရော ရလဒ်ကောင်း တစ်ခု ပိုင်ဆိုင်သွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ယူနိုက်တက်က အဲဗာတန်နဲ့ ပွဲမှာ ကြီးကြီးမားမား ခြေချော်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ပွဲမှာတော့ ပဲလေ့စ်ကို ဆဲလ်ဟတ်စ်ပါ့ခ်မှာ ပြန်လည် အနိုင်ရခဲ့ပါတယ်။ ရူဘင် အမော်ရင်ရဲ့ အသင်းက ပဲလေ့စ်နဲ့ ပွဲမှာ ခြေစွမ်းပိုင်း အကောင်းကြီး မဟုတ်ပေမယ့် နိုင်ပွဲ ဘယ်လိုရအောင် ယူရမလဲ ဆိုတာ ကောင်းကောင်း သိခဲ့ပုံပါပဲ။ ဘရူနိုနဲ့ ကက်စီ တို့ရဲ့ ကွင်းလယ်က အတွဲအဖက်ညီနေသလို မောင့်၊ အမ်ဘူမို၊ ဇစ်ခ်ဇီး တို့ရဲ့ တိုက်စစ် ကလည်း ကစားပုံ ပြန်ကောင်းနေပါတယ်။  ရာသီအစ ပြိုင်ပွဲစုံ ၇ ပွဲမှာ ၄ ပွဲ ရှုံးနိမ့်ခဲ့တဲ့ ရူဘင် အမော်ရင်ရဲ့ အသင်းက နောက်ဆုံး ၇ ပွဲမှာတော့ ၁ ပွဲသာ ရှုံးနိမ့်ထားပါတယ်။ ယူနိုက်တက် အနေနဲ့ ဒီပွဲမှာ ရှုံးနိမ့်ခဲ့ရင်တော့ အမော်ရင် လက်ထက် အိုးထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ အတွင်း ၁၀ ပွဲ အထိ ရှုံးနိမ့်မှု ဖြစ်လာမှာ ဖြစ်ပြီး တခြားသော နည်းပြတွေထက်လည်း အိမ်ကွင်းမှာ ၁၀ ပွဲ အမြန်ဆုံး ရှုံးနိမ့်တဲ့ စံချိန်ဆိုးကို ရရှိသွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆောင်းရာသီတုန်း ကလည်း ယူနိုက်တက်ဟာ ရုန်းကန်ခဲ့ရပါသေးတယ်။ သရဲနီတွေဟာ မနှစ်က ဒီဇင်ဘာလမှာ ပရီးမီးယားလိဂ် ၃ ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီး အဲဒီအချိန်အတော အတွင်းမှာ သွင်းလည်း မရခဲ့ပါဘူး။

ဝက်စ်ဟမ်း ကတော့ နူနို အက်စ်ပီရီတို ဆန်တို လက်ထက်မှာ ခြေစွမ်းပိုင်း ပြန်လည် တိုးတက်လာပေမယ့်လည်း ပွဲစဉ် ၁၃ မှာတော့ လစ်ဗာပူးလ်ကို ၀-၂ နဲ့ အိမ်ကွင်းမှာ ရှုံးခဲ့ပါတယ်။ ဝက်စ်ဟမ်းက လက်ရှိ ပရီးမီးယားလိဂ် အဆင့် ၁၇ နေရာမှာ ရှိနေပြီး တန်းဆင်းဇုန် အန္တရာယ် ရှိနေပါတယ်။ နူနို ဆန်တို အနေနဲ့ ဝက်စ်ဟမ်း နည်းပြ မန်နေဂျာ အဖြစ် သူ့ရဲ့ ပဉ္စမအကြိမ်မြောက် ပရီးမီးယားလိဂ် အဝေးကွင်း နိုင်ပွဲကို ရယူဖို့ ကြိုးပမ်းရမှာလည်း ဖြစ်ပါတယ်။ ဝက်စ်ဟမ်း နည်းပြ တစ်ဦး အနေနဲ့ သူတို့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ် ၅ ပွဲမှာ နိုင်ပွဲ မရခဲ့တာက ၁၅ နှစ် ရှိပြီ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်တွင် အေဗရာဟမ် ဂရန့်တ် လက်ထက်မှာ နောက်ဆုံး ဖြစ်ပြီး ဒီလို စံချိန်ဆိုးတွေကို နူနို ဆန်တို တစ်ယောက် ချေဖျက်ပြနိုင်မလား ဆိုတာ ကလည်း စိတ်ဝင်စားစရာပါ။

 

နှစ်ဖက်အသင်း သတင်းများ

ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ် မှာတော့ ဝက်စ်ဟမ်းက ၃ ကြိမ်နိုင်ပြီး ယူနိုက်တက်က ၂ ကြိမ် နိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရှိနေတဲ့ ယူနိုက်တက်

ဒီပွဲကိုတော့ ယူနိုက်တက် ဘက်က ဟယ်ရီ မက်ဂွိုင်းယားနဲ့ ဆက်စ်ကို တို့ လွဲချော်မှာ ဖြစ်ပြီး ဝက်စ်ဟမ်း ဘက်မှာတော့ ပက်ကေးတား (ပွဲပယ်)၊ အိုလီဗာ စကားလက်စ်၊ ဆမ်းမားဗီးလ် တို့ ကိုယ်စီ လွဲချော်ကြမှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

မန်ချက်စတာယူနိုက်တက် – လမ်မန်စ်၊ မက်ဇရာရီ၊ ဒီလစ်ဂျ်၊ ရှော၊ အာမက်ဒ်၊ ကက်စ်မဲရိုး၊ ဖာနန်ဒက်စ်၊ ဒါးလော့တ်၊ အမ်ဘူမို၊ မောင့်၊ ဇစ်ခ်ဇီး

ဝက်စ်ဟမ်း – အာရီယိုလာ၊ တော်ဒီဘို၊ ကေးလ်မန်း၊ ဒီယော့ဖ်၊ ပေါ့တ်၊ ဆိုချက်ခ်၊ ဘိုဝင်၊ ဖာနန်ဒက်စ်၊ ဂူလ်ဟာမီ၊ ဝီလ်ဆင်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ပြိုင်ပွဲစုံ နောက်ဆုံး ၃၈ ကြိမ် တွေ့ဆုံမှုမှာ ယူနိုက်တက်က ၂၁ ပွဲနိုင်၊ ဝက်စ်ဟမ်းက ၉ ပွဲနိုင်ပြီး ၈ ပွဲ သရေကျခဲ့ပါတယ်။ ယူနိုက်တက်နဲ့ ဝက်စ်ဟမ်းက နောက်ဆုံး တွေ့ဆုံမှု ၁၄ ကြိမ်စလုံး သရေပွဲ မရှိခဲ့ပါဘူး။ ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ် မှာတော့ ဝက်စ်ဟမ်းက ၃ ကြိမ်နိုင်ပြီး ယူနိုက်တက်က ၂ ကြိမ် နိုင်ခဲ့ပါတယ်။ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာ ယူနိုက်တက်က ၄ ကြိမ်နိုင်ပြီး ဝက်စ်ဟမ်းက ၁ ကြိမ် ပြန်လည် အနိုင်ရခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ယူနိုက်တက် နိုင်ရင် ၁.၄၂ ဆ၊ ဝက်စ်ဟမ်း နိုင်ရင် ၅.၈၀ ဆ၊ သရေ ဆိုရင်တော့ ၄.၄၃ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ယူနိုက်တက် ဘက်က တစ်လုံး သရေ၊ တစ်လုံး တစ်ဝက် ရှုံး၊ တစ်လုံး အရှုံး ကြေးတွေပေါက်နေပါတယ်။ ဝက်စ်ဟမ်းက နောက်ပိုင်း ကစားခဲ့တဲ့ အိမ်ကွင်း ပွဲစဉ်တွေမှာ ရလဒ်တွေ မဆိုးပေမယ့် အဝေးကွင်း မှာတော့ အားရစရာ မရှိပါဘူး။ ဆန်တိုရဲ့ အသင်းက ခြေစွမ်း ပြန်လည် တိုးတက်လာတဲ့ ယူနိုက်တက်ရဲ့ နောက်ဆုံး သားကောင် ဖြစ်လာနိုင်ပါတယ်။ ဒီပွဲမှာ ကူညာ ပြန်လာနိုင်ဖို့ မျှော်လင့်ရပြီး ဖာနန်ဒက်စ်ရဲ့ ဖန်တီးနိုင်မှု စွမ်းရည် အပြင် ဇစ်ဇ်ဇီးနဲ့ မောင့် တို့ကလည်း သွင်းဂိုးတွေ ပြန်ရနေတာကြောင့် ယူနိုက်တက် အတွက် နောက်ထပ် နိုင်ပွဲ တစ်ခု ဖြစ်လာမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 

ခန့်မှန်းရလဒ်

မန်ချက်စတာယူနိုက်တက် ၂-၁ ဝက်စ်ဟမ်း

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်