နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အီဟန် ဆန်းချက်ကို စိတ်ဝင်စားနေတဲ့ ယူနိုက်တက်၊ လစ်ဗာပူးလ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတဲ့ ဆီမီညို | ပရီးမီးယားလိဂ်

အခုတစ်ခါမှာတော့ အောက်တိုဘာလ ၂၄ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် ကတော့ အနာဂတ်မှာ ဘရူနို ဖာနန်ဒက်စ် မပါတဲ့ ကွင်းလယ်ပိုင်းကို တည်ဆောက်ဖို့ အတွက် ဘီလ်ဘာအို ကွင်းလယ်လူ အီဟန် ဆန်းချက်ကို စိတ်ဝင်စားနေပါတယ်။ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်နေတဲ့ ဒီကစားသမား အတွက် ယူရို သန်း ၇၀ (ပေါင် ၆၀.၈ သန်း၊ ဒေါ်လာ ၈၁.၂ သန်း) ကုန်ကျဖွယ် ရှိနေပါတယ်။

တဆက်တည်းမှာပဲ ယူနိုက်တက်ဟာ ချဲလ်ဆီး ကွင်းလယ်လူ အန်ဒရီ ဆန်းတို့စ်ကို တခြားသော ရွေးချယ်စရာ တစ်ခု ဒါမှမဟုတ် ပိုပြီး ကြီးမားတဲ့ ရည်မှန်းချက် တစ်ခု အဖြစ် သတ်မှတ်ထားပါတယ်။ ချဲလ်ဆီး ကတော့ ဘရာဇီးလ် ကွင်းလယ်လူကို သူတို့ရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေထဲက တစ်သင်းသင်းဆီ ပြောင်းရွှေ့ခွင့်ပြုဖို့ တွန့်ဆုတ်နေတယ်လို့တော့ သိရပါတယ်။ ဒီကစားသမား ကိုတော့ ဘေယန်မြူးနစ်နဲ့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ် ကက်ဒ်ဆီယာ တို့ကလည်း စိတ်ဝင်စားကြကြောင်း talkSPORT က ဖော်ပြပါတယ်။

ဂျော်ရွှာ ဇစ်ခ်ဇီး ကတော့ နယ်သာလန်နဲ့ အတူ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါဝင် ကစားခွင့် ရနိုင်ဖို့ အတွက် စိုးရိမ် ပူပန်နေတာကြောင့် ဒီနွေရာသီတွင် ယူနိုက်တက် ကနေ ထွက်ခွာဖို့ တောင်းဆိုဖွယ် ရှိနေကြောင်း Daily Star က ဖော်ပြပါတယ်။

အန်တိုနီယို ဆီမီညို ကိုတော့ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး အပါအဝင် ပရီးမီးယားလိဂ် ကလပ် ထက်ဝက်ခန့် အတွက် ပစ်မှတ် တစ်ခု ဖြစ်နေပါတယ်။ ဘုန်းမောက် တိုက်စစ် ကစားသမား ကတော့ လက်ရှိမှာ လစ်ဗာပူးလ်ကို ပြောင်းရွှေ့ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း indykalia က ဖော်ပြပါတယ်။

အန်တိုနီယို ဆီမီညို ကိုတော့ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး အပါအဝင် ပရီးမီးယားလိဂ် ကလပ် ထက်ဝက်ခန့် အတွက် ပစ်မှတ် တစ်ခု ဖြစ်နေပါတယ်။
ဆီမီညိုကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောင်းထုတ်ချင်နေတဲ့ ဘုန်းမောက်

ဘုန်းမောက် ကတော့ အာဆင်နယ် ပရိသတ် တစ်ဦး အဖြစ် ကြီးပြင်းလာတဲ့ ဆီမီညို အတွက် ပေါင် ၇၅ သန်း (ဒေါ်လာ ၁၀၀.၁ သန်း) ထက် ပိုပြီး တောင်းဆိုဖွယ် ရှိနေကြောင်း Daily Mail က ဖော်ပြပါတယ်။

ပေါ်တိုရဲ့ ယူရို သန်း ၁၀၀ တန် တိုက်စစ်မှူး ဆာမူ အက်ဂ်ဟီဟိုဝါကို ခေါ်ယူဖို့ အတွက် ချဲလ်ဆီးရဲ့ ကြိုးပမ်းမှုဟာ အက်စတွန်ဗီလာရဲ့ ဝင်ရောက် ချဉ်းကပ်မှုကြောင့် ရှုပ်ထွေးသွားခဲ့ကြောင်း ပေါ်တူဂီ သတင်းစာ A BOLA က ဖော်ပြပါတယ်။

မန်ချက်စတာစီးတီးရဲ့ ကွင်းလယ် ကစားသမား မက်တေးယို ကိုဗာချစ်က ပရီးမီးယားလိဂ်ရဲ့ ကလပ်တွေ ဖြစ်တဲ့ အက်စတွန်ဗီလာနဲ့ ဝက်စ်ဟမ်းယူနိုက်တက် တို့ရဲ့ စိတ်ဝင်စားခြင်း ခံနေရပါတယ်။ တစ်ချိန်က အင်တာမီလန်မှာ ကစားခဲ့ဖူးတဲ့ ကိုဗာချစ်ဟာ စီးရီးအေကို ပြန်လာကာ အေစီမီလန်မှာ ကစားဖွယ် ရှိနေကြောင်း သိရပါတယ်။

အာဆင်နယ်ဟာ အသက် ၁၅ နှစ်သာ ရှိသေးတဲ့ အင်္ဂလန် ကွင်းလယ် တိုက်စစ်ကစားသမား မက်စ် ဒေါင်းမန်းကို စကောလားရှစ် စာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ မက်စ် ဒေါင်းမန်းဟာ လွန်ခဲ့တဲ့ ၁၀ နှစ် ကတည်းက အာဆင်နယ် အကယ်ဒမီကို ရောက်ရှိခဲ့သူ ဖြစ်ပြီး ဒီနှစ် နွေရာသီမှ အသင်းကြီး အတွက် စတင်ကစားခွင့်ရခဲ့တာပါ။ ဒီရာသီမှာ အာဆင်နယ် အတွက် ၃ ပွဲ ပါဝင်ကစားခွင့် ရရှိထားပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ မက်စ်ဒေါင်းမန်းကို ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနဲ့ ချဲလ်ဆီး တို့က ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အာဆင်နယ် မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အာဆင်နယ်က မက်စ်ဒေါင်းမန်းကို အသက် ၁၇ နှစ်ပြည့်မယ့် ၂၀၂၆ ဒီဇင်ဘာ ၃၁ မှာ ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ဆောင်းရာသီမှာ အသုံးပြုဖို့ ထုတ်လုပ်ထားတဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ဘောလုံးအသစ်ကို တော့တင်ဟမ်ဟော့စပါး – မန်ချက်စတာယူနိုက်တက် ပွဲမှာ စတင် အသုံးပြုသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ အခုတစ်ပတ် ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၉ နဲ့ လာမယ့် တစ်ပတ် ယှဉ်ပြိုင်မယ့် ပွဲစဉ် ၁၀ မှာတော့ အရင်ဘောလုံး ကိုပဲ ဆက်လက် အသုံးပြုသွားမှာ ဖြစ်ပြီး နိုဝင်ဘာ ၈ ရက်မှာ ယှဉ်ပြိုင်ရမယ့် ပွဲစဉ် ၁၁ ရဲ့ ပထမဦးဆုံးပွဲ ဖြစ်တဲ့ စပါး – ယူနိုက်တက် ပွဲမှ ဆောင်းရာသီ ဘောလုံး အသစ်ကို စတင် အသုံးပြုသွားဖို့ စီစဉ်ထားတာပါ။ ဒီရာသီမှာ ပရီးမီးယားလိဂ်က အသုံးပြုနေတဲ့ ဘောလုံးတွေကို ပူးမား ကုမ္ပဏီက ထုတ်လုပ်ပေးတာ ဖြစ်ပြီး ဆောင်းရာသီမှာ အသုံးပြုမယ့် အဝါရောင် ဘောလုံးကို Under the Lights လို့ အမည်ပေးထားကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်