အခုတစ်ခါမှာတော့ အောက်တိုဘာလ ၂၁ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် မန်ချက်စတာယူနိုက်တက် ကတော့ အဲလ်အာလီ တိုက်စစ်မှူး အိုင်ဗန် တိုနေးကို သဘောကျနေပါတယ်။ ယူနိုက်တက်ဟာ လာမယ့် ဇန်န၀ါရီ အပြောင်းအရွှေ့ကာလမှာ တိုနေးကို ပရီးမီးယားလိဂ်ကို ပြန်လည် ခေါ်ဆောင်ဖို့ ကြိုးပမ်းဖွယ် ရှိနေကြောင်း Football Insider က ဖော်ပြပါတယ်။
ဆက်စပ် သတင်းတွေအရ ဆိုရင်တော့ တိုနေးကို မန်ချက်စတာယူနိုက်တက်၊ တော့တင်ဟမ်ဟော့စပါးနဲ့ ဝက်စ်ဟမ်းယူနိုက်တက်တို့က စိတ်ဝင်စားနေပေမယ့်လည်း ကစားသမား ကတော့ ဆော်ဒီအာရေဗျမှာ ပျော်ရွှင်နေပြီး ဒီဆောင်းရာသီမှာ ပရီးမီးယားလိဂ်ကို ပြန်လာဖို့ မမျှော်လင့်ထားကြောင်း သတင်းတွေက ဖော်ပြပါတယ်။
ဒေါ့မန်ရဲ့ ကွင်းလယ် ကစားသမား ဂျုပ်ဘ် ဘယ်လင်ဟမ် ကတော့ မန်ချက်စတာယူနိုက်တက်ရဲ့ ကွင်းလယ်လူ ပစ်မှတ် စာရင်းမှာ ပါဝင်နေကြောင်း သိရပါတယ်။ ယူနိုက်တက်ရဲ့ ပစ်မှတ် စာရင်းမှာတော့ ဂျုပ်ဘ် အပြင် ခရစ္စတယ်ပဲလေ့စ်က အဒမ် ဝှာတန်နဲ့ နော့တင်ဟမ်ဖောရက်စ်က အဲလီယော့တ် အန်ဒါဆန်လည်း ပါဝင်နေပါတယ်။
လစ်ဗာပူးလ် ကွင်းလယ်လူ အလက်ဆစ် မက် အယ်လစ္စတာက အနာဂတ်မှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ကြိုးစားနေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ် ကတော့ ယူရို သန်း ၁၅၀ (ပေါင် ၁၃၀.၄ သန်း) ရရှိမှ ရောင်းထုတ်သွားဖွယ် ရှိနေကြာင်း Real Madrid Exclusivo က ဖော်ပြပါတယ်။

ချဲလ်ဆီး ကတော့ အက်စတွန်ဗီလာ ကွင်းလယ်လူ မော်ဂန် ရော်ဂျာစ်ကို ခေါ်ယူဖို့ အတွက် အခြေအနေကောင်းနေကြောင်း သိရပါတယ်။ အင်္ဂလန်သား ကိုတော့ လစ်ဗာပူးလ်နဲ့ ပဲရစ်စိန့်ဂျာမိန်း တို့က အဓိက စိတ်ဝင်စားနေကြောင်း CaughtOffsideက ဖော်ပြပါတယ်။
ချဲလ်ဆီး ကင်းထောက်တွေ ကတော့ ယိုအာကွင်း ပန်နီချယ်လီနဲ့ ဂူအီလာ ဒူရေး တို့ကို စောင့်ကြည့်လျက် ရှိကြောင်း သိရပါတယ်။ လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ်ဟာ ဒီကစားသမား နှစ်ဦးကို ခေါ်ယူချင်နေကြောင်းလည်း သိရပါတယ်။
အာဆင်နယ်ဟာ အသက် ၁၉ နှစ် အရွယ် ပေါ်တို ကွင်းလယ်လူ ဗစ်တာ ဖရိုဟိုးလ်ကို ခေါ်ယူဖို့ အတွက် မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး တို့နဲ့ အပြိုင် ကြိုးပမ်းဖို့ ရှိနေကြောင်း Fichajes က ဖော်ပြပါတယ်။
မန်ချက်စတာစီးတီး ကတော့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အာဒါ ဂူလာကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပေမယ့် စပိန် ကလပ် ဘက်ကတော့ နည်းပါးတဲ့ တန်ကြေး ရောင်းချသွားမှာ မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။
ဆန်ဒရို တိုနာလီ ကတော့ ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားခြင်း ခံနေရပေမယ့်လည်း နယူးကာဆယ် မှာသာ ပျော်ရွှင်နေကြောင်း သိရပါတယ်။ ဒါ့အပြင် အီတလီ ကွင်းလယ်လူက ငှက်ကြားတွေနဲ့ စာချုပ်သစ်လည်း ချုပ်ဆိုသွားဖို့ ရှိနေကြောင်း Football Insider က ဖော်ပြပါတယ်။
လစ်ဗာပူးလ် ကွင်းလယ်လူ ရိုင်ယန် ဂရာဗန်ဘာ့ခ်ျကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေပါတယ်။ ဒီကစားသမားကို ခေါ်ယူဖို့ အတွက် ရီးရဲလ်မက်ဒရစ်က အက်ဒူယာဒို ကာမာဗင်ဂါကို အလဲအလှယ် အဖြစ် အသုံးချသွားဖို့ စီစဉ်နေကြောင်း E-Notícies က ဖော်ပြပါတယ်။
ဘာစီလိုနာ ကတော့ တခြားသော ပရီးမီးယားလိဂ် ကလပ် များစွာရဲ့ ပစ်မှတ် စာရင်းမှာ ပါဝင်နေတဲ့ အသက် ၂၂ နှစ် အရွယ် လီဗန်တေး တိုက်စစ်မှူး ကားလ် အတ်တာ အီယောင်ကို ခေါ်ယူချင်နေပါတယ်။ ဘာစီလိုနာ အနေနဲ့ ဒီကစားသမား အတွက် မန်စီးတီးနဲ့ အဓိက ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
ဘေယန်မြူးနစ် ကတော့ အက်တလက်တီကိုမက်ဒရစ် ကွင်းလယ် ကစားသမား ပါဘလို ဘာရီယို့စ်ကို လီယွန် ဂိုရက်ဇ်ကာရဲ့ နေရာမှာ အစားထိုးဖို့ အလားအလာ ရှိနေကြောင်း သိရပါတယ်။ ဒါပေမယ့် ဒီကစားသမားကို ခေါ်ယူဖို့ အတွက် အနည်းဆုံး ယူရို သန်း ၇၀ အထိ ပေးချေရဖို့ ရှိနေပါတယ်။
ဘာစီလိုနာ ကတော့ လာမင်း ယာမယ်ရဲ့ ပျော်ရွှင်မှုနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ စပိန် တောင်ပံ ကစားသမားလေး ကတော့ ပီအက်စ်ဂျီနဲ့ သတင်းတွေ ထွက်ပေါ်နေပြီးတော့ အကယ်၍သာ အပြောင်းအရွှေ့ ဖြစ်လာခဲ့ရင်တော့ ဘာစီလိုနာ ဥက္ကဋ္ဌ ယိုအန် လာပေါ်တာက ရီးရဲလ်မက်ဒရစ်ရဲ့ ရိုဒရီဂိုနဲ့ အစားထိုးဖွယ် ရှိနေပါတယ်။
ဘာစီလိုနာ ကတော့ ပေါ်တူဂီ လက်ရွေးစင် ကစားသမား ဂွန်ကာလို အင်နာစီယိုကို ခေါ်ယူဖို့ အရှိန်မြှင့်လုပ်ဆောင်နေကြောင်း သိရပါတယ်။ အင်နာစီယို ကိုတော့ စပို့တင်းလစ္စဘွန်းက စာချုပ်သစ် ချုပ်ဆိုဖို့ လုပ်ဆောင်နေကြောင်း A BOLA က ဖော်ပြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.