အခုတစ်ခါမှာတော့ အောက်တိုဘာလ ၂၃ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်နဲ့ ချဲလ်ဆီး တို့ကတော့ ကိုမို ကွင်းလယ်လူ နီကို ပက်ဇ်ကို ခေါ်ယူချင်နေပါတယ်။ ဒီကစားသမားကို ရီးရဲလ်မက်ဒရစ် ကလည်း ပြန်လည် ခေါ်ယူချင်နေကြောင်း Mundo Deportivo က ဖော်ပြထားပါတယ်။
မန်ချက်စတာယူနိုက်တက်၊ နယူးကာဆယ်ယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ကတော့ ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှုး ဂျင်းန် ဖိလစ် မက်တေးတားကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ကစားသမား ကိုယ်တိုင် ကလည်း သူ့ရဲ့ ကစားသမား ဘဝကို နောက်တစ်ဆင့် တက်လှမ်းချင်နေတာကြောင့် စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆိုထားကြောင်း သိရပါတယ်။ လက်ရှိမှာ မက်တေးတားရဲ့ စာချုပ်သက်တမ်း နောက်ဆုံး ၁၈ လ ထဲကို ဝင်ရောက်လာချိန် မှာတော့ ပြင်သစ် လက်ရွေးစင်ကို ပေါင် သန်း ၄၀ နဲ့ ခေါ်ယူခွင့်ရှိနိုင်မှာလည်း ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်မှာ ကွင်းလယ် ကစားသမား တစ်ဦး ခေါ်ယူဖို့ အတွက် ကတော့ ယူနိုက်တက်အတွက် ထိပ်တန်း ဦးစားပေး ဖြစ်ပြီး ရိုးမားက မန်နူ ကိုနေးက ခိုင်မာတဲ့ ပစ်မှတ် အဖြစ် ပေါ်ထွက်လျက် ရှိကြောင်း United in Focus က ဖော်ပြပါတယ်။
မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် ကတော့ လာမယ့် ဇန်နဝါရီမှာ စပို့တင်းလစ္စဘွန်း ဗဟိုခံစစ် ကစားသမား အူစမန်နီ ဒီအိုမန်ဒီနဲ့ ပြန်လည် ဆုံတွေ့လိုနေကြောင်း Fichajes က ဖော်ပြပါတယ်။
လစ်ဗာပူးလ် ကတော့ တောင်ပံ တိုက်စစ် ကစားသမား မိုဟာမက် ဆာလာကို လာမယ့် ဇန်နဝါရီ ဒါမှမဟုတ် နွေရာသီမှာ လမ်းခွဲဖို့ အစီအစဉ် မရှိပါဘူး။ ဒါပေမယ့် အီဂျစ် လက်ရွေးစင် ကစားသမားဟာ သူ့ရဲ့ အန်ဖီးလ်နဲ့ အနာဂတ် အတွက် မကြာခင်မှာ ဆုံးဖြတ်ချက်ချဖွယ် ရှိနေပါတယ်။

ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါး တို့ကတော့ ဂျူဗင်တပ်စ် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်နဲ့ ပေါ်တိုက ဆာမူ အက်ဂ်ဟီဟိုဝါကို ခေါ်ယူချင်နေပါတယ်။ ဒီကစားသမား နှစ်ဦး ကတော့ လန်ဒန် မြို့ခံ ပြိုင်ဘက် နှစ်သင်း အကြား ပြင်းထန်တဲ့ အပြောင်းအရွှေ့ တိုက်ပွဲ တစ်ခုလည်း ဖြစ်လာနိုင်တယ်လို့ TEAMtalk က ဖော်ပြထားပါတယ်။
ဂျုပ်ဘ် ဘယ်လင်ဟမ် ကတော့ ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ အတွက် ဒေါ့မန် ကနေ ထွက်ခွာဖွယ် ရှိနေပါတယ်။ ဆန်းဒါးလန်း ကွင်းလယ် ကစားသမားဟောင်း ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်၊ တော့တင်ဟမ်ဟော့စပါးနဲ့ ခရစ္စတယ်ပဲလေ့စ် တို့ရဲ့ ကာလရှည်ကြာ ပစ်မှတ်လည်း ဖြစ်ပါတယ်။
အက်စတွန်ဗီလာ ကတော့ ချဲလ်ဆီး၊ တော့တင်ဟမ်ဟော့စပါးနဲ့ တခြားသော ကလပ် အသင်း များစွာရဲ့ စိတ်ဝင်စားမှုကို ကာကွယ်ဖို့ အတွက် ကွင်းလယ် ကစားသမား မော်ဂန် ရော်ဂျာစ်ကို စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးပမ်းနေကြောင်း ဖာဘရီဇီယို ရိုမာနိုက ဖော်ပြပါတယ်။
ဆန်ဒရို တိုနာလီ ကတော့ ဘောလုံး ကစားခွင့် ပိတ်ပင်ခံထားရတဲ့ အချိန် အတွင်း နယူးကာဆယ်နဲ့ စာချုပ်သစ် လျှို့ဝှက် ချုပ်ဆိုခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ငှက်ကြားတွေဟာ တိုနာလီကို နောက်ထပ် ၁၂ လ သက်တမ်းတိုးထားကြောင်း The Athletic က ဖော်ပြပါတယ်။
ဝက်စ်ဟမ်းယူနိုက်တက် နည်းပြ နူနို အက်စပီရီတို ဆန်တို ကတော့ ကွင်းလယ် ကစားသမားသစ် တစ်ဦးကို အလိုရှိနေပြီး ယူနိုက်တက်က ကိုဘီ မိန်းနူး၊ ချဲလ်ဆီးက အန်ဒရေ ဆန်းတို့စ်နဲ့ ဂျီနိုအာက မော်တန် ဖရန်းဒရက်ပ် တို့ကို အလားအလာ ရှိတဲ့ ပစ်မှတ်တွေ အဖြစ် သတ်မှတ်ခဲ့ကြောင်း GIVEMESPORT က ဖော်ပြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


