နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စပါးက ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်း ဖြစ်မနေသေးကြောင်း ဝန်ခံခဲ့တဲ့ သောမက်စ် ဖရန့်ခ်

တော့တင်ဟမ်ဟော့စပါး ကတော့ အခုတစ်ပတ် ပရီးမီးယားလိဂ်မှာ အဲဗာတန်ကို အဝေးကွင်းမှာ ၀-၃ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီရလဒ်ကြောင့် စပါးက ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာ အထိ ရောက်ရှိလာခဲ့ပြီး နည်းပြ ဖြစ်သူ သောမက်စ် ဖရန့်ခ် ကတော့ အသင်းရဲ့ လက်ရှိ စွမ်းဆောင်ရည် အပေါ် စိတ်လှုပ်ရှားမိတယ်လို့ ပြောကြားလိုက်ပါတယ်။ 

ဒါပေမယ့်လည်း သောမက်စ် ဖရန့်ခ်က သူ့ အသင်းဟာ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်း မဖြစ်နေသေးကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ စပါးဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၉ အပြီးမှာ ၅ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၂ ပွဲ ရှုံးပြီး ရမှတ် ၁၇ မှတ် ရရှိကာ အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ်နဲ့ ၅ မှတ်သာ ကွာဟနေပါတယ်။

စပါးဟာ ဒီရာသီမှာ ဘုန်းမောက်နဲ့ အက်စတွန်ဗီလာ တို့ကို ရှုံးနိမ့်ကာ ဝုဗ်နဲ့ ဘရိုက်တန်ကို သရေသာ ကစားနိုင်ခဲ့ပေမယ့် ကျန်ပွဲတွေ မှာတော့ နိုင်ပွဲရအောင် စွမ်းဆောင်ထားနိုင်ပါတယ်။ သူတို့ အနိုင်ယူခဲ့တဲ့ အသင်းတွေထဲမှာ ဆိုရင် မန်စီးတီးလို အသင်းတောင် ပါဝင်နေပေမယ့် ခြေစွမ်းအရတော့ အားနည်ချက်တွေ များစွာ ရှိနေသေးတာ တွေ့ရပါတယ်။ ဒိန်းမတ် လူမျိုး နည်းပြ သောမတ်စ် ဖရန့်ခ်ဟာ ပြီးခဲ့တဲ့ ရာသီက ဘရန့်ဖို့ဒ်ကို ကိုင်တွယ်ခဲ့ပြီး ဒီနွေရာသီမှ တော့တင်ဟမ်ဟော့စပါးကို ပြောင်းလဲ ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ရာသီက အန်ဂျီ ပိုစတီကိုဂလူး လက်ထက်မှာ အဆင့် ၁၇ သာ ရရှိခဲ့တဲ့ စပါးက သောမတ်စ် ဖရန့်ခ် လက်ထက် မှာတော့ တိုးတက် ပြောင်းလဲမှုတွေ ရှိနေကြောင်း သုံးသပ်မှုတွေ ရှိနေတဲ့ အပြင် လက်ရှိ အချိန်မှာလည်း အမှတ်ပေးဇယား အဆင့် ၃ နေရာကို ရောက်ရှိနေတာကြောင့် ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်း ဖြစ်နေပြီလားလို့ မေးမြန်းမှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သတ်လို့ သောမတ်စ် ဖရန့်ခ်က “မဖြစ်ပါဘူး။ ကျွန်တော် တို့ထက် ဖြစ်နိုင်ခြေ ရှိတဲ့ အသင်း အနည်းငယ် ရှိနေတယ်လို့ ထင်ပါတယ်။ ဒါကြောင့် ချန်ပီယံဆု အကြောင်းပြောရင် သင့်လျော်မယ်လို့ မထင်ပါဘူး။ ကျွန်တော့် အနေနဲ့ တစ်ပွဲချင်း အတွက်ပဲ အာရုံစိုက်ထားပြီး ဧပြီမှာ ကျွန်တော်တို ဘယ်နေရာ ရောက်နေမလဲ ဆိုတာ ကြည့်ရပါမယ်။” လို့ ပြောကြားခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါး ကတော့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲမှာ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ် တို့နဲ့ ပွဲကြပ်တွေ ဆက်တိုက် ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ်နဲ့ ၅ မှတ်သာ ကွာဟတဲ့ စပါး

“ကျွန်တော်တို့ တစ်ခုခုကို တည်ဆောက်နေတဲ့ အစပဲ ရှိသေးတယ်။ ကျွန်တော် အရာအားလုံးကို အရမ်းပဲ ကျေနပ်ပါတယ်…။ ခံစစ်ပိုင်း၊ စိတ်ဓာတ်ပိုင်း၊ ပွဲချိန် အပိုင်းအခြားတွေပေါ့။ ဒါပေမယ့် ကျွန်တော်တို့ လုပ်ဆောင်ရမယ့် အပိုင်းတွေ ရှိနေသေးတယ်လို့ ထင်ပါတယ်။ အထူးသဖြင့် တိုက်စစ်ပိုင်းမှာ ပိုပြီး လွတ်လပ်စွာ လှုပ်ရှားနိုင်ဖို့ပါ။ ရှေ့မှာ ရာသီထက် ရှည်လျားပါတယ်။ ချန်ပီယံလိဂ်မှာ အဝေးကွင်း နှစ်ပွဲ ကစားပြီးနောက် အဝေးကွင်း သွားကစားရတာကို အရမ်းပဲ ကျေနပ်ပါတယ်။ အဲဒါက အဓိက အစိတ်အပိုင်းတစ်ခုပါ။”

“ဒါပေမယ့် နေ့စဉ်နဲ့ အမျှ စွမ်းဆောင်ရည်ကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ လိုအပ်ပြီး ဒါက စိန်ခေါ်မှု တစ်ခုပါ။ ဒါကြောင့် ဘယ်သူသိနိုင်မှာလဲ။ ဒါပေမယ့် ကျွန်တော် တစ်ပွဲချင်းစီကို အာရုံစိုက် ကစားနိုင်ဖို့ လိုအပ်ပါတယ်။”

တော့တင်ဟမ်ဟော့စပါး ကတော့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲမှာ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ် တို့နဲ့ ပွဲကြပ်တွေ ဆက်တိုက် ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်