နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

တန်းတက် ကလပ်တွေထဲမှာ မထင်မှတ်တဲ့ စွမ်းဆောင်ရည်တွေ ပြသနေတဲ့ ဆန်းဒါးလန်း | ပရီးမီးယားလိဂ်

အခုတစ်ပတ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၉ မှာ တန်းတက် ကလပ်တွေ ဖြစ်တဲ့ လိဒ်စ်ယူနိုက်တက်၊ ဘန်လေနဲ့ ဆန်းဒါးလန်း တို့ ၃ သင်းစလုံး နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ကြပါတယ်။ ဒီလိုမျိုး ပွဲစဉ် တစ်ခုတည်းမှာ ပရီးမီးယားလိဂ် တန်းတက် ၃ သင်းစလုံး အနိုင်ရခဲ့တာက ၂၀၂၀-၂၀၂၁ ဘောလုံး ရာ‌သီ နောက်ပိုင်း ပထမဦးဆုံး အကြိမ်လည်း ဖြစ်ကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၉ မှာ လိဒ်စ်ယူနိုက်တက်က ဝက်စ်ဟမ်းကို ၂-၁ ရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပြီး နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်နေမှုကို ရပ်တန့်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ လိဒ်စ် အတွက် အနိုင်ဂိုးတွေ ကိုတော့ အာရွန်ဆင်နဲ့ ရွန်ဒွန် တို့က သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး ဝက်စ်ဟမ်း အတွက် ကိုတော့ ဖာနန်ဒက်စ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် လိဒ်စ်က ရမှတ် ၁၁ မှတ်နဲ့ အတူ အမှတ်ပေးဇယား အဆင့် ၁၅ နေရာကို ရောက်ရှိလာခဲ့ပြီး တန်းဆင်းဇုန်းနဲ့ ၆ မှတ် ကွာဟသွားခဲ့ပါတယ်။

တနင်္ဂနွေနေ့ မှာတော့ ဘန်လေက ဝုဗ်ကို မိုလီနက်စ်မှာ အကြိတ်အနယ် ကစားပြီး ၃-၂ ရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဘန်လေက ဖီယန်မင်းရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ဝုဗ်ရဲ့ ပြန်လိုက်လာမှုမှုကြောင့် ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ပွဲပြီးခါနီး ၉၀+၅ မိနစ်မှာ ဖော်စတာက ဘန်လေ အတွက် အဖိုးတန် အနိုင်ဂိုး သွင်းယူပေးခဲ့တာကြောင့် ဘန်လေတို့ ၃ မှတ် အပြည့်ရခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဘန်လေဟာ ပရီးမီးယားလိဂ် ၂ ပွဲဆက် အနိုင်ရရှိခဲ့ပြီး ရမှတ်တ ၁၀ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၆ နေရာကို ရောက်ရှိလာခဲ့ပါတယ်။ 

ပြန်ဆက်ရရင် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီတုန်း ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၉ မှာ တန်းတက် ကလပ် ၃ သင်း ဖြစ်တဲ့ ဝက်စ်ဘရွန်း၊ လိဒ်စ်နဲ့ ဖူလ်ဟမ်တို့ တစ်ပြိုင်နက် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
အခုတစ်ပတ်မှာ ပရီးမီးယားလိဂ် တန်းတက်ကလပ် ၃ သင်းစလုံး အနိုင်ရရှိခဲ့

ဒီရာသီ ပရီးမီးယားလိဂ်မှာ ကြမ်းပြနေတဲ့ ဆန်းဒါးလန်း ကတော့ ချဲလ်ဆီးကို အဝေးကွင်းမှာ ၁-၂နဲ့ အနိုင်ယူပြခဲ့ပါတယ်။ ဆန်းဒါးလန်းဟာ ဒီရာသီမှာ အိမ်ကွင်း ရလဒ် မကောင်းဘူး ဆိုပေမယ့် ချဲလ်ဆီးနဲ့ အတွေ့မှာတော့ ၃ မှတ် အပြည့် ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ပွဲချိန် ၄ မိနစ်မှာ ကတည်းက ဂါနာချိုရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဆန်းဒါးလန်းက ဆီဒေါ၊ တဲလ်ဘီ တို့ရဲ့ ဂိုးတွေနဲ့ နိုင်ပွဲ ရခဲ့တာ ဖြစ်ပါတယ်။ ဆန်းဒါးလန်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၉ ပွဲ ကစားပြီးချိန် အထိ နိုင်ပွဲ ၅ ပွဲ၊ သရေ ၂ ပွဲ၊ ရှုံးပွဲ ၂ ပွဲသာ ရရှိထားပြီး ခြေစွမ်းပိုင်း ကတော့ အံ့အားသင့်စရာပါပဲ။ ဇယားထိပ်က အာဆင်နယ်နဲ့တောင် ၅ မှတ်သာ ကွာဟနေပြီး တန်းတက် ကလပ်တွေထဲ မှာတော့ ဆန်းဒါးလန်းက လက်ရှိမှာ စွမ်းဆောင်ရည် အကောင်းဆုံး ဖြစ်နေပါတယ်။ 

ပြန်ဆက်ရရင် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီတုန်း ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၉ မှာ တန်းတက် ကလပ် ၃ သင်း ဖြစ်တဲ့ ဝက်စ်ဘရွန်း၊ လိဒ်စ်နဲ့ ဖူလ်ဟမ်တို့ တစ်ပြိုင်နက် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီရာသီက လိဒ်စ်ယူနိုက်တက် တစ်သင်းတည်းသာ ပရီးမီးယားလိဂ်မှာ တင်ကျန်ခဲ့ပါတယ်။ အခုလည်း ဒီရာသီမှာ လိဒ်စ်နဲ့ ဘန်လေ တို့က တန်းဆင်းဇုန်နား ရပ်တည်နေပေမယ့် ဆန်းဒါးလန်း ကတော့ အဆင့် ၄ နေရာ အထိ ရောက်ရှိနေပါတယ်။

ဆန်းဒါးလန်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၉ အပြီးမှာ ၁၇ မှတ် ရရှိထားတာကြောင့် ၂၀၀၈-၂၀၀၉ ဘောလုံးရာသီက အမှတ် ၂၀ ရယူနိုင်ခဲ့တဲ့ ဟားလ်စီးတီး နောက်ပိုင်း တန်းတက် အသင်းတွေထဲမှာ ရာသီ အဖွင့် စွမ်းဆောင်ရည် အကောင်းဆုံး အသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်