ဘရိုက်တန် – လိဒ်စ်ယူနိုက်တက်
ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ရဲ့ အစောဆုံး ပွဲစဉ် တစ်ပွဲ အဖြစ် ဘရိုက်တန်နဲ့ လိဒ်စ်ယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ ပွဲဆက် ရှုံးပွဲ ကြုံထားတဲ့ ဘရိုက်တန်တို့ နောက်ပိုင်း တွေ့ဆုံမှုတွေမှာ သူတို့ အမြဲတမ်း အသာရခဲ့တဲ့ လိဒ်စ်ယူနိုက်တက်ကို ထပ်ပြီး အသာရသွားဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဘရိုက်တန်က ပရီးမီးယားလိဂ် ပွဲစဉ် ၉ မှာ မန်ချက်စတာယူနိုက်တက်ကို ၄-၂ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အာဆင်နယ် ကိုလည်း ခရာဘောင်ဖလားမှာ ထပ်ပြီး ရှုံးထားပါတယ်။ ပြောရမယ် ဆိုရင် ဘရိုက်တန်က အသင်းကြီး နှစ်သင်းနဲ့ တွေ့လို့သာ ရှုံးပွဲ ဆက်သွားပေမယ့် ခြေစွမ်း ကတော့ ကောင်းမွန်နေဆဲ ဖြစ်ပါတယ်။ ဒီရာသီ ဖေဘီယန် ဟက်ဇီလာရဲ့ အသင်းက ပရီးမီးယားလိဂ် ၉ ပွဲ ကစားပြီး ၃ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၃ ပွဲ ရှုံးပြီး အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရှိနေပါတယ်။ အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်မယ် ဆိုရင်တော့ ဘရိုက်တန်က ၂ ပွဲနိုင်၊ ၂ ပွဲ သရေကျပြီး ရှုံးပွဲတော့ လုံးဝ မရှိသေးပါဘူး။
လိဒ်စ်ယူနိုက်တက် ကတော့ ပြီးခဲ့တဲ့ ပွဲမှာ ဝက်စ်ဟမ်းကို အနိုင်ယူပြီး ဒီရာသီ အတွက် တတိယမြောက် ပရီးမီးယားလိဂ် နိုင်ပွဲကို ရရှိခဲ့ပါတယ်။ လိဒ်စ်က ပွဲစဉ် ၉ ပြီးဆုံးချိန်မှာ ၃ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၄ ပွဲ ရှုံးပြီး အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ရှိနေပါတယ်။ လိဒ်စ်ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်မယ် ဆိုရင်လည်း ၁ ပွဲနိုင်၊ ၃ ပွဲ ရှုံးထားလို့ အားရစရာတော့ မရှိပါဘူး။ လိဒ်စ်ဟာ ခံစစ် ပိတ်ကစားတတ်တဲ့ အသင်း မဟုတ်တာကြောင့်တော့ ပွဲက အကြိတ်အနယ် ရှိလာဦးမှာ ဖြစ်ပြီး ဘရိုက်တန်ရဲ့ ပုံစံကောင်း တစ်ခုကို တားဆီးနိုင်ပါ့မလား ဆိုတာတော့ စောင့်ကြည့်ရမှာပါ။
နှစ်ဖက်အသင်း သတင်းများ
လိဒ်စ်ယူနိုက်တက် ဘက်မှာတော့ ဂတ်ဒ်မန်ဆန်နဲ့ ဂျီနွန်တိုတို့ လွဲချော်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း

ဘရိုက်တန် – စတီးလ်၊ ဗန်ဟက်ကီ၊ ကော့ပိုလာ၊ ဘော့စ်ကက်ဂ်လီ၊ ကာဒီယိုဂလူ၊ ဘယ်လီဘာ့၊ ဂိုးမက်ဇ်၊ ဒီကူ့ပါး၊ ကော့စ်တူလက်စ်၊ ရက်တာ၊ ဇီမက်စ်
လိဒ်စ်ယူနိုက်တက် – ပါရီ၊ ဂတ်ဒ်မန်ဆန်၊ ဘီဂျိုးလ်၊ ရွန်ဒွန်၊ ဘိုဂဲလ်၊ တာနာကာ၊ အမ်ပါဒူ၊ လောင်းစတက်ဖ်၊ အိုကာဖော၊ ကဲလ်ဗက်လီဝင်း၊ အာရွန်ဆန်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၁၈ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဘရိုက်တန်က ၁၁ ကြိမ်နိုင်၊ ၅ ကြိမ် သရေ၊ လိဒ်စ်က ၂ ကြိမ် အနိုင်ရထားပါတယ်။ ပရီးမီးယားလိဂ် နောက််ဆုံး ၆ ကြိမ် တွေ့ဆုံမှု မှာတော့ ဘရိုက်တန်က ၃ ကြိမ်နိုင်ပြီး ၃ ကြိမ် သရေကျထားပါတယ်။ ဘရိုက်တန် အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၉ ကြိမ် မှာလည်း ဘရိုက်တန်က ၆ ကြိမ်နိုင်၊ ၃ ကြိမ် သရေကျထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဘရိုက်တန် နိုင်ရင် ၁.၈၉ ဆ နီးပါး ရမှာ ဖြစ်ပြီး လိဒ်စ်ယူနိုက်တက် နိုင်ရင်တော့ ၃.၆၆ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၃၅ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ သရေရှုံး၊ တစ်လုံး တစ်ဝက်စား၊ တစ်လုံး သရေကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံးက စဖွင့်ပါတယ်။ နှစ်သင်းစလုံးက ဒီရာသီမှာ ပေးဂိုးတွေ များနေပါတယ်။ နောက်ပြီး ဒီပွဲကို ဘရိုက်တန်ရဲ့ ပထမအသင်း ကစားသမား အများအပြား လွဲချော်မှာ ဖြစ်ပါတယ်။ ဘရိုက်တန်တို့ အနည်းငယ် ခက်ခက်ခဲခဲ ကစားရဖို့ ရှိပြီး ၂-၁ လောက်နဲ့ ကပ်နိုင်သွားဖို့ များပါတယ်။
ခန့်မှန်းရလဒ်
ဘရိုက်တန် ၁-၁ လိဒ်စ်ယူနိုက်တက်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (  ) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
|---|---|---|---|
|  = €20 (ယုံကြည်ချက် အမြင့်ဆုံး) |  = €10 (ယုံကြည်ချက်) |  = €5 (ယုံကြည်ချက် အနည်းငယ် ) | |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.
 
					 
										 
										 
										 
										 
										 
										 
			 
			   
							 
							 
							 
							 
									 
				 
		

