မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် ကတော့ ဘောလုံးမှာ ဘာဆိုဘာမှ မသေချာကြောင်း ပြောကြားလာခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် ကတော့ အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် (၈) မှာ လစ်ဗာပူးလ်ကို အန်ဖီးလ်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဒီပွဲမတိုင်ခင် ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ ရူဘင် အမော်ရင်က အသင်းရဲ့ ပူးတွဲပိုင်ရှင် ဆာဂျင်မ် ရက်ကလစ်ဖ် အနေနဲ့ အသင်းကို ရေရှည် ပုံစံမျိုးနဲ့ သွားချင်ကြောင်း ပြောကြားခဲ့တယ်လို့ ပြန်လည် ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။ အမော်ရင်က “ဒီစကား ကြားရတာ တကယ် ကောင်းပါတယ်။ ဒါပေမယ့် ဒီစကားကို သူက ကျွန်တော့်ကို အချိန်တိုင်း ပြောနေတာပါ။ တစ်ခါတစ်ရံ မှာတော့ တွေ့ပြီးရင် မက်ဆေ့ချ် ပို့ပါတယ်။ ဒါပေမယ့် ဘောလုံးဟာ ဒီလို မဟုတ်ဘူး ဆိုတာ သူလည်း သိပါတယ်။ ကျွန်တော်လည်း သိတယ်။ ခင်ဗျားလည်း သိပါတယ်။ အရေးအကြီးဆုံးအရာက နောက်ထပ် ကစားမယ့် ပွဲပါပဲ။ အသင်းပိုင်ရှင်တွေတောင် ဘောလုံးမှာ နောက်တစ်ရက်ကို မထိန်းချုပ်နိုင်ပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ အပတ်က The Times နဲ့ အင်တာဗျူးမှာ အသင်းပူးတွဲ ပိုင်ရှင် ဆာဂျင်မ် ရက်ကလစ်ဖ်က အမော်ရင်ကို မန်ချက်စတာယူနိုက်တက်မှာ ၃ နှစ်ကြာ ဆက်ရှိနေမယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဖိအားဒဏ်တွေနဲ့ နည်းပြရာထူး အတွက် မသေချာတော့တဲ့ သတင်းတွေ အဆက်မပြတ် ထွက်နေချိန်မှာ ရက်ကလစ်ဖ်ရဲ့ စကားက အမော်ရင်ကို အာမခံချက်ပေးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ရူဘင် အမော်ရင် လက်ထက် ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ ပွဲမှာ ၁၀ ပွဲသာ အနိုင်ရထားခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်က အခုချိန်အထိ သူတာဝန်ယူစဉ် အတွင်း ပရီးမီးယားလိဂ် နှစ်ပွဲ ဆက်တိုက် အနိုင်မရဖူးသေးပါဘူး။ ယူနိုက်တက်ဟာ လစ်ဗာပူးလ်နဲ့ အန်ဖီးလ်မှာ အကြိမ် ၁၀၀ မြောက် တွေ့ဆုံ ကစားရမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ၂၀၁၆ ခုနှစ် ဇန်နဝါရီ နောက်ပိုင်း ကတည်းက လစ်ဗာပူးလ်ကို အန်ဖီးလ်မှာ နောက်ဆုံး ၁၀ ပွဲဆက် အနိုင်မရတော့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက နောက်ဆုံး တွေ့ဆုံမှု မှာတော့ ယူနိုက်တက်ဟာ လစ်ဗာပူးလ်ကို ၂-၂ ရလဒ်နဲ့ သရေကစားထားနိုင်ခဲ့ပါတယ်။ လက်ရှိ ခြေစွမ်းအရတော့ မန်ချက်စတာယူနိုက်တက် အနေနဲ့ လစ်ဗာပူးလ်ကို ယှဉ်ကစားနိုင်ဖို့ ရှိနေပြီးတော့ အင်္ဂလန် ဒါဘီ ဖြစ်နေတာကြောင့်လည်း ဂုဏ်သိက္ခာအရလည်း အားစိုက် ကစားလာဖွယ် ရှိနေပါတယ်။ နောက်ပြီး လစ်ဗာပူးလ်က ပြိုင်ပွဲစုံ ၃ ပွဲဆက် ရှုံးထားပြီးတော့ ခြေစွမ်းပိုင်းမှာရော၊ စိတ်ဓာတ်ပိုင်းမှာပါ အားနည်းမှုတွေ ရှိနေပါတယ်။ ဒီပွဲအတွက် ကိုတော့ ယူနိုက်တက် ဘက်က ဂိုးသမား အလီဆွန် ဘက်ကာ၊ လီယွန်နီ၊ ဘက်ဂျ်စီတစ်၊ အန်ဒိုတို့ လွဲချော်ဖို့ ရှိနေပါတယ်။ မန်ချက်စတာယူနိုက်တက် ဘက်ကတော့ အေဒန် ဟဲဗန်း၊ မက်ဇရာရီနဲ့ မာတီနက်ဇ်တို့ လွဲချော်မှာ ဖြစ်ပါတယ်။ SBOTOP မှာတော့ လစ်ဗာပူးလ် ဘက်က ကြေးဖွင့်ပေးထားပြီး ဘွတ်ကီတွေ အနေနဲ့ လစ်ဗာပူးလ် ကျိန်းသေပေါက် အနိုင်လို့ တွက်ဆထားပုံပါပဲ။ ဖြစ်နိုင်ချေ များတာ ကတော့ ဒီတစ်ကြိမ် တွေ့ဆုံမှု ကလည်း အပြန်အလှန် သွင်းဂိုးတွေ ရှိနေပြီး လစ်ဗာပူးလ် သေချာ အာရုံစိုက် ကစားမယ် ဆိုရင်တော့ ဂိုးပြတ် နိုင်ဖို့ မခက်တဲ့ အခြေအနေ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.