နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချဲလ်ဆီးကို ရှုံးပြီး ၁၇ မိနစ် အကြာမှာပဲ ထုတ်ပယ်ခံလိုက်ရတဲ့ ပိုစတီကိုဂလူး | ပရီးမီးယားလိဂ်

နော်တင်ဟမ်ဖောရက်စ် နည်းပြ အန်ဂျီ ပိုစတီကိုဂလူး ကတော့ မနေ့ညက ပရီးမီးယားလိဂ် ပွဲစဉ် အိမ်ကွင်းမှာ ချဲလ်ဆီးကို ဂိုးပြတ် ရှုံးနိမ့်ပြီးနောက် အထုတ်ပယ်ခံခဲ့ရပြီ ဖြစ်ပါတယ်။ ဖောရက်စ်ဟာ ဝ-၃ ရလဒ်နဲ့ ချဲလ်ဆီးကို အရေးနိမ့်ခဲ့ပြီးနောက် ပွဲပြီးပြီးချင်း ၁၇ မိနစ် အကြာမှာ ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဩစတြေးလျ လူမျိုး နည်းပြကြီး အန်ဂျီ ပိုစတီကိုဂလူးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ ကမှ နော့တင်ဟမ်ဖောရက်စ်ရဲ့ နည်းပြ အဖြစ် ခန့်အပ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုတော့ သူက ၃၉ ရက် အကြာမှာပဲ ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ပိုစတီကိုဂလူးက ပရီးမီးယားလိဂ် သမိုင်းမှာ အချိန်အတိုဆုံး ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြ အဖြစ်လည်း မှတ်တမ်းဆိုး ပိုင်ဆိုင်ခဲ့ရပါတယ်။

တော့တင်ဟမ်ဟော့စပါး အတွက် ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ခဲ့ပေမယ့် ထုတ်ပယ်ခံခဲ့ရတဲ့ ပိုစတီကိုဂလူးဟာ ၃ လ အကြာမှာပဲ ပရီးမီးယားလိဂ်ကို ပြန်ရောက်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စပါး နည်းပြဟောင်းက နော့တင်ဟမ်ဖောရက်စ်ကို ပြိုင်ပွဲစုံ ၈ ပွဲ ကိုင်တွယ်ရာမှာ နိုင်ပွဲ မရရှိခဲ့ပဲ အဲဒီ ၈ ပွဲမှာ ၂ ပွဲသာ သရေကျကာ ၆ ပွဲ အထိ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဖောရက်စ်က ပရီးမီးယားလိဂ် ၅ ပွဲကနေ ၁ မှတ်သာ ရခဲ့ပြီး အခုဆိုရင်တော့ တန်းဆင်းဇုန် အဆင့် ၁၈ နေရာကို ကျဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

ဖောရက်စ်က ပရီးမီးယားလိဂ် ၅ ပွဲကနေ ၁ မှတ်သာ ရခဲ့ပြီး အခုဆိုရင်တော့ တန်းဆင်းဇုန် အဆင့် ၁၈ နေရာကို ကျဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။
ရော်ဘတ်တို မန်ချီနီကိုလည်း နည်းပြ အဖြစ် ခန့်အပ်ဖို့ စဉ်းစားနေတဲ့ ဖောရက်စ်

မနေ့ညက ပွဲမှာ ဆိုရင် နော့တင်ဟမ်ဖောရက်စ် အသင်းပိုင်ရှင် မာရီနာကစ်ဟာ သူ့အသင်း ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်နေချိန် ကတည်းက ပွဲကြည့်စင်ပေါ်မှာ မရှိတော့တာ ဖြစ်ပါတယ်။ အဲဒီနောက် ရိစ် ဂျိမ်းစ်ရဲ့ တတိယမြောက် ဂိုး ဝင်သွားပြီးချိန်မှာတော့ ဖောရက်စ် ပရိသတ်တွေ တဖွဲဖွဲ ပြန်သွားခဲ့ပါတယ်။ ဒီအခြေအနေမှာ ပိုစတီကိုဂလူး အနေနဲ့ ရာထူးကနေ ထုတ်ပယ်ခံရတော့မယ်လို့ အားလုံး သတိထားမိခဲ့ကြပေမယ့် ဒီလောက်အထိ မြန်ဆန်မယ်လို့တော့ ထင်ခဲ့ကြမှာ မဟုတ်ပါဘူး။ တကယ်တော့ နော့တင်ဟမ်ဖောရက်စ် အသင်းပိုင်ရှင် မာရီနာကစ် အနေနဲ့ အသင်းကို စနစ်တကျ တည်ဆောက်ပေးထားတဲ့ နူနို အက်စ်ပီရီတို ဆန်တိုကို အသင်းရလဒ် ဆိုးရွားနေတာကြောင့် မဟုတ်ပဲ တခြားသော အကြောင်းပြချက်ကြောင့်တော့ မထုတ်ပယ်ခဲ့သင့်ပါဘူး။ အခုတော့ နူနို ဆန်တိုနဲ့ မာရီနာကစ် တို့ရဲ့ ခွာပြဲမှု ကနေ စပြီး အကုန် နစ်နာစရာတွေ ဖြစ်လာခဲ့ပါပြီ။

အန်ဂျီ ပိုစတီကိုဂလူး ဆိုတာ တိုက်စစ်မှ တိုက်စစ် ကစားတဲ့ နည်းပြ ဖြစ်ပြီးတော့ ဖောရက်စ် ဆိုတာက ခံစစ်ကို ကျစ်လျစ်နေအောင် ကစားပြီး တဆင့်ချင်း တိုက်စစ်ဆင်တတ်တဲ့ အသင်း ဖြစ်ပါတယ်။ ဒီအချက်မှာတင် ကွာဟချက်က ကြီးမားသွားပါပြီ။ ဘယ်လိုမှလည်း မအပ်စပ်နိုင်တော့ပါဘူး။ နောက်ပြီး နူနို ဆန်တို ကလည်း ဝက်စ်ဟမ်းကို ၂ ပွဲ ကိုင်တွယ်ထားပြီး နိုင်ပွဲ ရအောင် မစွမ်းဆောင်ပေးနိုင်သေးပါဘူး။ လောလောဆယ် မှာတော့ နော့တင်ဟမ်ဖောရက်စ်ရဲ့ နည်းပြ ရာထူး အတွက် ပရီးမီးယားလိဂ် အတွေ့အကြုံရင် နည်းပြ ရှောင်ဒိုက်ချ်က ၇/၁၀ နဲ့ ထိပ်ဆုံးက ရေပန်းစားနေပါတယ်။ သူပြီးရင်တော့ ရော်ဘတ်တို မန်ချီနီက ၂/၁၊ ရာဖေးလ် ဘင်နီတက်ဇ် ၉/၁ တို့က ရေပန်းအစားဆုံး ဖြစ်နေကြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်