နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူနိုက်တက် ဘယ်တော့မှ မရောင်းခဲ့သင့်တဲ့ ကစားသမား နှစ်ဦးက ဘယ်သူတွေလဲဆိုတာ ပြောကြားလိုက်တဲ့ ပီတာ ရှမိုက်ကယ် | ပရီးမီးယားလိဂ်

ဒိန်းမတ် ဂန္ထဝင် ဂိုးသမားဟောင်း ပီတာ ရှမိုက်ကယ် ကတော့ မန်ချက်စတာယူနိုက်တက် အနေနဲ့ စကော့တ် မက် တော်မီနေးနဲ့ ရက်စ်မက်စ် ဟွိုက်ဂျ်လန်း တိုကို အသင်း ကနေ ဘာကြောင့် ထွက်ခွာခွင့်ပေးခဲ့သလဲ ဆိုတာ နားမလည်နိုင်အောင် ဖြစ်ရတယ်လို့ ပြောဆိုလိုက်ပါတယ်။ တစ်ဖက် မှာလည်း ရှမိုက်ကယ်က အန်တိုနီ ကတော့ ပရီးမီးယားလိဂ် ထိပ်သီးတို့ အတွက် ဘယ်တုန်းကမှ အရည်အသွေး ပြည့်မီသူ မဟုတ်ခဲ့ကြောင်း ဝေဖန်ခဲ့ပါတယ်။ 

ရှမိုက်ကယ်က Sky Bet နဲ့ အင်တာဗျူးမှာ “ကျွန်တော့်ကို နာကျင်စေခဲ့တာက ဟွိုက်ဂျ်လန်းပါ။ သူသာ ဆိုရင် မန်ချက်စတာယူနိုက်တက် အတွက် တစ်ရာသီ ၂၅ ဂိုး သွင်းပေးနိုင်မယ့် တိုက်စစ်မှူး တစ်ယောက် ဖြစ်လာနိုင်တယ်လို ကျွန်တော် ရိုးသားစွာ ယုံကြည်ပါတယ်။ ပြဿနာက သူမဟုတ်ဘူး။ အသင်းရဲ့ ကစားဟန်ကြောင့်ပါ။ ကစားကွက်က သူနဲ့ အံမဝင်ခဲ့ဘူး။ ဂါနာချို ဒါမှမဟုတ် ရက်ရှ်ဖို့ဒ်လို ကစားသမားတွေ ဘောလုံးရသွားရင် သူတို့ ကိုယ်တိုင်ပဲ ကန်ဖို့ ကြည့်နေကြတယ်။ ရက်စ်မက်စ်က အကောင်းဆုံး ပြေးလွှားမှုတွေ လုပ်နေခဲ့ပေမယ့် နံပါတ် ၉ တိုက်စစ်မှူးဆီကို ဘောလုံး ရောက်အောင် မပို့ခဲ့ကြပါဘူး။” 

“ဒါကို ပရိသတ်တွေ မြင်ပါလိမ့်မယ်။ သူတို့က ဟွိုက်ဂျ်လန်းကို ချစ်ခင်ကြပါတယ်။ ဘာလို့လဲ ဆိုတော့ သူက တိုက်ခိုက်တယ်။ ပြေးလွှားတယ်။ အရာအားလုံးကို ပေးဆပ်ခဲ့တယ်။ တခြား တိုက်စစ်မှူး မရှိလို့ ပွဲတိုင်းလည်း ကစားခဲ့ရတယ်။ ဒါပေမဲ့ ဘောလုံး ထောက်ပံ့မှု မရှိဘဲ သူ ဘာလုပ်နိုင်မှာတုန်း။ သူ့ကို အငှားစာချုပ်နဲ့ပဲ ထွက်သွားခွင့်ပေးခဲ့လို့ ကျွန်တော် ဝမ်းသာမိပါတယ်။ သူ နာပိုလီမှာ ၂၅ ဂိုးလောက် သွင်းပြပြီး အိုးလ်ထရက်ဖို့ဒ်က လူတွေ ‘ငါတို သူ့ကို ပြန်ခေါ်မှ ဖြစ်တော့မယ်’ လို့ တွေးလာကြဖို့ မျှော်လင့်ပါတယ်။ သူက နာပိုလီ အတွက် မိနစ် ၃ဝ အတွင်းမှာပဲ ဂိုးသွင်းပြခဲ့ပြီးပါပြီ။ သူက ကျွန်တော် တို့ရဲ့ ကစားသမား ဖြစ်နေဆဲပါ။ အဲ့ဒါက အကောင်းမြင်စရာ တစ်ခုပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။ 

လက်ရှိမှာ တော်မီနေးနဲ့ ဟွိုက်ဂျ်လန်း တို့ကတော့ ပရီးမီးယားလိဂ် ကလပ်ကို စွန့်ခွာပြီး စီးရီးအေ ကလပ် နာပိုလီမှာ အသင်းဖော်တွေ အဖြစ် ခြေစွမ်းပြနေသူတွေ ဖြစ်ပါတယ်။
ကစားသမား ၂ ဦးကို ထွက်ခွာခွင့်ပေးခဲ့တဲ့ ယူနိုက်တက်ကို မေးခွန်းထုတ်လာခဲ့တဲ့ ဂန္တဝင် ဂိုးသမားကြီး ရှမိုက်ကယ်

အဲဒီနောက် ရှမိုက်ကယ်က ယူနိုက်တက်က မက်တော်မီနေးကို ဘာကြောင့် ထွက်ခွာခွင့်ပေးခဲ့တာလဲ ဆိုတာ မသိကြောင်း၊ စကော့တလန်သားက နာပိုလီကို ပြောင်းရွှေ့ခဲ့ပြီး ပထမဦးဆုံး ရာသီမှာပဲ စီးရီးအေ ချန်ပီယံဆုနဲ့ အကောင်းဆုံး ကွင်းလယ်ကစားသမားဆု ကိုပါ ဆွတ်ခူးနိုင်ခဲ့ကြောင်း။ ယူနိုက်တက် ကတော့ ပရီးမီးယားလိဂ်မှာ အဆင့် ၁၅ နေရာနဲ့သာ အဆုံးသတ်ခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ တော်မီနေးနဲ့ ဟွိုက်ဂျ်လန်း တို့ကတော့ ပရီးမီးယားလိဂ် ကလပ်ကို စွန့်ခွာပြီး စီးရီးအေ ကလပ် နာပိုလီမှာ အသင်းဖော်တွေ အဖြစ် ခြေစွမ်းပြနေသူတွေ ဖြစ်ပါတယ်။

ရှမိုက်ကယ်က အန်တိုနီနဲ့ ပတ်သက်ပြီးတော့ “အခြေအနေတွေ မတူပါဘူး။ သူက ဘယ်တုန်းကမှ မန်ချက်စတာယူနိုက်တက် အတွက် အရည်အသွေး ပြည့်မီသူ မဟုတ်ခဲ့ပါဘူး။ ဟုတ်ပါတယ်။ သူပွဲဦးထွက်မှာ ဂိုးသွင်းခဲ့တယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ပရီးမီးယားလိဂ်မှာ ကစားဖို့ အတွက် သူမှာ လိုအပ်တဲ့ အရည်အသွေးတွေ မရှိဘူး ဆိုတာ ထင်သာမြင်သာ လာခဲ့ပါတယ်။ နယ်သာလန် မှာတုန်းက ခြေစွမ်းကောင်းတဲ့ အသင်း တစ်သင်းမှာ ကစားခဲ့ရတော့ သူတောက်ပနေခဲ့တယ်။ ဒါပေမယ့် ယူနိုက်တက် မှာက ပွဲအစကနေ အဆုံးထိ အရှိန်က မရပ်မနားပဲ ဖိအား အမြဲတမ်း ရှိနေပြီး ပြိုင်ဘက်တိုင်း ကလည်း သူတို့ရဲ့ အကောင်းဆုံး ခြေစွမ်းကို ထုတ်သုံးကြတယ်။ ဒီမှာအောင်မြင်ဖို့ ဆိုရင် ထူးခြားတဲ့ အရာ တစ်ခုခု လိုအပ်ပြီး သူ့မှာ အဲ့ဒါ မရှိခဲ့ပါဘူး။” လို့ သုံးသပ် ပြောဆိုခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်