နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရာသီအစ ၃ ပွဲ အပြီးမှာပဲ နူနို အက်စ်ပီရီတို ဆန်တိုကို ထုတ်ပယ်လိုက်တဲ့ နော့တင်ဟမ်ဖောရက်စ် | ပရီးမီးယားလိဂ်

၂၀၂၅-၂၀၂၆ ပရီးမီးယားလိဂ် ရာသီရဲ့ ပထမဦးဆုံးသော နည်းပြ ထုတ်ပယ်ခံရမှု ကတော့ စတင်ခဲ့ပြီ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ အသင်းပိုင်ရှင်နဲ့ ကြီးကြီးမားမား ပွတ်တိုက်မှုတွေ ရှိနေတဲ့ နော့တင်ဟမ်ဖောရက်စ် နည်းပြ နူနို အက်စ်ပီရီတို ဆန်တို အနေနဲ့ ဒီကနေ့ အစောပိုင်းမှာပဲ ထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပါတယ်။

ပေါ်တူဂီ လူမျိုး နည်းပြ နူနို ဆန်တိုဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ နော့တင်ဟမ်ဖောရက်စ်ကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၁၉၉၅-၁၉၉၆ ဘောလုံး ရာသီ နောက်ပိုင်း ဖောရက်စ်ကို ပထမဦးဆုံး အကြိမ် အဖြစ် ဥရောပ ပြိုင်ပွဲ ပြန်လည် ကစားခွင့် ရရှိအောင် စွမ်းဆောင်ပေးထားတဲ့ နည်းပြ တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ စတိဗ်ကူးပါး လက်ထဲက အသင်းကို လွှဲပြောင်း တာဝန်ယူပြီးနောက် တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတဲ့ အဆင့် ကနေ ဥရောပ ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြကောင်း တစ်ဦး ဖြစ်ပါတယ်။

 ဒါ့အပြင် နော့တင်ဟမ်ဖောရက်စ်က ဒီရာသီ မှာလည်း ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲ ကစားပြီးချိန်မှာ ၁ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပေမယ့် အခြေအနေ အဆိုးရွားကြီးတော့ ဖြစ်မနေသေးပါဘူး။ ဒါပေမယ့်လည်း နော့တင်ဟမ်ဖောရက်စ်က နူနို ဆန်တိုကို ရာထူး ကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ပြီး အခုလိုပဲ ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။

နောက်ပြီး ၂၀၂၂-၂၀၂၃ ရာသီ နောက်ပိုင်း ပရီးမီးယားလိဂ်မှာ စက်တင်ဘာလ အတွင်း ရာထူးက ထုတ်ပယ်ခံရတဲ့ နည်းပြ မရှိခဲ့ပါဘူး။
ရာသီသစ်မှာ အစောဆုံး ထုတ်ပယ်ခံရတဲ့ နည်းပြ ဖြစ်လာတဲ့ နူနို အက်စ်ပီရီတို ဆန်တို

ဖောရက်စ်ရဲ့ ထုတ်ပြန်ချက်မှာ “မကြာသေးမီက အခြေအနေတွေအရ နူနို အက်စ်ပီရီတို ဆန်တို အနေနဲ့ သူ့ရဲ့ နည်းပြ တာဝန် ကနေ အနားယူသွားပြီ ဖြစ်ပါတယ်” လို့ ဖော်ပြထားပါတယ်။ အဲဒီနောက် “အထူးသဖြင့် ကလပ် သမိုင်းမှာ ထာဝရ အမှတ်ရနေမယ့် ၂၀၂၄-၂၀၂၅ ရာသီ အောင်မြင်မှု အတွက် အရေးပါတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့တဲ့ နူနိုကို ကျေးဇူးတင်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ကျွန်တော် တို့ရဲ့ အောင်မြင်မှုမှာ အဓိကကျတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့တဲ့သူ တစ်ယောက် အနေနဲ့ ကျွန်တော် တို့ရဲ့ ခရီးမှာ အထူးနေရာ တစ်ခုကို အမြဲတမ်း ပိုင်ဆိုင်ထားမှာပါ။” လို့ ဖော်ပြခဲ့ပါတယ်။

ပရီးမီးယားလိဂ် ရာသီ အစ ၃ ပွဲ အပြီးမှာပဲ ထုတ်ပယ်ခံရတာ ကတော့ အနည်းငယ် ရက်စက်လွန်းရာကျပါတယ်။ နောက်ပြီး ၂၀၂၂-၂၀၂၃ ရာသီ နောက်ပိုင်း ပရီးမီးယားလိဂ်မှာ စက်တင်ဘာလ အတွင်း ရာထူးက ထုတ်ပယ်ခံရတဲ့ နည်းပြ မရှိခဲ့ပါဘူး။ ဆန်တိုဟာ ပြီးခဲ့တဲ့ ဇွန်လ ကမှ အသင်းနဲ့ ၃ နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ် လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင်တော့ ပေါ်တူဂီသားက အသင်းရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး အားကစား ဒါရိုက်တာ အီဒူးနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်နေတာကြောင့် ရာထူး ကနေ အစောဆုံး ထုတ်ပယ်ခံရမယ့် နည်းပြ အဖြစ် ထင်ကြေးပေးခံနေရတာပါ။

တချို့သော သတင်းတွေ မှာတော့ နူနို ဆန်တိုဟာ အသင်း ပိုင်ရှင် မာရီနာကစ်နဲ့ ပြီးခဲ့တဲ့ ရာသီ ကတည်းက ဆက်ဆံရေး တင်းမာခဲ့တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီအချက်ကြောင့်ပဲ နူနို ဆန်တို အနေနဲ့ ပရီးမီးယားလိဂ် ကလပ်ကို စုစုပေါင်း ၇၃ ပွဲ ကိုင်တွယ်ပြီးချိန်မှာပဲ ထုတ်ပယ်ခံရတာ ဖြစ်နိုင်ပါတယ်။ ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ ဖောရက်စ်ဟာ နူနို ဆန်တိုရဲ့ နေရာမှာ အစားထိုးဖို့ နည်းပြ ၃ ဦးကို ရွေးချယ်ထားတယ်လို့ သိရပါတယ်။ အဲဒီ အထဲမှာ တော့တင်ဟမ်ဟော့စပါး နည်းပြဟောင်း အန်ဂျီ ပိုစတီကိုဂလူးလည်း အပါအဝင် ဖြစ်ကြောင်း သိရပါတယ်။ တစ်ဖက် မှာလည်း နူနို ဆန်တို တစ်ယောက် ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရပြီ ဖြစ်တာကြောင့် မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင်က ထုတ်ပယ်ခံရနိုင်ခြေ အများဆုံး နည်းပြ ဖြစ်လာပါတယ်။ သူ့နောက် မှာတော့ ဝက်စ်ဟမ်း နည်းပြ ဂရေဟမ် ပေါ်တာ၊ ဝုဗ် နည်းပြ ဗစ်တာ ပါရဲရား တို့က အစဉ်လိုက် ရပ်တည်နေပါတယ်။ ရာထူး ကနေ ထုတ်ပယ်ခံရနိုင်ခြေ အနည်းဆုံး နည်းပြတွေ အဖြစ်တော့ လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ်၊ ဘုန်းမောက် နည်းပြ အိုင်ရာအိုလာ၊ အာဆင်နယ် နည်းပြ အာတေးတား၊ ချဲလ်ဆီး နည်းပြ မာရက်စကာနဲ့ စပါး နည်းပြ သောမတ်စ် ဖရန့်ခ်တို့ အစဉ်လိုက် ရပ်တည်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်