နယူးကာဆယ် – ဖူလ်ဟမ်
ပရီးမီးယားလိဂ် ပွဲစဉ် ၉ ရဲ့ နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတဲ့ ပွဲစဉ် တစ်ပွဲ အဖြစ် နယူးကာဆယ်က ဖူလ်ဟမ်ကို စိန့်ဂျိမ်းစ်ပါ့ခ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက တွေ့ဆုံမှု ၂ ကြိမ်စလုံး ဖူလ်ဟမ်ကို ရှုံးထားတဲ့ ငှက်ကြားတို့ ရှုံးကြွေး ပြန်ဆပ်သွားနိုင်မလား။ ဒါမှမဟုတ် ရှုံးကြွေးပဲ ထပ်တင်သွားဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အက်ဒီဟောင်းဝ်ရဲ့ အသင်းက နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့ပေမယ့် ကြားရက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် မှာတော့ ဘင်ဖီကာကို ဂိုးပြတ် အနိုင်ရထားပါတယ်။ ငှက်ကြားတွေရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အခြေအနေကို ပြန်ကြည့်မယ် ဆိုရင်တော့ ၂ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၃ ပွဲ ရှုံးထားပြီး အားရစရာတော့ မရှိပါဘူး။ အိမ်ကွင်း ခြေစွမ်းကို ပြန်ကြည့်မယ် ဆိုရင်လည်း ၂ ပွဲနိုင်၊ ၂ ပွဲ ရှုံးထားတာ တွေ့ရပါတယ်။ အိဆက်ခ် ထွက်သွားပြီးနောက် တိုက်စစ်ပိုင်းက အားနည်းခဲ့ပေမယ့် လက်ရှိမှာတော့ တိုက်စစ်မှူးသစ်လေး နစ်ခ် ဝေါလ်တီမာဒီ တစ်ယောက် သွင်းဂိုးတွေ ရှာတွေ့လာတာ ကတော့ ကာဆယ် အတွက် အားတက်စရာပါ။ ခြေစွမ်းပိုင်းကို ချုံငုံသုံးသပ်ရရင်တော့ နယူးကာဆယ်က နေရာစုံမှာ အားသာချက်ထက် အားနည်းချက်တွေ ပိုများနေဆဲလို့ပဲ ပြောရပါမယ်။

ဖူလ်ဟမ် ကတော့ အားလုံး သိကြတဲ့ အတိုင်း ပြိုင်ဘက်တွေကို မထင်ရင် မထင်သလို ဒုက္ခပေးတတ်တဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဖူလ်ဟမ်က နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲဆက် ရှုံးထားပြီး အခြေအနေတော့ ဆိုးနေပါတယ်။ မာကို ဆေးလ်ဗားရဲ့ အသင်းက ရလဒ်ဆိုးတွေ၊ ဖိအားတွေ အောက်ကနေ ရုန်းထွက်ဖို့ လိုအပ်နေတာပါ။ ပြီးခဲ့တဲ့ရာသီက ဖူလ်ဟမ်ဟာ နယူးကာဆယ်ကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စလုံးမှာ အနိုင်ကစားခဲ့တာကြောင့် ဒီနှစ် မှာရော သူတို့ ဘာတွေ လုပ်ပြနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ တကယ်တမ်း စုဖွဲ့မှုအရလည်း ဖူလ်ဟမ်က နယူးကာဆယ်နဲ့ သိပ်တော့ မကွာလှပါဘူး။ အလယ်အလတ် အသင်းတွေနဲ့ တွေ့ရင် အမှားများတတ်တဲ့ နယူးကာဆယ်ရဲ့ အခြေအနေကို ဖူလ်ဟမ်တို့ အခွင့်ကောင်း ယူနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ နယူးကာဆယ် ဘက်က လီဝစ် ဟောလ်၊ လစ်ဗရာမန်တို၊ ယိုအာနေး ဝစ်ဆာ တို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။
ဖူလ်ဟမ် ဘက်မှာတော့ အန်ဒါဆန်၊ ကိုင်ယာနေး၊ ရော်ဘင်ဆင်၊ လူကစ်၊ မူနစ်ဇ်တို့ လွဲချော်မှာ ဖြစ်ပြီး ချူကွီဇီ ကတော့ ပါဝင် ကစားဖို့ မသေချာသေးပါဘူး။
ဖြစ်နိုင်ဖွယ် လူစာရင်း
နယူးကာဆယ် – ထရစ်ပီယာ၊ ရှား၊ ဘော့တ်မန်း၊ ဘန်း၊ တိုနာလီ၊ ဂီမာရေးစ်၊ ဂျိုးလင်တန်၊ ဘန်းစ်၊ ဝေါလ်တီမာဒီ၊ ဂေါ်ဒွန်
ဖူလ်ဟမ် – လန်နို၊ ကတ်စတန်ဂ်ညီ၊ ကူအန်ကာ၊ ဘက်ဆေး၊ ဆက်ဆနွန်၊ ဘာ့ဂျ်၊ လူကစ်၊ ထရာအိုရေး၊ ကင်း၊ အီဝိုဘီ၊ ဟင်မီနက်ဇ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
နောက်ဆုံး တွေ့ဆုံမှု ၂၁ ကြိမ်မှာ နယူးကာဆယ်က ၁၀ ကြိမ်၊ ဖူလ်ဟမ်က ၈ ကြိမ်၊ သရေ ၃ ကြိမ် ရှိခဲ့ပြီး ထိပ်တိုက် တွေ့ဆုံမှု သိပ်ပြီး မကွာခဲ့တာ တွေ့ရပါတယ်။ နယူးကာဆယ် နိုင်ရင် ဆက်တိုက် နိုင်တတ်ပြီး ဖူလ်ဟမ် နိုင်ရင်လည်း ဆက်တိုက် နိုင်တတ်ပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် တွေ့ဆုံမှု ၂ ကြိမ်ဆက် ဖူလ်ဟမ် နိုင်ထားပါတယ်။ စိန့်ဂျိမ်းစ်ပါ့ခ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ် မှာတော့ နယူးကာဆယ်က ၂ ကြိမ်နိုင်၊ ဖူလ်ဟမ်က ၁ ကြိမ် နိုင်ပြီး ၂ ကြိမ် သရေကျခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
အချိန်ပြည့် ဂိုးပေါ် ၂.၅၀ @ ၁.၈၆ ဆ SBOTOPရဲ့ 1X2 မှာ နယူးကာဆယ် နိုင်ရင် ၁.၆၃ ဆ၊ ဖူလ်ဟမ် နိုင်ရင် ၄.၇၈ ဆ၊ သရေ ဆိုရင်တော့ ၃.၆၀ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ နယူးကာဆယ်က သရေ အရှုံး၊ တစ်လုံး တစ်ဝက်စား၊ တစ်လုံး သရေကြေးတွေ ပေးထားပါတယ်။ လက်ရှိမှာ ဂိုးပေါင်းကြေး ကတောင် ပိုပြီး သဘောကျစရာကောင်းနေတာ အမှန်ပါပဲ။ ဒီနှစ်သင်းရဲ့ နောက်ပိုင်း တွေ့ဆုံမှုတွေမှာ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရတတ်ပါတယ်။ ဒါကြောင့် ဂိုးပေါ် ၂.၅၀ ကိုပဲ ရွေးချယ်ထားချင်မိပါတယ်။
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


