နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘယ်လီဘာ့ကို ယူနိုက်တက်ဆီ လာရောက် ပူးပေါင်းဖို့ တိုက်တွန်းလိုက်တဲ့ အမ်ဘူမို | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက်ရဲ့ ကင်မရွန်း တိုက်စစ် ကစားသမား ဘရိုင်ယန် အမ်ဘူမို ကတော့ ဘရိုက်တန် ကွင်းလယ်လူ ကားလို့စ် ဘယ်လီဘာ့ကို အသင်းထံ ပြောင်းရွှေ့လာဖို့ တိုက်တွန်းနေကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဟာ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ရည်ရွယ်နေတာ ဖြစ်ပြီး ထိပ်တန်း ကွင်းလယ်လူတွေကို ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၁ နှစ် အရွယ် ဘယ်လီဘာ့ ကတော့ ၂၀၂၃ ခုနှစ် နွေရာသီ ကမှ လိုင်လီ ကနေ ဘရိုက်တန်ကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘယ်လီဘာ့က ပရီးမီးယားလိဂ်နဲ့ မြန်မြန်ဆန်ဆန် အံဝင်ခဲ့ပြီးတော့ ထိပ်တန်း အဆင့် ခြေစွမ်းပြနေတာကြောင့် ဥရောပ ထိပ်တန်း ကလပ် များစွာရဲ့ စိတ်ဝင်စားခြင်း ခံနေရပါတယ်။ ဘယ်လီဘာ့ဟာ ဘရိုက်တန်မှာ ပြီးခဲ့တဲ့ နှစ်ရာသီ အတွင်း ၇၇ ပွဲ ကစားပြီး ၄ ဂိုးသွင်းပြီး ၂ ဂိုးသာ ဖန်တီးနိုင်ခဲ့ပေမယ့် Rating ပိုင်းမှာတော့ မနိမ့်နေတဲ့ ကစားသမား ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ကင်မရွန်း ကွင်းလယ်လူကို ခေါ်ယူဖို ကြိုးပမ်းခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ဘရိုက်တန် ဘက်က ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ လိုချင်ခဲ့တာကြောင့် အပြောင်းအရွှေ့က အဆင်မပြေ ဖြစ်ခဲ့ပြီး လာမယ့် ဇန်နဝါရီစျေးကွက်မှာ ထပ်မံ ကြိုးပမ်းဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဘရိုက်တန် အသင်း နည်းပြ ဖေဘီယန် ဟက်ဇီလာက ကွင်းလယ် ကစားသမားကို ကောလဟာလတွေကြောင့် သက်ရောက်မှုတွေ ရှိခဲ့ကြောင်း အခုရာသီမှာ ဒီလို ချိတ်ဆက်မှုတွေ ရရှိထားပေမယ့် မြင့်မားတဲ့ အဆင့်ကို ရောက်ရှိဖို့ လိုအပ်နေသေးကြောင်း၊ ရာသီကုန်အထိ အသင်းမှာ ဆက်ရှိနေမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကလပ်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ကင်မရွန်း ကွင်းလယ်လူကို ခေါ်ယူဖို ကြိုးပမ်းခဲ့ဖူးပါတယ်။
ဘယ်လီဘာ့ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ရမှ လက်လွှတ်သွားမယ့် ယူနိုက်တက်

ဘယ်လီဘာ့က ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ကြားဖြတ်လုယူမှု ၄၆ ကြိမ် ပြုလုပ်ခဲ့ပြီး ဖြတ်ထုတ်မှု ၄၆ ကြိမ်နဲ့ ၃ ဂိုး သွင်းကာ ၁ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ခဲ့ပါတယ်။ ဒီရာသီမှာ ဖေဘီယန် ဟက်ဇ်လာရဲ့ အသင်းက ယာအို ပက်ဒရိုဦ ဆိုင်မွန် အက်ဒင်ဂရာ၊ ပါဗစ် အက်စတူပီနန် တို့ကို လက်လွှတ်ထားရတာကြောင့် ဘယ်လီဘာ့ ကိုတော့ အသင်းမှာ ဆက်ထိန်းထားချင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘရိုက်တန် ဥက္ကဌ ပေါလ် ဘာဘာ ကိုယ်တိုင် ကလည်း ဘယ်လီဘာ့ အနေနဲ့ ဘရိုက်တန်နဲ့ အတူ “နှစ်ပေါင်းများစွာ ဆက်နေလိမ့်မယ်။” မျှော်လင့်ထားတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မကြာသေးခင်က နိုင်ငံတကာ ရက်သတ္တပတ်တွေ အတွင်း ဘယ်လီဘာ့ရဲ့ ကင်မရွန်း လက်ရွေးစင် အသင်းဖော် ဘရိုင်ယန် အမ်ဘူမိုက ယူနိုက်တက်ကို ပြောင်းရွှေ့လာဖို့ အနီးကပ် တိုက်တွန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ တစ်ခု ရှိတာက ဘယ်လီဘာ့ ယူနိုက်တက် ကသာ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ကြိုးပမ်းရင်တော့ ဖြစ်နိုင်ခြေ ရှိပါတယ်။ လက်တလောမှာ ယူနိုက်တက် ကစားသမားဟောင်းတွေ ကလည်း ဘယ်လီဘာ့ကို အရ ခေါ်ယူဖို့ တိုက်တွန်းထားပါတယ်။ ဒါပေမယ့်လည်း ဘရိုက်တန် ဘက်ကတော့ ဝယ်လိုအား မြင့်လာလေ မြင့်မားလွန်းတဲ့ ပြောင်းရွှေ့ကြေး တောင်းဆိုလာဖို့ ရှိနေလို့ ခက်ခဲတဲ့ အပြောင်းအရွှေ့ တစ်ခု အဖြစ် အဆုံးသတ်ဖွယ် ရှိနေပါတယ်။ နောက်ဆုံး ရရှိနေတဲ့ သတင်းတွေ ယူနိုက်တက်ဟာ ဘယ်လီဘာ့ထက် ပရီးမီးယားလိဂ် ထိပ်တန်း ကွင်းလယ် ကြယ်ပွင့် တစ်ဦး ဖြစ်တဲ့ အဒမ် ဝှာတန်ကို ပိုမို စိတ်ဝင်စားလာကြောင်း သိရပါတယ်။ ဝှာတန် ကိုလည်း ဥရောပ ထိပ်တန်း ကလပ် များစွာရဲ့ စိတ်ဝင်စားနေတာကြောင့် ယူနိုက်တက် အနေနဲ့ ခက်ခက်ခဲခဲ ကြိုးပမ်းရဖွယ် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်