နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒီနှစ် ပရီးမီးယားလိဂ် ချန်ပီယံဆုက အာဆင်နယ် အတွက် ဖြစ်နိုင်တယ်လို့ ခန့်မှန်းလိုက်တဲ့ အမ်ဘာပေး

ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး ကတော့ ဒီရာသီမှာ ဘယ်အသင်းက ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်မလဲ ဆိုတာ ခန့်မှန်းမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ပြင်သစ် ကြယ်ပွင့်ဟာ အာဆင်နယ် အနေနဲ့ ဒီရာသီ မှာတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ကာလရှည်ကြာ ဝေးကွာနေမှုကို အဆုံးသတ်နိုင်မယ်လို့ ယုံကြည်နေခဲ့တာ ဖြစ်ပါတယ်။

ဂန်းနား နည်းပြ မီခဲလ် အာတေးတားဟာ ပြီးခဲ့တဲ့ ၃ ရာသီ ဆက်တိုက် ပရီးမီးယားလိဂ်မှာ ဒုတိယလူ အဖြစ်နဲ့ ကျေနပ်နေရမှုကို အဆုံးသတ်ဖို့ ရည်ရွယ်ထားကာ အားရစရာ ကစားသမား ခေါ်ယူ အားဖြည့်မှုတွေ ပြုလုပ်ထားပါတယ်။ အာဆင်နယ်ဟာ ဒီနွေရာသီမှာ မာတင် ဇူဘီမန်ဒီ၊ ဗစ်တာ ယိုကီးရက်စ်၊ မာဒူခေး၊ ဟင်ကပ်ပီ၊ အီးဇီး တို့ အပါအဝင် ကစားသမား ၈ ဦး အတွက် ပြောင်းရွှေ့ကြေး များစွာ အသုံးပြုထားပြီး အသင်းကို အဆင့်မြှင့်တင်ထားတာ ဖြစ်ပါတယ်။

ဒီလို ခေါ်ယူမှု အသစ်တွေဟာ အထင်ကြီးစရာ ကောင်းပေမယ့်လည်း အမ်ဘာပေး ကတော့ အာဆင်နယ်ရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဝီလီယမ် ဆလီဘာ၊ ဒီကလန် ရိုက်စ်နဲ့ ဘူကာယို ဆာကာ တို့ရဲ့ စွမ်းဆောင်မှုတွေက မြောက်လန်ဒန် ကလပ်ကို လမ်းကြောင်းမှန်ပေါ် ပို့ဆောင်ပေးလိမ့်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

ဂျာမန် သတင်းဌာန BILD က အမ်ဘာပေးကို ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ခန့်မှန်းခိုင်းခဲ့တာ ဖြစ်ပြီး ပြင်သစ်သားက အာဆင်နယ်နဲ့ အတူ လစ်ဗာပူးလ်နဲ့ မန်ချက်စတာစီးတီး တို့ဟာလည်း ဖလား ကိုင်မြှောက်နိုင်တဲ့ အသင်းတွေ အဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဒါ့အပြင် ပပ် ဂွါဒီယိုလာရဲ့ မန်စီးတီး ကလည်း မန်ချက်စတာယူနိုက်တက်နဲ့ ခက်ခဲတဲ့ ခါးသီး ပရီးမီးယားလိဂ် ဒါဘီ ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။
လစ်ဗာပူးလ်နဲ့ မန်စီးတီးလည်း ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ကြောင်း ခန့်မှန်းပေးခဲ့တဲ့ အမ်ဘာပေး

အမ်ဘာပေးက“ဟုတ်ပါတယ်။ လစ်ဗာပူးလ်ဟာ ချန်ပီယံဆု တစ်ခုပြီး တစ်ခု ဆွတ်ခူးဖို့ စိတ်ပိုင်းဖြတ်ထားတာကြောင့် အရင်ဦးဆုံး ပြောဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အာဆင်နယ် အတွက် ကျွန်တော် မျှော်လင့်ချက် ကြီးကြီးမားမား ရှိနေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အသင်း ရဲ့ အမာခံတွေက တစ်ယောက်နဲ့ တစ်ယောက် အချိန်အတော်ကြာ သိနေကြလို့ပါ။ ဒါဟာ ဘောလုံးရဲ့ အရေးပါတဲ့ အချက် ဖြစ်ပါတယ်။ နောက်ပြီး မန်စီးတီးက ပပ် ဂွါဒီယိုလာ၊ အာလင်း ဟာလန်း တို့နဲ့ အတူ အမြဲတမ်း ရှေ့ဆုံးမှာ ရှိနေပါတယ်။”

တိကျ သေချာတဲ့ ခန့်မှန်းချက် တစ်ခု အတွက် တွန်းအားပေး မေးမြန်းခံရချိန်မှတော့တော့ အမ်ဘာပေးက အာဆင်နယ် ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ “ဒါက ခက်ခဲ့ပါတယ်။ အာဆင်နယ် ဖြစ်နိုင်ပါတယ်၊ ဒါက သူတို့ရဲ့ နှစ်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ မန်စီးတီး ဒါမှမဟုတ် လစ်ဗာပူးလ် ကတော့ ပြောဖို့ ပိုလွယ်ပါလိမ့်မယ်။” လို့ အမ်ဘာပေးက ပြောကြားသွားခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ နိုင်ငံတကာ ရက်သတ္တပတ် မတိုင်ခင် မီခဲလ် အာတေးတားရဲ့ အာဆင်နယ်ကို ၁-၀ ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် ရမှတ် ၉ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေခဲ့ပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ်က အဆင့် ၂ နေရာက ချဲလ်ဆီးကို ၂ မှတ် ဖြတ်ထားနိုင်ပြီး အာဆင်နယ်နဲ့ စပါး ကိုတော့ ၃ မှတ်၊ မန်စီးတီး ကိုတော့ ၆ မှတ် ဖြတ်ထားနိုင်ပြီလည်း ဖြစ်ပါတယ်။ နိုင်ငံတကာ ရက်သတ္တပတ်တွေ အပြီးမှာတော့ လစ်ဗာပူးလ်က ပရီးမီးယားလိဂ် ပွဲစဉ် ၄ အဖြစ် တန်းတက် ဘန်လေနဲ့ ကစားရမှာ ဖြစ်ပါတယ်။ အာဆင်နယ် ကတော့ ပွဲကြပ်နေပြီး နော့တင်ဟမ်ဖောရက်စ်ကို အမ်းမရိတ်စ်မှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပပ် ဂွါဒီယိုလာရဲ့ မန်စီးတီး ကလည်း မန်ချက်စတာယူနိုက်တက်နဲ့ ခက်ခဲတဲ့ ခါးသီး ပရီးမီးယားလိဂ် ဒါဘီ ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်