မနေ့က မန်ချက်စတာယူနိုက်တက် တိုက်စစ် ကစားသမား မေဆန် မောင့် ကတော့ အသင်း အနေနဲ့ ရာသီအကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့် ရချင်တယ် ဆိုရင် ဘယ်လို ကစားရမယ် ဆိုတာ ပြောကြားလာခဲ့ပါတယ်။ မောင့်က ခရစ္စတယ်ပဲလေ့စ်ကို Come Back ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲက ခြေစွမ်းမျိုးကို ဆက်ထိန်းထားဖို့ လိုအပ်ကြောင်း အသင်းဖော်တွေကို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ မေဆန် မောင့်က ယူနိုက်တက် အတွက် အဖိုးတန် အနိုင်ဂိုး သွင်းယူပေးခဲ့ပြီး အခုဆိုရင်တော့ ယူနိုက်တက်ဟာ အမှတ်ပေးဇယား အဆင့် ၃ နေရာက ချဲလ်ဆီးနဲ့ ၃ မှတ် အကွာ အဆင့် ၇ နေရာမှာ ရပ်တည်ထားနိုင်ပြီလည်း ဖြစ်ပါတယ်။ အဲဒီပွဲမှာ မေဆန် မောင့်က ယူနိုက်တက် ကစားသမား ဘ၀ ၂ နှစ်တာ ကာလ အတွင်း ပထမဦးဆုံး အကြိမ် အဖြစ် ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲမှာ ပွဲချိန်ပြည့် ကစားခဲ့ရသလို ၂၀၂၃ ဇန်နဝါရီ နောက်ပိုင်း (ချဲလ်ဆီး ကစားသမား ဘ၀) ပထမဦးဆုံး အကြိမ်လည်း ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲအပြီးမှာ မေဆန် မောင့်က “ကျွန်တော်တို့ အသင်းဟာ အနိမ့်အမြင့်၊ အတက်အကျတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း အရင်ကထက် ပိုကောင်းတဲ့ အဆင့် တစ်ခုကို ရောက်လာပြီလို့ ထင်ပါတယ်။ ကျွန်တော် တစ်ယောက်တည်း အတွက် မဟုတ်ဘဲ အသင်းလိုက်ပါ ပိုကောင်းလာတယ်လို့ ထင်ပါတယ်။ အခုပွဲကစလို့ နောက်ထပ် နိုင်ပွဲတွေ အများကြီး ရအောင် စွမ်းဆောင်ပြနိုင်ဖို့ လိုအပ်ပါတယ်။ အဲဗာတန်နဲ့ ပွဲမှာ ရှုံးခဲ့တာကြောင့် အခုနိုင်ပွဲက အရမ်းကို အရေးပါတဲ့ နိုင်ပွဲ ဖြစ်ခဲ့ပါတယ်။ ထိပ်ဆုံး ၄ သင်း စာရင်းဝင်အောင် ဆက်လက် ကြိုးစားသွားရမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ယူနိုက်တက်က လန်ဒန် ကလပ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်း နောက်ဆုံး ၂၇ ပွဲမှာ ဒီပွဲ အပါအဝင် စုစုပေါင်း ၄ ပွဲသာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ၂၀၂၄ ဒီဇင်ဘာလ အတွင်း မန်စီးတီးကို အနိုင်ရပြီး နောက်ပိုင်း ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲရဲ့ ပထမပိုင်း အပြီးမှာ ၁-၀ ဂိုးနဲ့ ရှုံးနိမ့်နေပြီးမှ နိုင်ပွဲရခဲ့တာ ကလည်း ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဆဲလ်ဟတ်စ်ပါ့ခ်မှာ ၂၀၂၀ ဇူလိုင်လ နောက်ပိုင်း ပထမဦးဆုံး အကြိမ် ပရီးမီးယားလိဂ် နိုင်ပွဲ ပြန်လည် ရရှိခဲ့တာ ဖြစ်ပါတယ်။ ရှုံးနိမ့်ခဲ့တဲ့ ပဲလေ့စ် ကတော့ ပရီးမီးယားလိဂ် အိမ်ကွင်း ၁၂ ပွဲဆက် ရှုံးပွဲ မရှိမှု ကလည်း ရပ်တန့်သွားခဲ့ပါတယ်။
မေဆန် မောင့်ဟာ ယူနိုက်တက်ကို စရောက်တဲ့ နှစ်တွေတုန်းက ဒဏ်ရာ ပြဿနာတွေ အပြင် ပုံမှန် ခြေစွမ်းမပြနိုင်ခဲ့တာတွေကြောင့် ရုန်းကန်ခဲ့ရတာပါ။ ဒါပေမယ့်လည်း လက်ရှိ ရာသီ မှာတော့ မောင့်က ယူနိုက်တက် တိုက်စစ် အတွက် အရေးပါတဲ့သူ ဖြစ်နေပြီး ပြိုင်ပွဲစုံ ၁၁ ပွဲမှာ ၂ ဂိုးသွင်းကာ ဂိုး ဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


