နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မန်ချက်စတာက မိုးပြာလား။ အနီလား။ | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာစီးတီး – မန်ချက်စတာယူနိုက်တက်

အခုတစ်ပတ် ပရီးမီးယားလိဂ် စူပါဆန်းဒေးရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ထိပ်တိုက်တွေ့ဆုံမှု အဖြစ် မန်ချက်စတာဒါဘီ ပွဲစဉ် ရှိနေပါတယ်။ အစဉ်အလာ ကြီးမားတဲ့ မန်ချက်စတာဒါဘီ ဖြစ်နေတာကြောင့် အကြိတ်အနယ် ရှိလာဦးမှာ ဖြစ်ပြီး မန်ချက်စတာက အပြာလား။ အနီလား။ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ နောက်ပိုင်း တွေ့ဆုံမှုတွေမှာ နိုင်ပွဲရဖို့ ရုန်းကန်နေရတဲ့ စီးတီးတို့ ပရီးမီးယားလိဂ် အဖွင့် ၃ ပွဲမှာ ၂ ပွဲ ရှုံးထားပါတယ်။ နောက်ဆုံး နှစ်ပွဲဆက် စပါးနဲ့ ဘရိုက်တန်ကို ရှုံးထားတဲ့ မန်စီးတီးရဲ့ ခြေစွမ်းက အားနည်းချက်တွေ များစွာ ရှိနေတာ တွေ့ရပါတယ်။ တစ်ပွဲနဲ့ တစ်ပွဲ ခြေစွမ်း အတက်အကျ မမှန် ဖြစ်နေပြီး အများကြီး အားကိုးရမယ် ထင်ခဲ့ရတဲ့ ကွင်းလယ်ပိုင်း ကလည်း ခြေစွမ်းမပြနိုင် ဖြစ်နေပါတယ်။ အဓိက ကတော့ ဘာနာဒို ဆေးလ်ဗား ခြေစွမ်း ကျဆင်းလာတာကြောင့် မန်စီးတီးရဲ့ ကွင်းလယ်ပိုင်းက ရုန်းကန်နေရပါတယ်။ မန်စီးတီးဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၃ နေရာကို ရောက်ရှိနေပြီး နိုင်ပွဲ ပြန်လည် ရှာတွေ့ဖို့ လိုအပ်နေတာကြောင့် အခုပွဲကို သေချာပေါက် အားထည့်လာပါလိမ့်မယ်။

ယူနိုက်တက် ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ မှာ တန်းတက် ဘန်လေကို အသေအလဲ ကစားပြီး ဘရူနို ဖာနန်ဒက်စ်ရဲ့ နောက်ကျ ပင်နယ်တီ အနိုင်ဂိုးနဲ့ ဒီရာသီ အတွက် ပထမဦးဆုံး ၃ မှတ် ရထားပါတယ်။ ဒီနိုင်ပွဲက ရူဘင် အမော်ရင်နဲ့ ယူနိုက်တက် အတွက် အတိုင်းအတာ တစ်ခု အထိ အသက်ရှူ ချောင်စေခဲ့ပေမယ့် အားနည်းချက်တွေ၊ အမှားတွေ အများကြီး အတွက် ပြင်ဆင်ဖို့ လိုအပ်နေပါသေးတယ်။ ဆိုးတာက အဲဒီပွဲမှာ အသင်း အတွက် အားကိုးနေရတဲ့ ကူညာ၊ ဒါးလော့တ်နဲ့ မေဆန် မောင့်တို့ ဒဏ်ရာရသွားတာ ဖြစ်ပါတယ်။ သေချာတာ ကတော့ ယူနိုက်တက် အနေနဲ့ ဒီပွဲကို အခက်အခဲတွေ အများကြီးနဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ မန်ချက်စတာစီးတီး ဘက်က ဘက်တင်နယ်လီ၊ ကိုဗာချစ်၊ နူရီ၊ အိုမာ မာမွတ်ရှ်၊ ချာကီ တို့ လွဲချော်မှာ ဖြစ်ပြီး အိုရွိုင်လီ၊ ဆာဗင်ညို တို့ကတော့ ပါဝင်ကစားဖို့ မသေချာသေးပါဘူး။

ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ ၂ ကြိမ်စီ အနိုင်ရထားကြပြီး ၁ ကြိမ် သရေကျထားပါတယ်။
ပရီးမီးယားလိဂ် ၃ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၄ မှတ် ရထားတဲ့ မန်ချက်စတာယူနိုက်တက်

ယူနိုက်တက် ဘက်မှာလည်း အပေါ်မှာ ပြောခဲ့သလိုပဲ မားသီးယက်စ် ကူညာ၊ လီဆန်ဒရို မာတီနက်ဇ်၊ မေဆန်မောင့်နဲ့ ဒီယိုဂို ဒါးလော့တ်တို့ လွဲချော်မှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

မန်ချက်စတာစီးတီး – ဒွန်နာရမ်းမား၊ မားသီးယက်စ် နူနက်စ်၊ ရူဘင် ဒီးရာ့စ်၊ အေခီ၊ အိုရွိုင်လီ၊ ဘာနာဒို၊ ရိုဒရီ၊ ရီအင်ဒါ၊ ဘော့ဘ်၊ ဟာလန်း၊ ဒိုကု

မန်ချက်စတာယူနိုက်တက် – ဘာယင်ဒါ၊ ယိုရို၊ ဒီလစ်ဂျ်၊ ရှော၊ မက်ဇရာရီ၊ ကက်စ်မဲရိုး၊ ဖာနန်ဒက်စ်၊ ဒေါဂူ၊ အမ်ဘူမို၊ ဆက်စ်ကို၊ အာမက်ဒ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက နောက်ဆုံး ၄၁ ကြိမ် တွေ့ဆုံမှုမှာ စီးတီးက ၁၉ ကြိမ်နိုင်၊ မန်ချက်စတာယူနိုက်တက်က ၁၆ ကြိမ် နိုင်ပြီး ၆ ကြိမ် သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ ၂ ကြိမ်စီ အနိုင်ရထားကြပြီး ၁ ကြိမ် သရေကျထားပါတယ်။ အက်တီဟတ်မှာ ကစားတဲ့ နောက်ဆုံး ၅ ကြိမ် မှာ မန်စီးတီးက ၃ ကြိမ် နိုင်ပြီး ယူနိုက်တက်က ၂ ကြိမ် နိုင်ကာ သရေ မရှိခဲ့ပါဘူး။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ မန်စီးတီး နိုင်ရင် ၁.၇၉ ဆ၊ ယူနိုက်တက် နိုင်ရင် ၃.၇၂ ဆ နီးပါးနဲ့ သရေ ဆိုရင်တော့ ၃.၆၆ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာ‌တော့ မန်စီးတီးက တစ်လုံး သရေလောက်အထိ ပေါက်နေပြီး ဂိုးပေါင်း ကတော့ ၃ လုံးကက စဖွင့်ပါတယ်။ လက်ရှိ ခြေစွမ်းပိုင်း အရ မန်စီးတီးက အနည်းငယ် အကျဘက် ရောက်နေပါတယ်။ အက်တီဟတ်မှာ ကစားရမှာ ဖြစ်ပေမယ့် ယူနိုက်တက် ကလည်း ဂုဏ်သိက္ခာအရ အမြင့်ဆုံး စိတ်ဓာတ်နဲ့ ကစားလာနိုင်ပါတယ်။ ယူနိုက်တက်ဟာ အသင်းနိမ့်နေချိန် ပြီးခဲ့တဲ့ ရာသီ ကတောင် မန်စီးတီးကို အက်တီဟတ်မှာ အနိုင်ယူပြီး အိုးထရက်ဖို့ဒ်မှာ သရေကစားခဲ့ပါတယ်။ 1×2 မှာ ဆိုရင်တော့ သရေ ရလဒ်နဲ့ အရဲစွန့်ထားချင်ပြီး ဂိုးအနည်းလည်း ကြိုက်မိပါတယ်။ ဟန်းဒီးကပ်မှာ ဆိုရင်တော့ ယူနိုက်တက် ဘက်မှာပဲ ရပ်တည်ရမှာပါ။

ခန့်မှန်းရလဒ်

မန်ချက်စတာစီးတီး ၁-၁ မန်ချက်စတာယူနိုက်တက်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်