မန်ချက်စတာစီးတီး ကတော့ ပရီးမီးယားလိဂ် တန်းတက် ကလပ် ဘန်လေရဲ့ ဂိုးသမား ဂျိမ်းစ် ထရက်ဖို့ဒ်ကို အပိုဆုကြေးတွေ အပါအဝင် ပေါင် ၃၁ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ကြောင်း သိရပါတယ်။ အသက် ၂၂ နှစ် အရွယ် အင်္ဂလန် ဂိုးသမား ဂျိမ်းစ် ထရက်ဖို့ဒ်ဟာ မန်စီးတီး အကယ်ဒမီထွက် ဖြစ်ပြီး ၂၀၂၃ ခုနှစ် နွေရာသီမှာ ဘန်လေကို ပေါင် ၁၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။
ထရက်ဖို့ဒ် ကတော့ တီဂျန်နီ ရီအင်ဒါ၊ ရေယန် ချာကီ၊ ရေယန် အစ် နျူရီ၊ ဆက်ဗရီ နီပန်းနဲ့ မားကပ်စ် ဘက်တင်နယ်လီ တို့ပြီးနောက် လက်ရှိ အပြောင်းအရွှေ့ကာလ မန်စီးတီးရဲ့ ၆ ယောက်မြောက် ကစားသမား ခေါ်ယူမှုလည်း ဖြစ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ ထရက်ဖို့ဒ်ကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်း အရင်ဆုံး ပေးချေရမှာ ဖြစ်ပြီး အပိုဆုကြေးပါ ထည့်တွက်မယ် ဆိုရင် ပေါင် ၃၁ သန်း အထိ ပေးချေရမှာ ဖြစ်ပါတယ်။ ဒါဟာ ဗြိတိန် ဂိုးသမား တစ်ဦး အတွက် စံချိန်တင် ပြောင်းရွှေ့ကြေးလည်း ဖြစ်ခဲ့ပါတယ်။
အစောပိုင်းမှာ နယူးကာဆယ်က ဂျိမ်းစ် ထရက်ဖို့ဒ်ကို ခေါ်ယူဖို့ အပြင်းအထန် ချိတ်ဆက်ခဲ့ပေမယ့်လည်း လက်ရှိ မှာတော့ ဆောက်သမ်တန်က အာရွန် ရမ်းစ်ဒေးလ်ကို ခေါ်ယူသွားခဲ့ပါတယ်။ တပြိုင်နက်တည်း မှာပဲ မန်စီးတီး ကလည်း ဂျိမ်းစ် ထရက်ဖို့ဒ်ကို ခပ်မြန်မြန်ပဲ ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ မန်စီးတီးမှာ စတီဖန် အော်တီဂါ ထွက်ခွာဖို့ ရှိနေတာကြောင့် ဂျိမ်းစ် ထရက်ဖို့ဒ် အနေနဲ့ ပထမဂိုးသမား နေရာ အတွက် အီဒါဆန် မိုရေးစ်နဲ့ အဓိက ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

ဒီလို မန်စီးတီး ဂိုးသမား ဖြစ်လာတဲ့ ဂျိမ်းစ် ထရက်ဖို့ဒ်က မန်စီးတီးရဲ့ ၀က်ဘ်ဆိုဒ် ကနေ အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ ထရက်ဖို့ဒ်က “ကျွန်တော့်ရဲ့ ခရီးစဉ်က ကွဲပြားနေမယ် ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော် ၁၈ နှစ်မှာ အငှားနဲ့ ထွက်ခွာသွားတဲ့အချိန် ဒါမှမဟုတ် အသက် ၂၀ တုန်းက ဘန်လေကို ထွက်ခွာသွားချိန်မှာ ဒီနေရာကို ကျွန်တော် ပြန်လာနိုင်မယ်လို့ အမြဲတမ်း ယုံကြည်ခဲ့ပါတယ်။ တစ်နေ့ ငါပြန်လာမယ်လို့ အမြဲတမ်း ယုံကြည်ခဲ့ပြီး ဒီအခိုက်အတန့်ကို အောင်မြင်အောင် ကြိုးစားနိုင်ခဲ့တယ်။” လို့ ဆိုပါတယ်။
ဆက်လက်ပြီး “ကျွန်တော် မန်စီးတီး အတွက် ကစားပေးမယ်လို့ အမြဲတမ်း ယုံကြည်ခဲ့ပြီး အဲဒါကို လုပ်နိုင်တဲ့သူက ကျွန်တော်ပဲ ဆိုတာ သိနေပါတယ်။ အခု ကျွန်တော် ဒီအချိန် ရောက်နေပါပြီ။ ကျွန်တော် ရှေ့ဆက်သွားရပါတော့မယ်။” လို့ ထရက်ဖို့ဒ်က ပြောကြားခဲ့ပါတယ်။
ထရက်ဖို့ဒ် ကတော့ ပရီးမီးယားလိဂ်ကို ၂၀၂၃-၂၀၂၄ ဘောလုံးရာသီက နောက်ဆုံး ကစားခဲ့ပြီးတော့ အဲဒီတုန်းက ဘန်လေက တန်းဆင်းခဲ့ရပါတယ်။ အဲဒီရာသီက ထရက်ဖို့ဒ်ဟာ ဘန်လေ အတွက် ၂၈ ပွဲ ကစားပေးခဲ့ပြီးတော့ Clean Sheet ၂ ပွဲသာ ရှိခဲ့ပြီး ကာကွယ်မှု ရာခိုင်နှုန်း ကတော့ ၆၃.၁ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။
ဒါပေမယ့်လည်း ဘန်လေက နည်းပြ စကော့တ် ပါကား လက်ထက် ပွဲဦးထွက် ရာသီမှာ ခံစစ် မှတ်တမ်းကောင်း များစွာကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ ဘန်လေဟာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ချန်ပီယံရှစ်မှာ ၄၆ ပွဲ ကစားပြီး ပေးဂိုး ၁၆ ဂိုးသာ ရှိခဲ့ပါတယ်။ ဘန်လေဟာ ပြီးခဲ့တဲ့ ရာသီက Clean Sheet ပွဲ ၃၀ အထိ ရှိခဲ့ပြီး စံချိန်ကောင်း တစ်ရပ်ကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.