နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူနိုက်တက်က ကစားပုံကောင်းခဲ့ပေမယ့် မပြည့်စုံသေးဘူးလို့ ဆိုလိုက်တဲ့ အမော်ရင် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် ကတော့ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဆန်းဒါးလန်းကို ၂-၀ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း နည်းပြ ဖြစ်သူ ရူဘင် အမော်ရင် ကတော့ သူတို့ အနေနဲ့ ကစားပုံ ကောင်းမွန်ပေမယ့် ပြီးပြည့်စုံခြင်း မရှိသေးဘူးလို့ ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ဟာ မေဆန်မောင့်နဲ့ ဘင်ဂျာမင် ဆက်စ်ကို တို့ရဲ့ ပထမပိုင်း သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာ ဖြစ်ပြီး ဒီနိုင်ပွဲက ပေါ်တူဂီ လူမျိုး နည်းပြ အပေါ် ကြီးထွားလာနေတဲ့ ဖိအားတွေကို ဖြေလျှော့ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲဟာ ယူနိုက်တက် အတွက် ပရီးမီးယားလိဂ် နောက်ဆုံး ၈ ပွဲမှာ ၄ ပွဲမြောက် နိုင်ပွဲ ဖြစ်ခဲ့ပြီး နှစ်အတန်အကြာ ဝေးကွာနေခဲ့တဲ့ အိမ်ကွင်း ၃ ပွဲဆက် နိုင်ပွဲလည်း ပြန်လည် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အမော်ရင် လက်ထက် နိုင်ပွဲ ၁၀ ပွဲမှာ ၅ ပွဲက တန်းတက် ကလပ်တွေကို အနိုင်ရထားခဲ့တာလည်း တွေ့ရပါတယ်။

ယူနိုက်တက် အနေနဲ့ ဒီရာသီ အိမ်ကွင်း ၄ ပွဲမှာ ၃ ပွဲ အနိုင်ရထားပေမယ့်လည်း အဝေးကွင်း ရလဒ်တွေ ကတော့ ဆိုရွားနေဆဲ ဖြစ်ပါတယ်။ လက်တလော မှာတော့ ယူနိုက်တက်က ပရီးမီးယားလိဂ် ၇ ပွဲ ကစားပြီး ရမှတ် ၁၀ မှတ်နဲ့ အတူ အမှတ်ပေးဇယား အဆင့် ၉ နေရာကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ်နဲ့လည်း ၆ မှတ်သာ ကွာဟနေပါတယ်။

ဒါပေမယ့်လည်း အမော်ရင် ကတော့ ပွဲပြီး အင်တာဗျူးမှာ သူ့ အသင်းက လိုအပ်ချက်တွေ ရှိနေသေးကြောင်း အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။ အမော်ရင်က “ဟုတ်ပါတယ်။ ပွဲတွေကို အနိုင်ရတာ ကောင်းပါတယ်။ ကျွန်တော် တို့ဟာ ရင့်ကျက်တဲ့ အသင်း တစ်သင်း ဖြစ်ခဲ့ပါတယ်။”

“ကျွန်တော် တို့ဟာ တစ်ပွဲလုံး ကောင်းကောင်း မကစားနိုင်ခဲ့ပေမယ့် ကျွန်တော်တို့ရဲ့ အခိုက်အတန့်တွေကို ကောင်းမွန်စွာ ကာကွယ်နိုင်ခဲ့ပါတယ်။ ဆန်နီ (လမ်မန်စ်) က ကောင်းမွန်စွာ လုပ်ဆောင်ခဲ့ပြီး ကျွန်တော် တို့ကို ယုံကြည်မှု ပေးခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါဟာ ကောင်းမွန်တဲ့နေ့ပါ၊ ပြီးပြည့်စုံတဲ့နေ့ မဟုတ်ပေမယ့် ဒီလိုမျိုး Clean Sheet နဲ့ အနိုင်ရဖို့က ကျွန်တော်တို့ အသင်း အတွက် အရေးကြီးပါတယ်။ အသင်းတိုင်း အထူးသဖြင့် အသင်းကြီးတွေ အနေနဲ့ အိမ်ကွင်း ပွဲတိုင်းကို အနိုင်ရဖို့ လိုအပ်ပါတယ်၊ ဒါပေမယ့် အိမ်ကွင်းမှာရော အဝေးကွင်းမှာပါ အတူတူ စွမ်းဆောင်နိုင်ရပါမယ်။” လို့ အမော်ရင်က ပြောကြားသွားခဲ့ပါတယ်။

လက်တလော မှာတော့ ယူနိုက်တက်က ပရီးမီးယားလိဂ် ၇ ပွဲ ကစားပြီး ရမှတ် ၁၀ မှတ်နဲ့ အတူ အမှတ်ပေးဇယား အဆင့် ၉ နေရာကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် ၇ ပွဲ ကစားပြီး ရမှတ် ၁၀ မှတ် စုဆောင်းထားတဲ့ ယူနိုက်တက်

တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကို ကတော့ ပရီးမီးယားလိဂ် အဖွင့် ၅ ပွဲဆက် ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ပွဲစဉ် ၆ နဲ့ ၇ မှာတော့ နှစ်ပွဲဆက် သွင်းဂိုး ရရှိခဲ့ပါတယ်။ ဒါဟာ သူ့ အတွက် လိုက်ပ်ဇစ်မှာ ၂၀၂၄ ဒီဇင်ဘာ ကနေ ၂၀၂၅ ဇန်နဝါရီ အထိ ၅ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ပထမဦးဆုံး အကြိမ် အဖြစ် ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဂိုးတွေ သွင်းယူလာနိုင်တဲ့ ဆက်စ်ကိုရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီးတော့လည်း အမော်ရင်က “သူ့မှာ ဒီထက်ပိုပြီး လုပ်ဆောင်နိုင်တဲ့ အလားအလာ ရှိပါတယ်။ ဒါက ဘန် အတွက် ကောင်းတဲ့အချက်ပါ။ သွင်းဂိုးတွေ အတွက်တင် မဟုတ်ပဲ အသေးစိပ် အတွက် ကောင်းမွန်တဲ့ အခြေအနေပါ။”

“ဟုတ်ပါတယ်။ မီဒီယာတွေက သူ့ကို တိုက်စစ်မှူး တစ်ယောက် အနေနဲ့ ဂိုးသွင်းဖို့ ဖိအားတွေ အများကြီးပေးခဲ့ပေမယ့် အရေးကြီးတာက ဒီနေ့လိုမျိုး သူရှိနေဖို့ပါပဲ။ ကျွန်တော်တို့ (သူ့ကို) တည်ဆောက်ပေးရပါမယ်။ ဘာလို့လဲဆိုတော့ ဒီကလပ်မှာ ကျွန်တော်တို့ စွမ်းဆောင်ရည်တွေ ပြသနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် သူက တကယ်ကို ကောင်းမွန်နေတာပါ။ ထပ်ပြီး အများကြီး တိုးတက်ဖို့လည်း လိုအပ်နေပါသေးတယ်။” လို့ အမော်ရင်က ဆိုပါတယ်။

ယူနိုက်တက်ဟာ နိုင်ငံတကာ ရက်သတ္တပတ် မတိုင်ခင် နိုင်ပွဲနဲ့ သိမ်းနိုင်ခဲ့တာ ဖြစ်ပြီး ရှေ့လာမယ့် ပွဲစဉ်တွေက တော်တော်လေး ခက်ခဲဖို့ ရှိနေပါတယ်။ ယူနိုက်တက်ဟာ နိုင်ငံတကာ ရက်သတ္တပတ် ၂ ပတ် ပြီးရင်တော့ လစ်ဗာပူးလ်၊ ဘရိုက်တန်၊ ဖောရက်စ်၊ စပါး၊ အဲဗာတန်၊ ပဲလေ့စ် တို့နဲ့ ဆက်တိုက် ကန်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်