နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အပြောင်းအရွှေ့ ပိတ်ခါနီးမှာ စတီလာနဲ့ ဂယ်လာဟာကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ မန်ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ထိပ်တန်း ကွင်းလယ် ကစားသမား တချို့ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးကြောင်း သိရပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ ဆိုရင် ယူနိုက်တက်က အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ စတုဂတ်ရဲ့ ဂျာမန် ကွင်းလယ် ခံစစ်ကစားသမား အန်ဂျယ်လို စတီလာကို ကမ်းလှမ်းခဲ့သလို အက်တလက်တီကိုမက်ဒရစ်က အင်္ဂလန် ကွင်းလယ် ကစားသမား ကော်နာ ဂယ်လာဟာ ကိုလည်း ကြိုးပမ်းခဲ့သေးပေမယ့် ငြင်းပယ်ခံခဲ့ရကြောင်း သိရပါတယ်။

ယူနိုက်တက်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့ ကာလ တစ်လျှောက်လုံး ကွင်းလယ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ ကြိုးစားခဲ့ပြီး ကစားသမား တော်တော်များများနဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။ တကယ်တော့ ယူနိုက်တက် နည်းပြ ရူဘင် အမော်ရင်ရဲ့ အဓိက ဦးစားပေး ပစ်မှတ်က ကားလို့စ် ဘယ်လီဘာ့ ဖြစ်ပေမယ့် ဘရိုက်တန်နဲ့ သဘောတူညီမှု မရခဲ့တာကြောင့် တခြားသော ပစ်မှတ်တွေကို ပြောင်းလဲ ချဉ်းကပ်ခဲ့တာပါ။

ယူနိုက်တက်ဟာ ဒီနွေရာသီ အစောပိုင်းမှာ အန်ဂျလို စတီလာ အတွက် စတုဂတ်ဆီ စုံစမ်းမေးမြန်းခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် စျေးကွက်ပိတ်ခါနီးမှ ရုတ်တရက် ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စတီလာ ကတော့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဂျာမနီ လက်ရွေးစင် အသင်း အတွက် ကစားပေးလိုတာကြောင့် ပုံမှန် ပွဲထွက် ကစားခွင့် ရမယ့် စတုဂတ် မှာသာ ဆက်ရှိဖို့ ဆုံးဖြတ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်ကို ငြင်းပယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် ဂယ်လာဟာကို သူ့ရဲ့ ပရီးမီးယားလိဂ် ကလပ်ဟောင်း ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ် ကလည်း ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပါသေးတယ်။
ကွင်းလယ်ပိုင်း အတွက် အင်အားဖြည့်တင်းနိုင်ခြင်း မရှိတဲ့ ယူနိုက်တက်

၂၀၂၄ ခုနှစ်မှာ ဂျာမနီ လက်ရွေးစင် အဖြစ် စတင် ရွေးချယ်ခံခဲ့ရတဲ့ အသက် ၂၄ နှစ် အရွယ် ကစားသမားဟာ ပြည်ပထွက် ကစားဖို့ စိတ်ဝင်စားပေမယ့် လက်ရှိအချိန် မှာတော့ စတုဂတ် မှာပဲ ဆက်နေလိုကြောင်း ထုတ်ဖော် ပြောကြားထားပါသေးတယ်။ ဒါ့အပြင် သူ့အနေနဲ့ ကစားသမား ဘဝကို အမေရိကန် မေဂျာလိဂ် ပြိုင်ပွဲမှာ အဆုံးသတ်ဖို့ ရည်မှန်းထားကြောင်းလည်း ဖွင့်ဟထားပါတယ်။

ဒါ့အပြင် မန်ချက်စတာယူနိုက်တက်ဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ အက်တလက်တီကိုမက်ဒရစ်ရဲ့ ကွင်းလယ်လူ ကော်နာ ဂယ်လာဂါကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဂယ်လာဟာ ကလည်း ဒီယေဂို ဆီမြွန်နီရဲ့ အသင်း အတွက် ဒီရာသီ လာလီဂါ ပွဲစဉ် ၃ ပွဲစလုံး ပါဝင်ကစားပေးနေတဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်နေပါတယ်။ ၂၀၂၄ ခုနှစ် နွေရာသီမှာ ချဲလ်ဆီး ကနေ ပေါင် ၃၄ သန်းနဲ့ အက်တလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့ခဲ့တဲ့ ဂယ်လာဟာက လာလီဂါ ကလပ် အတွက် ပြိုင်ပွဲစုံ ၅၃ ပွဲ ကစားပြီး ၂ ဂိုး သွင်းယူပေးထားပါတယ်။ ဒါကြောင့် အက်တလက်တီကိုမက်ဒရစ်က အင်္ဂလန် လက်ရွေးစင် ကစားသမားကို အသင်း ကနေ ထွက်ခွာခွင့်ပြုဖို့ ဆန္ဒမရှိတာကြောင့် ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ချက်ချင်းပဲ ပယ်ချခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ဂယ်လာဟာကို သူ့ရဲ့ ပရီးမီးယားလိဂ် ကလပ်ဟောင်း ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ် ကလည်း ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပါသေးတယ်။

ဒီနွေရာသီမှာ ကစားသမားသစ် ၄ ဦးသာ ခေါ်ယူနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် နိုင်ငံတကာ ရက်သတ္တပတ် ပြီးဆုံးချိန်မှာတော့ မြိုခံ ပြိုင်ဘက် မန်ချက်စတာစီးတီးနဲ့ ခါးသီး ဒါဘီ ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ် ၃ အပြီး ရမှတ် ၄ မှတ်နဲ့ အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်