နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘက်စတိုနီကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူမယ့် လစ်ဗာပူးလ်၊ လိုက်ပ်ဇစ် ကြယ်ပွင့်ကို မျက်စိကျနေတဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

အခုတစ်ခါမှာတော့ နိုဝင်ဘာလ ၆ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လစ်ဗာပူးလ် ကတော့ အင်တာမီလန် နောက်ခံလူ အလက်ဆန်ဒရို ဘက်စတိုနီကို သမိုင်းတစ်လျှောက် ဈေးအကြီးဆုံး နောက်ခံလူဖြစ်စေနိုင်မယ့် ပေါင် ၈၈.၁ သန်းဆိုတဲ့ ပမာဏနဲ့ ခေါ်ယူဖို စီစဉ်နေပါတယ်။ ပရီးမီးယားလိဂ် ကလပ် ကတော့ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့မှာ ကစားသမား ခေါ်ယူဖို့ အတွက် ပေါင်သန်း ၃၀၀ ဝန်းကျင် သုံးစွဲသွားဦးမယ်လို့ သိရပါတယ်။

မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ ဒေါ့မန်နဲ့ ပွဲမှာ ခြေစွမ်းပြပြီး ၂ ဂိုး သွင်းခဲ့တဲ့ ဖိုဒန် အရင်လို ခြေစွမ်းတွေ ပြန်ရနေပြီ ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။ ဖိုဒန်ဟာ သူ့ရဲ့ ကစားသမား ဘဝ တလျှောက် ချန်ပီယံလိဂ် ပွဲစဉ် တစ်ပွဲမှာ ပထမဦးဆုံး အကြိမ် ၂ ဂိုး သွင်းနိုင်တာ ဖြစ်ပါတယ်။

ဆွီဒင် လက်ရွေးစင် အသင်း လူစာရင်းထဲ ဒဏ်ရာကြောင့် ဗစ်တာ ယိုကီးရက်စ် ပါဝင်လာခြင်း မရှိပေမယ့် အိဆက်ခ် ကတော့ ထည့်သွင်း ရွေးချယ်ခံခဲ့ရပါတယ်။ ယိုကီးရက်စ်ဟာ ပြီးခဲ့တဲ့ ဘန်လေနဲ့ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဒဏ်ရာကြောင့် ပထမပိုင်း အပြီးမှာပဲ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။

နက်ရှ်ဗီးလ် နောက်ခံလူကို ကန်ကျောက်ခဲ့တဲ့ အင်တာမိုင်ယာမီ တိုက်စစ်မှူး လူးဝစ္စ ဆွာရက်ဇ် ကတော့ တစ်ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဆွာရက်ဇ် ကတော့ အရင် ကတည်းက ကွင်းထဲမှာ ဥပဒေပြင်ပ လုပ်ရပ်တွေ ကျူးလွန်တတ်သူ အဖြစ် နာမည်ကြီးပါတယ်။

အာဆင်နယ် ကတော့ ဘာစီလိုနာက စိတ်ဝင်စားနေတဲ့ သူတို့ရဲ့ အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်ကို ပေါင် သန်း ၈၀ အထိ တန်ကြေး တိုးမြင့်လိုက်ကြောင်း သိရပါတယ်။ အိုဒီဂတ် ကတော့ အာဆင်နယ်နဲ့ အဓိက ကစားသမား အဖြစ် ရှိနေသေးပေမယ့် နောက်ပိုင်း နှစ်တွေ မှာတော့ ဒဏ်ရာပြဿနာနဲ့ ပုံမှန် ခြေစွမ်းအောက် ရောက်ရှိနေသူ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ လိုက်ပ်ဇစ် ကြယ်ပွင့် အသက် ၁၈ နှစ် အရွယ် ယန်း ဒီယိုမန်ဒီကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်နဲ့ အပြိုင် ကြိုးပမ်းနေပါတယ်။ ဒါပေမယ့်လည်း လိုက်ပ်ဇစ် ကတော့ သူတို့ရဲ့ ကစားသမား အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ် အလိုရှိနေပါတယ်။

အဲဗာတန် ကတော့ နောက်ခံလူ ဂျရတ် ဘရန့်ဝိတ်ကို လက်လွှတ်ဖို့ ဆန္ဒမရှိတာကြောင့် မန်ချက်စတာယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချသွားမယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ ဘရန့်ဝိတ်ကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေထဲက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အဲဗာတန်ရဲ့ တားဆီးမှုတွေကြောင့် အဆင်မပြေ ဖြစ်ခဲ့ရပါတယ်၊

လစ်ဗာပူးလ် ကတော့ လက်ရှိ အသင်း နည်းပြ အာနေး ဆလော့တ် နေရာမှာ အစားထိုးဖို့ အတွက် ကလပ် ဘရုဂေး နည်းပြ နစ်ကီ ဟိုင်ယန်ကို စောင့်ကြည့်လျက် ရှိပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ တောင်ပံ ကစားသမား ဗင်နီးစီးယပ်စ်ရဲ့ တန်ကြေးကို ယူရို သန်း ၁၅၀ ဝန်းကျင် သက်မှတ်လိုက်သလို ကစားသမား ဘက်က နည်းပြ အလွန်ဆိုရဲ့ နည်းစနစ်တွေကို ဝေဖန်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဟာသာဘာလင်က ကန်နတ် အစ်ချ်ဟွန်း ကတော့ ဒုတိယမြောက် အသက်အငယ်ဆုံး ဂျာမန် ဘောလုံးသမား ဖြစ်လာပြီးနောက် ဥရောပထိပ်တန်း အသင်း တချို့၏ မျက်စိကျခြင်းကို ခံခဲ့ရပါတယ်။ ဒီကစားသမား ကိုတော့ မန်ချက်စတာစီးတီးက ဘေယန်မြူးနစ်၊ ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ် တို့နဲ့ အပြိုင် ကြိုးပမ်းသွားဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်