ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကတော့ အသင်းရဲ့ အဓိက ကစားသမား ၂ ဦး ဖြစ်တဲ့ မိုဟာမက် ဆာလာနဲ့ ဗာဂျယ် ဗန်ဒိုက်ခ် တို့ကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ နာမည်ကျော် အားကစား မီဒီယာ The Athletic ရဲ့ ဖော်ပြချက်အရ လစ်ဗာပူးလ်က ဒီကစားသမား နှစ်ဦးစလုံးကို ၂ နှစ် သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုဖို့ တော်တော်လေး နီးစပ်နေပြီ ဖြစ်ကြောင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
တောင်ပံ တိုက်စစ် ကစားသမား မိုဟာမက် ဆာလာနဲ့ ဗဟိုခံစစ်မှူး ဗာဂျယ် ဗန်ဒိုက်ခ် တို့ဟာ လက်ရှိမှာ စာချုပ်သက်တမ်း နောက်ဆုံး လတွေထဲ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အစောပိုင်းမှာ ဒီကစားသမား နှစ်ဦးစလုံးက စာချုပ်သစ်ချုပ်ဆိုဖို့ အတွက် အဆင်မပြေဖြစ်နေပြီး အသင်း ပြောင်းဖို့ပါ ကောလာဟလတွေ တောက်လျောက် ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရက်ပိုင်း အတွင်းမှာ ဆွေးနွေး ညှိနှိင်းမှုတွေမှာ တိုးတက်မှုတွေ ရှိလာခဲ့ပြီးတော့ ဇွန်လ ၂ဝ၂၇ အထိ သက်တမ်း ရှိတဲ့ စာချုပ်သစ်တွေ ချုပ်ဆိုတော့မှာ ဖြစ်ပါတယ်။
The Athletic က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့က လစ်ဗာပူးလ်ဟာ ဗန်ဒိုက်ခ်ကို စာချုပ်သစ် ကမ်းလှမ်းခဲ့ကြောင်း ဖော်ပြခဲ့ပေမယ့် အဲဒီအချိန်တုန်းက သူ့ရဲ့ မျှော်လင့်ချက်နဲ့ မကိုက်ညီသေးပဲ စာချုပ် တန်ကြေး အပြင် စာချုပ်သက်တမ်းနဲ့ ပတ်သက်လို့ သဘောတူညီမှု မရရှိသေးကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် The Athletic ကပဲ ဒီဇင်ဘာလ အတွင်းမှာပဲ လစ်ဗာပူးလ်က မိုဟာမက် ဆာလာကို စာချုပ်သစ် ကမ်းလှမ်းခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အသက် ၃၂ နှစ်အရွယ် အီဂျစ်သားက အသင်းမှာ ဆက်ရှိနေဖို့ ယုံကြည်ချက် ရှိခဲ့ပေမယ့် သဘောတူညီမှု မရလို့ စိတ်ပျက်နေကြောင်း သတင်းတွေ ထွက်ခဲ့ပါတယ်။

မိုဟာမက် ဆာလာနဲ့ ဗာဂျယ် ဗန်ဒိုက်ခ် တို့ဟာ ဒီနွေရာသီမှာ လစ်ဗာပူးလ်တို့ မဖြစ်မနေ စာချုပ် သက်တမ်းတိုးရမယ့် အဓိက ကစားသမား ၃ ဦးထဲက ၂ ဦး ဖြစ်ပြီးတော့ နောက်ထပ် တစ်ဦး ဖြစ်တဲ့ ထရန့် အလက်ဇန္တား အာနိုးလ် ကတော့ ရီးရဲလ်မက်ဒရစ်ထံ ဒီနွေရာသီမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိဖို့ နီးစပ်နေပါတယ်။ လစ်ဗာပူးလ်ဟာ အာနိုးလ်ကို စာချုပ် သက်တမ်း မတိုးနိုင်ရင်တော့ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရတော့မှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာနိုးလ်ကို လက်လွှတ်ခဲ့ရရင်တောင် ဆာလာနဲ့ ဗန်ဒိုက်ခ် တို့လို ဒီရာသီ အသင်း အတွက် အကောင်းဆုံး စွမ်းဆောင်ပေးနေတဲ့ ကစားသမားတွေကို ၂ နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်တော့မှာ ဖြစ်လို့ ပရိသတ်တွေ အတွက်တော့ သတင်းကောင်း ဖြစ်ပါတယ်။
အကယ်၍သာ ဒီကစားသမားတွေ ထွက်ခွာသွားခဲ့ရင် လစ်ဗာပူးလ်ဟာ လာမယ့် နွေရာသီ ဈေးကွက်မှာ တော်တော်လေး အလုပ်ရှုပ်သွားမှာ ဖြစ်ပြီး မြင့်မားတဲ့ ငွေကြေး တစ်ရပ်လည်း ထပ်မံ အသုံးပြုရဦးမှာ ဖြစ်ပါတယ်။ လက်ရှိမှာ လစ်ဗာပူးလ် ကနေ ထွက်ခွာဖို့ သတင်းကြီးနေတဲ့ ကစားသမားတွေ ရှိနေဆဲ ဖြစ်ပြီး ဒီယိုဂို ဂျိုတာ၊ လူးဝစ္စ ဒီးယက်ဇ် တို့ကတော့ ထိပ်ဆုံးက သတင်းတွေ ထွက်နေပါတယ်။
လစ်ဗာပူးလ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ဖို့ နီးစပ်နေပြီးတော့ လာမယ့် တနင်္ဂနွေနေ့ မှာတော့ ဝက်စ်ဟမ်းနဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာက အာဆင်နယ်ကို ၁၁ မှတ် ဖြတ်ထားနိုင်ဆဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.