အခုတစ်ခါမှာတော့ နိုဝင်ဘာလ ၉ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကတော့ ဂါလာတာဆာရေး တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်ရဲ့ အပြောင်းအရွှေ့ကို ဦးဆောင်နေပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်၊ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့ အားလုံးက နိုင်ဂျီးရီးယား လက်ရွေးစင် ကစားသမားကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။
အက်တလက်တီကိုမက်ဒရစ် မန်နေဂျာ ဒီယေဂို ဆီမြွန်နီ ကတော့ သူ့အသင်းရဲ့ ယေဘုယျ စရိုက်လက္ခဏာကို မကျေနပ်ဘဲ အတွေးအခေါ်တူ ကစားသမားများကို ပိုမို ခေါ်ယူဖို့ စိတ်အားထက်သန်နေသည်။ ဆီမြွန်နီဟာ ရီးရဲလ်မက်ဒရစ် ဘယ်နောက်ခံလူ ဖာလန်း မန်ဒီကို အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း El Nacional က ဖော်ပြပါတယ်။
လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ တော့တင်ဟမ်ဟော့စပါးက စိတ်ဝင်စားနေတဲ့ ရီးရဲလ်ဆိုစီဒက် တောင်ပံ ကစားသမား တာကာဖူဆာ ကူဘိုကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။ ဆိုစီဒက်က ကူဘို အတွက် ယူရို ၃၀ သန်း (ပေါင် ၂၆.၄ သန်း၊ ဒေါ်လာ ၃၄.၇ သန်း) ရရှိဖို့ မျှော်လင့်နေပြီး စာချုပ်ထဲမှာတော့ ပြန်လည် ရောင်းချချိန်မှာ ၅၀ ရာခိုင်နှုန်း ရရှိမယ့် သဘောတူညီချက်ကို ထည့်သွင်းချုပ်ဆိုသွားဖို့ ရှိနေပါတယ်။
ချဲလ်ဆီးနဲ့ ပဲရစ်စိန့်ဂျာမိန်း ကတော့ ခရစ္စတယ်ပဲလေ့စ် ညာနောက်ခံလူ ဒန်နီရယ် မူနော့ဇ်ကို ခေါ်ယူဖို့ ဘာစီလိုနာနှင့် အပြိုင် ကြိုးပမ်းသွားရမှာ ဖြစ်ကြောင်း Fichajes က ဖော်ပြပါတယ်။
လီဗန်တေး တိုက်စစ်မှူး ကားလ် အက်တာ အီယွန် ကတော့ လာမယ့် နွေရာသီမှာ ကလပ် ကနေ ထွက်ခွာဖို့ စီစဉ်ထားပါတယ်။ လက်တလောမှာ ခေါ်ယူချင်သူတွေ တိုးပွားလာနေပေမယ့် သူ့ အတွက် ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ကသာ ဦးစားပေး ဖြစ်ကြောင်း SPORT က ဖော်ပြပါတယ်။

ဘာစီလိုနာ ကတော့ လာမယ့် ဇန်နဝါရီမှာ ဒေါ့မန် ဗဟိုခံစစ်မှူး နီကို ရှလော့တ်တာဘက်ခ်ကို ယူရို ၄၀ သန်း (ပေါင် ၃၅.၂ သန်း၊ ဒေါ်လာ ၄၆.၃ သန်း) နဲ့ ခေါ်ယူဖို့ အသင့် ဖြစ်နေကြောင်း သိရပါတယ်။ ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ် ကတော့ အဓိက ခံစစ်မှူးသစ် တစ်ဦး လိုအပ်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။
ပရီးမီးယားလိဂ် ထိပ်သီး ကလပ် နှစ်ခု ဖြစ်တဲ့ လစ်ဗာပူးလ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ကတော့ ဝုဖ်ဘတ် အသင်းရဲ့ ဗဟိုနောက်ခံလူ ကွန်စတန်တီနို့စ် ကူလီယာကစ်ကို သဘောတူညီမှု ရရှိဖို့ ကြိုးပမ်းနေကြပါတယ်။ အသက် ၂၁ နှစ် အရွယ် ကစားသမား ကတော့ လက်ရှိမှာ ခြေစွမ်းကောင်းတွေ ပြသနေတာကြောင့် ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်နေသူပါ။
အဲလ်နာဆာ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒိုဟာ နီယွမ် အက်စ်စီကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ပင်နယ်တီ ဂိုး ၁ ဂိုး သွင်းပြီး ဆော်ဒီပရိုလိဂ်မှာ ဂိုးပါဝင် ပတ်သက်မှု (သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု) ၁၀၀ ပြည့်မြောက်ခဲ့ပါတယ်။ အဲလ်နာဆာ ကတော့ ၁-၀ နဲ့ ဦးဆောင်နေချိန် ၅၆ မိနစ်မှာ ပြိုင်ဘက် ကစားသမား တစ်ဦး အထုတ်ခံရပြီး ရော်နယ်ဒို ကတော့ ၆၅ မိနစ်မှာ ရရှိတဲ့ ပယ်နယ်တီကို အသင်းရဲ့ ဒုတိယဂိုး အဖြစ် သွင်းယူခဲ့တာပါ။
ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်မှာ ၈၅ ပွဲ ကစား ၈၃ ဂိုး သွင်း၊ ၁၇ ဂိုး ဖန်တီးပြီး ဂိုး ၁၀၀ ပြည့်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ အဲလ်နာဆာ အသင်း သမိုင်းမှာ ဆော်ဒီ ကစားသမား မဟုတ်ပဲ ဂိုး ၁၀၀ ပြည့်တဲ့ ပထမဆုံး အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သူဟာ လက်ရှိမှာ ကစားသမားဘဝ သွင်းဂိုးပေါင်း ၉၅၃ ဂိုးအထိ ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပြိုင်ဘက် အသင်း ၂၀၆ သင်းကို ဂိုးသွင်းနိုင်ခဲ့ပြီး ကလပ် ၁၅၈ သင်းနဲ့ နိုင်ငံလက်ရွေးစင် အသင်း မှာတော့ ၄၈ သင်း အထိ ရှိခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


