စ်ပ်ဆွစ်ချ်တောင်းမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ် ကြယ်ပွင့်လေး လီယမ် ဒီလက်ပ် ကိုတော့ မန်ချက်စတာယူနိုက်တက် အပါအဝင် ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေက ခေါ်ယူချင်နေပါတယ်။ ဒါပေမယ့်လည်း ကစားသမား ကိုယ်တိုင် ကတော့ မန်ချက်စတာယူနိုက်တက်ထက် လန်ဒန်မြို့ခံ နှစ်သင်း ဖြစ်တဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီး တို့ကိုသာ ရွေးချယ်သွားဖွယ် ရှိနေကြောင်း သိရပါတယ်။
Daily Star ရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ ဒီလက်ပ်ဟာ လာမယ့်ရာသီ ဥရောပပြိုင်ပွဲ ကစားချင်နေပြီး ကစားခွင့်ရတဲ့ ထိပ်တန်း ကလပ်မှာ ပါဝင်လိုနေတာကြောင့် ချဲလ်ဆီးနဲ့ အာဆင်နယ် တို့ကို ဦးစားပေး အသင်းတွေ အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ယူနိုက်တက်က အသက် ၂၂ နှစ် အရွယ် တိုက်စစ်မှူးကို အလိုရှိနေကြောင်း ရှင်းရှင်းလင်းလင်း ပြသထားပါတယ်။ ဒါပေမယ့်လည်း ဒီလက်ပ် ကတော့ ယူနိုက်တက်လို အသင်းထံ ပြောင်းရွှေ့ ကစားဖို့ သံသယ ရှိနေကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီ အဆင့် ၁၄ နေရာမှာ ရောက်ရှိနေပြီး ရုန်းကန်နေရသလို လာမယ့် ရာသီ ချန်ပီယံလိဂ်မှာ ယှဉ်ပြိုင်ခွင့်ရဖို့ အတွက် တစ်ခုတည်းသော မျှော်လင့်ချက်က ယူရိုပါလိဂ်မှာ ဗိုလ်စွဲဖို့တော့ လိုအပ်ပါတယ်။

တစ်ဖက်မှာ အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် မျှော်လင့်ချက် မရှိတော့ပေမယ့်လည်း အဆင့် ၂ နေရာနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ သေချာသလောက် ရှိနေပါတယ်။ ဒါ့အပြင် လာမယ့် ရာသီ အတွက် ပရီးမီးယားလိဂ် ကနေ အဆင့် ၅ နေရာ အထိ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိမှာ ဖြစ်တာကြောင့် အခု အဆင့် ၆ နေရာ ရောက်ရှိနေတဲ့ ချဲလ်ဆီး အတွက်လည်း ချန်ပီယံလိဂ် ကစားခွင့် ရဖို့ အခြေအနေ ကောင်းနေပါတယ်။ ဒီလက်ပ်နဲ့ အစ်ပ်ဆွစ်ချ် တို့ရဲ့ စာချုပ်ထဲ မှာတော့ အကယ်၍ အသင်းက ပရီးမီးယားလိဂ် ကနေ တန်းဆင်းခဲ့ရမယ် ဆိုရင်တော့ ဒီလက်ပ်ကို ပေါင်သန်း ၃၀နဲ့ အသင်း ကနေ ပြောင်းရွှေ့ခွင့်ပေးရမယ် ဆိုတဲ့ သတ်မှတ်ချက် ရှိပြီး လက်ရှိ မှာလည်း အစ်ပ်ဆွစ်ချ်က ချန်ပီယံရှစ်ဆီ ပြန်ဆင်းရဖို့က အလားအလာ မြင့်မားနေပါတယ်။
အင်္ဂလန် ယူ-၂၁ လက်ရွေးစင် ကစားသမား လီယမ် ဒီလက်ပ်က မန်စီးတီး လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာခဲ့သူ ဖြစ်ပြီးတော့ ဒီနွေရာသီမှ အစ်ပ်ဆွစ်ချ်ဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ဒီလပ်ဟာ အသင်း အတွက် ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ ပွဲ ပါဝင်ကစားပြီးချိန်မှာ သွင်းဂိုး ၁၂ ဂိုး သွင်းယူထားသလို ဂိုးဖန်တီး ၂ ကြိမ် ပြုလုပ်ထားပါတယ်။
လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်၊ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက် တို့ဟာ တိုက်စစ်မှူးတွေ လိုအပ်နေပြီး ထိပ်တန်း တိုက်စစ်မှူးတွေကို လိုက်လံ ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။ လီယမ် ဒီလပ် ကိုတော့ ပရီးမီးယားလိဂ် ကလပ်တွေ အပြင် လာလီဂါ ထိပ်သီး ဘာစီလိုနာ ကလည်း ချိန်ရွယ်နေတယ်လို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.