လိဒ်စ်ယူနိုက်တက်နဲ့ဘန်လေတို့ကတော့အခုတစ်ပတ်ကစားခဲ့တဲ့ချန်ပီယံရှစ်ပွဲစဉ်တွေမှာနိုင်ပွဲကိုယ်စီရယူနိုင်ခဲ့ပြီးနောက်အမှတ်ပေးဇယားတတိယနေရာကရှက်ဖီးလ်ယူနိုက်တက်ကို၅မှတ်ဖြတ်လိုက်နိုင်ပြီဖြစ်ပါတယ်။ဒါကြောင့်ဒီနှစ်သင်းဟာချန်ပီယံရှစ်အမှတ်ပေးဇယားကိုဆက်လက်ဦးဆောင်ထားနိုင်ပြီးပရီးမီးယားလိဂ်ကိုတိုက်ရိုက်တန်းပြန်တက်ဖို့လက်တကမ်းအလိုကိုရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။
လိဒ်စ်ဟာအောက်စ်ဖို့ဒ်ယူနိုက်တက်ကိုဆော်လမွန်ရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့အနိုင်ရခဲ့ပြီးဘန်လေကတော့ဝက်ဖို့ဒ်ကိုနောက်ကနေလိုက်ကစားပြီး၂-၁ရလဒ်နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။အသင်းအတွက်ဂိုးတွေကိုဇီယန်ဖလင်းမင်းနဲ့ဂျော့ရှ်ဘရောင်ဟေးလ်တို့ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ဒါဟာဘန်လေအတွက်ရှုံးပွဲမရှိဘဲလိဂ်ပွဲ၃၀ဆက်တိုက်ကစားခဲ့တဲ့ယခင်ကလပ်စံချိန်နဲ့တူညီသွားခဲ့တာလည်းဖြစ်ပါတယ်။နည်းပြစကော့တ်ပါကားရဲ့အသင်းဟာလာမယ့်တနင်္လာနေ့မှာရှက်ဖီးလ်ယူနိုက်တက်ကိုအနိုင်ရရှိခဲ့မယ်ဆိုရင်တော့ပရီးမီးယားလိဂ်ဆီတိုက်ရိုက်တန်းတက်ခွင့်ကိုသေချာတော့မှာဖြစ်ပါတယ်။

ဒါနဲ့ပတ်သတ်လို့စကော့တ်ပါကားက “ဒီအစုအဖွဲ့နဲ့ဒီနှစ်မှာကျွန်တော်တို့လုပ်ဆောင်နိုင်ခဲ့တာတွေအတွက်ကျွန်တော်အတိုင်းမသိဂုဏ်ယူမိတယ်။အခုကျွန်တော်တို့အရမ်းနီးစပ်နေပါပြီ။တနင်္လာနေ့ညမှာဒါကိုကျွန်တော်တို့အောင်မြင်အောင်လုပ်နိုင်ပါတယ်။ကျွန်တော်တို့ရလဒ်ကောင်းတစ်ခုရယူနိုင်မယ်လို့မျှော်လင့်ထားပါတယ်။”ပြောကြားခဲ့ပါတယ်။
လိဒ်စ်ယူနိုက်တက်ကလည်းအောက်စ်ဖို့ဒ်ကိုခက်ခက်ခဲခဲအနိုင်ယူခဲ့ရတာဖြစ်ကာဂိုးကွာခြားချက်နဲ့အမှတ်ပေးဇယားရဲ့ထိပ်ဆုံးကိုပြန်လည်ရောက်ရှိခဲ့တာဖြစ်ပါတယ်အကယ်၍သူတို့သာစတုတ်စီးတီးကိုအနိုင်ရရှိပြီးဘန်လေကလည်းရှက်ဖီးလ်ယူနိုက်တက်ကိုမရှုံးခဲ့ရင်တော့ပရီးမီးယားလိဂ်ဆီတန်းပြန်တက်နိုင်မှာဖြစ်ပါတယ်။
တစ်ဖက်မှာရှက်ဖီးလ်ယူနိုက်တက်ကလည်း၃ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ရာကနေကာဒစ်ဖ်စီးတီးကို၂-၀နဲ့အနိုင်ရပြီးပြန်လာခဲ့တာကြောင့်ပရီးမီးယားလိဂ်တန်းတက်ဖို့မျှော်လင့်ချက်ရှိနေဆဲဖြစ်ပါတယ်။ရှက်ဖီးလ်ယူနိုက်တက်ဟာဂူစတာဗိုဟာမာနဲ့ဘင်ဘရီရာတန်ဒီးယက်ဇ်တိုရဲ့သွင်းဂိုးတွေကြောင့်အနိမ့်ဆုံးတတိယနေရာနဲ့ရာသီသိမ်းနိုင်ဖို့သေချာသွားခဲ့ပြီဖြစ်ပါတယ်။
ရှက်ဖီးလ်ယူနိုက်တက်နည်းပြဝိုင်လ်ဒါက “ဒါဟာလူတိုင်းအတွက်စိတ်ပိုင်းဆိုင်ရာအရတကယ်ကိုပင်ပန်းတဲ့ရက်သတ္တပတ်ပါ။ကျွန်တော်တိုရဲ့အထက်ကအသင်းတွေကိုဖိအားပေးနိုင်ဖို့၃မှတ်ရဖို့ကတကယ်ကိုအရေးကြီးပါတယ်။”လို့ပြောကြားသွားခဲ့ပါတယ်။
ဘရစ္စတိုးလ်စီးတီးကတော့ဆန်းဒါးလန်းကို၂-၁နဲ့အနိုင်ရရှိခဲ့တာကြောင့် play-offs တစ်နေရာအတွက်တိုက်ပွဲမှာ၄မှတ်အသာရသွားခဲ့ပြီးဖရန့်ခ်လမ်းပတ်ရဲ့ကိုဗင်ထရီကတော့ဝက်စ်ဘရွန်းကို၂-၀နဲ့အနိုင်ရရှိခဲ့ပြီးတော့အဆင့်၆နေရာမှာဆက်လက်ရပ်တည်ကာမစ်ဒယ်ဘရော့ကို၃မှတ်အသာနဲ့ဦးဆောင်နေခဲ့ပါတယ်။ဘိုရိုကတော့ဇယားအောက်ဆုံးကပလိုင်းမောက်ကို၂-၁ရလဒ်နဲ့အနိုင်ရရှိခဲ့ပြီးတော့ play-offs တစ်နေရာအတွက်ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ပါတယ်။
လူတန်ကတော့ချန်ပီယံရှစ်တန်းဆင်းဇုန်ထဲကပြိုင်ဘက်ဒါဘီကောင်တီကို၁ဂိုးတည်းနဲ့ကပ်နိုင်ခဲ့ပြီးနှစ်နှစ်ဆက်တိုက်တန်းဆင်းရမယ့်အန္တရာယ်ကနေလွတ်မြောက်ဖို့ကြိုးစားခွင့်ရှိနေဆဲဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.