နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချဲလ်ဆီးရဲ့ စူပါစတား ပါးလ်မားနဲ့ တွေ့ဆုံဖို့ ကြောက်ရွံ့ခဲ့တယ်လို့ ဖွင့်ဟလိုက်တဲ့ ယာအို ပက်ဒရို | ပရီးမီးယားလိဂ်

ယာအို ပက်ဒရိုဟာ ဒီအပြောင်းအရွှေေ့မှာ ဘရိုက်တန် ကနေ ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီးထံ ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ဝန်းကျင်နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက ချဲလ်ဆီးကို ရောက်ရှိလာတဲ့ ယာအို ပက်ဒရို ကတော့ သူ့ အနေနဲ့ “ စူပါစတား” ကိုးလ် ပါးလ်မားနဲ့ တွေ့ဆုံဖို့ အစပိုင်းမှာ ကြောက်ရွံ့ခဲ့ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

ယာအို ပက်ဒရိုက The Standardနဲ့ အင်တာဗျူးမှာ “ကိုးလ်က စူပါစတား တစ်ယောက်ပါ။ ကျွန်တော် ချဲလ်ဆီးကို ရောက်တုန်းကတော့ သူဘယ်လို တုံ့ပြန်မလဲ ဆိုတာကို ကျွန်တော် နည်းနည်း ကြောက်ရွံမိခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်က ဘရိုက်တန်မှာ အဓိကကျခဲ့တဲ့သူပါ။ ချဲလ်ဆီးနဲ့ မတူဘူးဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော် ကိုးလ်ကို မင်းကို ကူညီဖို့ ရောက်နေတယ်လို့ ပြောခဲ့ပါတယ်။

“ကျွန်တော် သူ့ကို ကူညီပေးနိုင်တယ် ဆိုတာ သူသိပါတယ်၊ သူက ကျွန်တော့်ကို ကူညီပေးနိုင်တယ် ဆိုတာလည်း ကျွန်တော် သိပါတယ်။ ကျွန်တော်တို့ ကွင်းထဲမှာ ကောင်းမွန်တဲ့ Chemistry ရှိပါတယ်။ သူလည်း ဒီလိုပဲ ခံစားရတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကိုးလ်က စကားများများစားစား မပြောတတ်ပေမယ့် ကျွန်တော်တို့ အချိတ်အဆက် မိရင် ဒီရာသီက ဘယ်လောက် အထိ ကောင်းမလဲ ဆိုတာတော့ ပြောဖြစ်ပါတယ်။ ယူအက်စ်ကို ရောက်တဲ့အခါမှာ သူက ကျွန်တော် ဒီရာသီမှာ ဂိုးဘယ်လောက်သွင်းမလဲလို့ မေးပါတယ်။ ကျွန်တော် သူ့ကို တစ်ခါတလေ ဖုန်းခေါ်တယ်။ သူ ဝက်စ်ဟမ်းနဲ့ ပွဲမကစားရတဲ့ နောက်နေ့ကျမှ ကျွန်တော် သူ့ကို စာပို့လိုက်တယ်။ ကျွန်တော်တို့ ဆက်ဆံရေးက အရမ်းပဲ ကောင်းပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဘရာဇီးလ် တိုက်စစ်မှူး အနေနဲ့ အန်ဇို မာရက်စ်ကာရဲ့ အသင်းကို ရောက်ရောက်ချင်း ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ တစ်လျှောက် ခြေစွမ်းပြခဲ့ပြီး ချန်ပီယံဆုလည်း ရယူနိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲ အပါအဝင် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ တလျှောက် ၃ ဂိုး သွင်းယူနိုင်ခဲ့ပြီး လက်ရှိမှာလည်း ပရီးမီးယားလိဂ် ၃ ပွဲမှာ ၂ ဂိုးသွင်းကာ၊ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားပါတယ်။

ချဲလ်ဆီးဟာ ဒီနွေရာသီမှာ တိုက်စစ်မှူး နေရာ အတွက် အင်အားဖြည့်တင်းခဲ့တဲ့ တစ်သင်းတည်းသော ပရီးမီးယားလိဂ် ကလပ် မဟုတ်ပါဘူး။
ဒီနွေရာသီမှာ တိုက်စစ်ပိုင်း အတွက် အားရစရာ အားဖြည့်မှု ပြုလုပ်နိုင်ခဲ့တဲ့ ချဲလ်ဆီး

ပါးလ်မား ကတော့ ချဲလ်ဆီး အတွက် ပြီးခဲ့တဲ့ နှစ်ရာသီ အတွင်း အကောင်းဆုံး တောက်ပပြနိုင်ခဲ့ ပြီး ပြိုင်ပွဲစုံ စုစုပေါင်း ၉၁ ပွဲမှာ ဂိုး ၄၀ သွင်းယူကာ ဂိုးဖန်တီးမှု ၂၆ ကြိမ် ပြုလုပ်ထားပါတယ်။ ပါးလ်မားဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း ၃ ဂိုး သွင်းပြီး ၂ ဂိုး ဖန်တီးထားပေမယ့် ဒီရာသီ မှာတော့ အင်္ဂလန်သားက ပဲလေ့စ်နဲ့ ပွဲတစ်ပွဲတည်း ကစားထားရသေးပြီး ပေါင်ခြံဒဏ်ရာကြောင့် အနားယူနေရပါတယ်။

အဲဒီနောက် ယာအို ပက်ဒရိုက သူ့အနေနဲ့ ရွှေဖိနပ်ဆု အတွက် ယှဉ်ပြိုင်ဖို့ အခွင့်အရေးရခဲ့တာကို ကျေနပ်နေပြီး အနာဂတ်မှာ ဘယ်လွန်ဒေါဆု ကိုလည်း တစ်ဦးချင်း ရည်မှန်းချက် အဖြစ် သတ်မှတ်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။ “အင်္ဂလန်က ကလပ် အသင်းကြီးတွေဟာ ဒီနွေရာသီမှာ ဥရောပက ထိပ်တန်း တိုက်စစ်မှူးတွေကို ခေါ်ယူထားပါတယ်။ ရွှေဖိနပ်ဆု အတွက် သူတို့နဲ့ ယှဉ်ပြိုင်ရတာ စိတ်ဝင်စားစရာပါပဲ။”

“တစ်နေ့မှာ ဘယ်လွန်ဒေါဆုကို ဆွတ်ခူးဖို့က အိပ်မက် တစ်ခု ဖြစ်လာမှာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပါတယ်။ အရာအားလုံး ဖြစ်နိုင်တယ်။ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ (ပရီးမီးယားလိဂ် ဖလား) အောင်မြင်နိုင်မလား ဆိုတာတော့ ပြောဖို့ စောလွန်းပါသေးတယ်။ ဒါပေမယ့် ခင်ဗျားတို့ ကျွန်တော် တို့ကို ကြည့်ရင် အခွင့်အရေးကောင်းတွေ ရှိနေတယ် ဆိုတာ ပြောနိုင်ပါတယ်။ ကျွန်တော်သဘောတူပါတယ်။ တကယ်လို့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးနိုင်ခဲ့မယ် ဆိုရင် ဒါဟာ ထိပ်တန်း ရာသီ တစ်ခု ဖြစ်လာမှာပါ။ ပြီးတော့ ချန်ပီယံဆုကို ဆွတ်ခူးနိုင်မယ် ဆိုရင်တော့ ဂန္တဝင် တစ်ယောက် ဖြစ်လာနိုင်ပါတယ်။” လို့ ဆိုပါတယ်။

ချဲလ်ဆီးဟာ ဒီနွေရာသီမှာ တိုက်စစ်မှူး နေရာ အတွက် အင်အားဖြည့်တင်းခဲ့တဲ့ တစ်သင်းတည်းသော ပရီးမီးယားလိဂ် ကလပ် မဟုတ်ပါဘူး။ အာဆင်နယ်က ဗစ်တာ ယိုကီးရက်စ်၊ လစ်ဗာပူးလ်က အလက်ဇန္တား အိဆက်ခ်နဲ့ ဟူဂို အစ်ကီတီကီ၊ ယူနိုက်တက်က ဘင်ဂျာမင် ဆက်စ်ကို၊ တော့တင်ဟမ်ဟော့စပါးက ရန်းဒဲလ် ကိုလို မူအာနီ ကို အငှားနဲ့ ခေါ်ယူကာ နယူးကာဆယ်ယူနိုက်တက် ကတော့ နစ်ခ် ဝေါလ်တီမိတ်ဒ် တို့ကို ခေါ်ယူခဲ့ကြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်