မန်ချက်စတာစီးတီးက ဘုန်းမောက်ကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ၂ ဂိုး သွင်းယူခဲ့တဲ့ အာလင်း ဟာလန်းကို နည်းပြ ပပ် ဂွါဒီယိုလာက ချီးကျူးမှုတွေ ပြုလုပ်လာခဲ့ပြန်ပါတယ်။ စပိန်သား နည်းပြက သူ့ရဲ့ တိုက်စစ်မှူးဟာ လီယွန်နယ် မက်ဆီ၊ ခရစ္စတီယာနို ရော်နယ်ဒို တို့နဲ့ အဆင့်တူ ဖြစ်ကြောင်း အခိုင်အမာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
အီတီဟတ်ကွင်းမှာ ၃-၁ နဲ့ အနိုင်ရပြီးနောက် ဂွါဒီယိုလာရဲ့ အသင်းက ပရီးမီးယားလိဂ်မှာ ဒုတိယနေရာကို တက်လှမ်းလာခဲ့ပြီးတော့ ဟာလန်း ကလည်း နောက်ထပ် သွင်းဂိုး ၂ ဂိုး ထပ်မံ ရရှိခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးရဲ့ နံပါတ် ၉ ကစားသမားဟာ ၁၉၉၅-၁၉၉၆ ခုနှစ်က ရော်ဘီ ဖောင်လာ (၅ ပွဲဆက်) နဲ့ ၂၀၁၃ ခုနှစ်က လူးဝစ် ဆွာရက်ဇ် (၅ ပွဲဆက်) တို့ ပြီးနောက် ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် ၄ ပွဲ ဆက်တိုက် ၂ ဂိုးနဲ့ ၂ ဂိုးထက် ပိုပြီး သွင်းယူနိုင်တဲ့ တတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ ၁၀၇ ပွဲသာ ကစားထားရသေးတဲ့ ဟာလန်းက သွင်းဂိုး ၁၀၀ ပြည့်ဖို့ ၂ ဂိုးသာ လိုပါတော့တယ်။ နော်ဝေ လက်ရွေးစင် ကစားသမားဟာ ပရီးမီးယားလိဂ်မှာ ပွဲအနည်းဆုံး ကစားပြီး သွင်းဂိုး ၁၀၀ ပြည့် စံချိန်ကို ချိုးဖျက်ဖို့ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပါတယ်။ လက်ရှိမှာ ဒီစံချိန်ကို တင်ထားတဲ့ အလန်ရှီးယားဟာ ၁၂၄ ပွဲ ကစားပြီးမှသာ သွင်းဂိုး ၁၀၀ ပြည့် စံချိန်ကို ရရှိထားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဂွါဒီယိုလာက ဟာလန်းရဲ့ ကိန်းဂဏန်းတွေဟာ လက်ရှိ ဘောလုံးလောကရဲ့ ထာဝရ အကောင်းဆုံး ကစားသမား နှစ်ယောက်နဲ့ နှိုင်းယှဉ်နိုင်တယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ ဂွါဒီယိုလာက “ကျွန်တော်တို့ အရမ်းကောင်းကောင်းကစားခဲ့တာတော့ အမှန်ပါပဲ။ အာလင်းက အဆုံးအဖြတ်ပေးနိုင်ခဲ့ပါတယ်။ မက်ဆီ ဒါမှမဟုတ် ခရစ္စတီယာနိုတို့ ကစားတာနဲ့ နည်းနည်းဆင်တူပါတယ်။ ခင်ဗျားတို့ သိလား။ ဒီလွှမ်းမိုးမှုက အရမ်းကြီးမားပါတယ်။ သူ အဲဒီအဆင့်ကို ရောက်နေပြီလား။ အဲဒီလူရဲ့ ကိန်းဂဏန်းတွေကို မြင်လား။ ဟုတ်ပါတယ်။ သူက ခရစ္စတီယာနိုနဲ့ မက်ဆီ တို့ရဲ့ ကိန်းဂဏန်းတွေနဲ့ အဆင့်တူတူပဲ။”
“ခရစ္စတီယာနိုနဲ့ မက်ဆီ တို့က ၁၅ နှစ်လောက် ယှဉ်ပြိုင်လာခဲ့ကြတာပါ။ မက်ဆီက MLS မှာ နေ့တိုင်း ၂ ဂိုး၊ ၃ ဂိုး သွင်းနေတာကို မြင်ရတယ်။ ခရစ္စတီယာနိုလည်း ဆော်ဒီအာရေဗျမှာ အတူတူပါပဲ။ ဒါပေမယ့် သူ (ဟာလန်း) က အဲဒီအဆင့်မှာ ရှိနေပြီး သူမပါရင် ခက်ခဲပါလိမ့်မယ်။” လို့ ဂွါဒီယိုလာက ပြောကြားသွားခဲ့ပါတယ်။ နော်ဝေ ဂိုးသွင်းစက် တဖြစ်လဲ ဟာလန်း ကတော့ ကစားသမားဘဝ တစ်လျှောက်လုံး သွင်းဂိုးတွေကို ထမင်းစားရေသောက်လို ရယူလာသူ ဖြစ်ပြီး တစ်နှစ်ထက် တစ်နှစ် ပိုကောင်းတဲ့ ဂိုးသွင်း စွမ်းရည်တွေကို ပြသနေသူ ဖြစ်ပါတယ်။ ဟာလန်းက မန်စီးတီးကို စစရောက်ချင်း ရာသီမှာတင် ပြိုင်ပွဲစုံ ၅၃ ပွဲ ကစားပြီး ၅၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၃-၂၀၂၄ နဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီတွေမှာ ဂိုးသွင်းစွမ်းရည် သိသိသာ ကျဆင်းသွားခဲ့ပြီးတော့ ၃၈ ဂိုး၊ ၃၁ ဂိုး တို့သာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီရာသီ မှာတော့ ဟာလန်းက ဂိုးပြန်မြူးလာခဲ့ပြီး လက်ရှိအချိန်ထိ ပြိုင်ပွဲစုံ ၁၇ ပွဲ ကစားရာမှာ ဂိုး ၂၀ သွင်းထားပြီး ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.
					
										
										
										
										
										
										
			
							
							
							
							
									
				

