ဩဂုတ် ၁၀ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ ဂိုးသမား ဂျီယန် လူဝီဂျိ ဒွန်နာရမ်းမား ကတော့ ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့လိုနေကြောင်း သိရပါတယ်။ လီဂူးဝမ်း ကလပ်ဟာ သူတို့ရဲ့ ဂိုးသမား အတွက် အနည်းဆုံး ပြောင်းရွှေ့ကြေး ပေါင် ၂၆ သန်း တောင်းဆိုထားကြောင်း သိရပါတယ်။
တစ်ဖက် မှာလည်း မန်ချက်စတာယူနိုက်တက်ရဲ့ ပစ်မှတ် စာရင်းထဲမှာ ကိုမို ကွင်းလယ်လူ နီကို ပက်ဇ် ပါဝင်နေကြောင်း Fichajes က ဖော်ပြပါတယ်။ ယူနိုက်တက်ဟာ အာဂျင်တီးနား လူငယ် ကွင်းလယ် တိုက်စစ် ကစားသမားလေးကို ယူရို သန်း ၇၀ နဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ရှိနေတာပါ။ ဒါ့အပြင် ဒီကစားသမားလေး ကိုတော့ သူ့ရဲ့ ကလပ်ဟောင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်က ပြန်လည် ခေါ်ယူချင်နေကြောင်းလည်း သိရပါတယ်။
လစ်ဗာပူးလ် ကတော့ ဂျာရဲလ် ကွမ်ဆာ့ရ် နေရာမှာ အစားထိုးဖို့ အတွက် လူငယ် ဗဟိုနောက်ခံလူ တစ်ဦးကို ရှာဖွေလျက် ရှိပါတယ်။ Rousing The Kop ရဲ့ ဖော်ပြချက်အရ ကြိုးကြာနီတွေရဲ့ ပစ်မှတ်ထဲမှာ တူးလော့စ်က ချာလီ ခရက်စ်ဝဲလ်၊ ရန်းစ်က ဂျရယ်မီ ဂျက်ကတ်၊ ဝုဖ်ဘတ်က ကွန်စတန်တီနို့စ် ကူလီရာကစ်နဲ့ ကလပ် ဘရုဂေးက ဂျိုဝဲလ် အော်ဒိုနက်ဇ် တို့ ပါဝင်နေကြောင်း သိရပါတယ်။
ဟယ်ရီကိန်း ကတော့ ဘေယန်မြူးနစ်နဲ့ လာမယ့် နွေရာသီမှာ စာချုပ် ဖျက်သိမ်းကြေး ပေါင် ၅၆ သန်းနဲ့ လမ်းခွဲခွင့်ရှိနေကြောင်း Football Insider က ဖော်ပြခဲ့ပါတယ်။ ကိန်း ကိုတော့ ကလပ်ဟောင်း တော့တင်ဟမ်ဟော့စပါးကို ပြန်လည် ခေါ်ယူချင်နေပါတယ်။

နီကိုးလက်စ် ဂျက်ဆန် ကတော့ ဒီနွေရာသီမှာ ချဲလ်ဆီး ကနေ ထွက်ခွာ ဖြစ်ခဲ့ရင်တောင် ပရီးမီးယားလိဂ် မှာသာ ဆက်ရှိနေလိုကြောင်း The Sun က ဖော်ပြပါတယ်။ ချဲလ်ဆီး ကတော့ နယူးကာဆယ်ရဲ့ ပစ်မှတ် အတွက် ပေါင် သန်း ၅၀ ဝန်းကျင် ရရင် ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပါတယ်။
တော့တင်ဟမ်ဟော့စပါး ကတော့ မန်စီးတီး ကွင်းလယ် ကစားသမား ဂျိမ်းစ် မက်အတီးကို ခေါ်ယူဖို့ စိတ်ဝင်စားမှု အရှိန်မြှင့်တက်လာပြီ ဖြစ်ကြောင်း TBR Football ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဒီလူငယ်လေးရဲ့ တန်ကြေး ကတော့ ပေါင် သန်း ၄၀ ရှိနေကြောင်း သိရပါတယ်။
ဝက်စ်ဟမ်း ကတော့ ကွင်းလယ် ကစားသမား လူးကပ်စ် ပါကေးတား အတွက် ပေါင် ၄၅ သန်းနဲ့ ကမ်းလှမ်းမှုတွေကို လက်ခံဖို့ အဆင်သင့် ဖြစ်နေကြောင်း Football Insider က ဖော်ပြပါတယ်။ မန်စီးတီး ကတော့ ဘရာဇီးလ် လက်ရွေးစင်ကို ကာလရှည် သဘောကျနေသူတွေ ဖြစ်ပါတယ်။
တော့တင်ဟမ်ဟော့စပါးနဲ့ ဝက်စ်ဟမ်း တို့ကတော့ လက်စတာစီးတီး ကွင်းလယ်လူ ဘီလယ် အဲလ် ခန်နော့စ်ကို ခေါ်ယူဖို့ စဉ်းစားထားကြောင်း ဘန် ဂျက်ကော့ဘ်က ဖော်ပြပါတယ်။ ဒီကစားသမား အတွက် ကတော့ စာချုပ်ဖျက်သိမ်းကြေး ယူရို ၂၆ သန်း (ပေါင် ၂၂.၅ သန်း) တန်ကြေး ရှိနေသူ ဖြစ်ပါတယ်။
အဲလ်ဟီလာ ကတော့ လစ်ဗာပူးလ် ကနေ ခေါ်ယူထားတဲ့ ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူး ဒါဝင် နူညက်ဇ်ကို အသင်းရဲ့ ကစားသမားသစ် အဖြစ် မိတ်ဆက်ခဲ့ပါတယ်။ နူညက်ဇ်ရဲ့ ပြောင်းရွှေ့ကြေး ကတော့ ယူရို ၅၃ သန်း (ပေါင် ၄၆.၃) သန်း အထိ ရောက်ရှိနိုင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အဲလ်ဟီလာဟာ နူညက်ဇ်ကို ၃ နှစ် သက်တမ်း ရှိတဲ့ စာချုပ် တစ်ရပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.