အာဆင်နယ် ဂန္တဝင် ဂိုးသမားကြီး ဒေးဗစ် ဆီးမန်း ကတော့ ဆန်းဒါးလန်းနဲ့ ၂-၂ သရေကျခဲ့တဲ့ ပွဲမှာ ပွဲပြီးခါနီး ဂန်းနားတို့ နောက်ကျ ချေပဂိုး ခွင့်ပြုပေးခဲ့ရတာက ဒေးဗစ် ရာယာကြောင့် ဖြစ်ကြောင်း ဝေဖန်ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်ဟာ ဒီပွဲမှာ သရေကျခဲ့တာကြောင့် ၈ ပွဲဆက် ပေးဂိုး မရှိ နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ရသလို ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၁၀ ပွဲဆက် နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ရတာလည်း ဖြစ်ပါတယ်။
ပွဲအစပိုင်းမှာ တစ်သင်း အခြေအနေ တစ်သင်း ကြည့်နေခဲ့တာကြောင့် ပွဲက သိပ်ပြီး အကြိတ်အနယ် မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း ပွဲချိန် ၃၆ မိနစ်မှာ အာဆင်နယ် ခံစစ်ရဲ့ ရှားရှားပါးပါး အမှား ကနေ အာဆင်နယ် လူငယ်ကစားသမားဟောင်း ဒန် ဘဲလက်ဒ်က အဖွင့်ဂိုး သွင်းခဲ့ပြီး ဒါက ပြိုင်ပွဲစုံ မိနစ်ပေါင်း ၈၁၂ မိနစ်အကြာမှာ အာဆင်နယ်တို့ ပထမဆုံးအကြိမ် ဂိုးပေးခဲ့ရတာ ဖြစ်ပါတယ်။ ပထမပိုင်း အပြီးမှာ အာဆင်နယ်က ၁-၀ နဲ့ ရှုံးနိမ့်နေခဲ့ပြီးတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပထမပိုင်းအပြီး အာဆင်နယ်တို့ ပြိုင်ဘက်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာက ၃ ကြိမ်သာ ရှိခဲ့ပါတယ်။ အာဆင်နယ်ဟာ အခုပွဲ မတိုင်ခင် မန်စီးတီး၊ နယူးကာဆယ် တို့နဲ့ ပွဲတွေမှာ ၁-၀ အရှုံးကို နောက်ကနေ လိုက်ကစားခဲ့ရပါတယ်။
အာတေးတားရဲ့ အသင်းက ဒုတိယပိုင်းမှာ ဆာကာရဲ့ ချေပဂိုးနဲ့ ထရော့ဆက်ဒ်ရဲ့ သွင်းဂိုးကြောင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပြီး နိုင်ပွဲ ရယူနိုင်ဖို့လည်း နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နာကျင်အချိန်ပို ၉၄ မိနစ်မှာ ဘဲလက်ဒ် ခေါင်းတိုက် ပေးပို့လိုက်တဲ့ ဘောလုံးကို ဘရော့ဘီက လေပေါ် ခုန်ပျံပြီး ရှေ့တက်လာတဲ့ ရာယာကို ကျော်ကာ ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဒေးဗစ် ဆီးမန်းက “ရာယာ အနေနဲ့ ရှေ့ထွက်လာသင့်လား၊ မထွက်လာသင့်ဘူးလား ဆိုတာကို ကျွန်တော် မေးခွန်းထုတ်ချင်တယ်။ သူ ဘောလုံး အတွက် ပြေးထွက်လာတဲ့ပုံစံက ဘောလုံးကို အမိဖမ်းဖို့ ကြိုးစားဖို့ပါ။ သူက ဘရော်ဘီ နီးကပ်လာတာကို သတိပြုမိရဲ့လား။ ဘရော့ဘီရဲ့ အဆုံးသတ်က အရမ်းပဲ ကောင်းခဲ့ပေမယ့် ကျွန်တော် ရာယာရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ရပါလိမ့်မယ်။ သူ့အနေနဲ့ ပြေးထွက်လာပြီး ဖမ်းမယ့် အစား ဘောလုံးကို လက်သီးနဲ့ ထိုးထုတ်ဖို့ ကြိုးစားသင့်တယ်။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဆက်လက်ပြီး ဆီးမန်းက ဆန်းဒါးလန်းနဲ့ သရေကျခဲ့ပေမယ့်လည်း အာဆင်နယ်က ပရီးမီးယားလိဂ် ဖလား ရရှိဖို့ အတွက် အားကောင်းတဲ့နေရာမှာ ရှိနေဆဲ ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ “ဒီပွဲက ခက်ခဲတဲ့ပွဲ ဖြစ်ခဲ့တယ်။ အထူးသဖြင့် ခင်ဗျား ပထမပိုင်းကို ကြည့်ခဲ့တဲ့ အချိန်မှာပေါ့။ ကြည့်ရတာ ခက်ခဲတဲ့ပုံပေါ်ခဲ့တယ်။ ဆန်းဒါးလန်းက ကောင်းကောင်း စုဖွဲ့ထားခဲ့ပြီး အာဆင်နယ်နဲ့ ကစားရင် ဘာလုပ်ဖို့လိုလဲ ဆိုတာ သူတို့ အတိအကျသိခဲ့တယ်။ အဝေး ကန်ချက်တွေနဲ့ ကစားပြီး သူတို့ ခံစစ် ကနေ တိုက်စစ် စတင်တာထက် အာဆင်နယ်ကွင်းဘက်ခြမ်းမှာပဲ ကစားတယ်။ သူတို့တွေ ခံစစ် ကနေ ကစားဖို့ ကြိုးပမ်းခဲ့တဲ့ အချိန်မှာ သူတို ဂိုးပေးခဲ့ရတာပဲ။ ဒါပေမယ့် အာဆင်နယ်က ဆုဖလား ရဖို့ အတွက် ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေဆဲပါ။ ဘာလို့လဲ ဆိုတော့ ဒီပွဲက ကြီးမားတဲ့ စမ်းသပ်မှု ဖြစ်ခဲ့လိုပါ” လို ပြောဆိုခဲ့ပါတယ်။
အာဆင်နယ် ဆန်းဒါးလန်းနဲ့ သရေကျခဲ့ပေမယ့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဒုတိယ နေရာက မန်ချက်စတာစီးတီးနဲ့ ၇ မှတ် ကွာဟနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီနေ့ည ပွဲတွေ အပြီး မှာတော့ မန်ချက်စတာစီးတီး၊ လစ်ဗာပူးလ်၊ ဘုန်းမောက်၊ ချဲလ်ဆီး တို့နဲ့ ရမှတ်ကွာဟမှုက ခုထက်ပိုပြီး ကျဉ်းမြောင်းလာတော့မှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


