မန်ချက်စတာယူနိုက်တက် တိုက်စစ် ကစားသမားသစ် မားသီးယက်စ် ကူညာ ကတော့ ဘန်လေနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ကြွက်သား ဒဏ်ရာရရှိခဲ့ပြီးတော့ လာမယ့် ပွဲစဉ် တချို့ကို လွဲချော်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကူညာက သူရရှိခဲ့တဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး အသင်း ပရိသတ်တွေရဲ့ စိုးရိမ်မှုကို လျော့ကျစေမယ့် သတင်းစကား တစ်ခုကို သူ့ရဲ့ အင်စတာဂရမ် အကောင့် ကနေ တဆင့် ပြောကြားလာခဲ့ပါတယ်။
ကူညာဟာ ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့လာပြီးတော့ နည်းပြ ရူဘင် အမော်ရင်ရဲ့ ပွဲထွက် လူစာရင်းမှာ ပွဲစဉ် ၄ ပွဲစလုံး ပါဝင်ခွင့်ရခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘရာဇီးလ်သားက ဘန်လေနဲ့ ပွဲမှာ ကြွက်သား ဒဏ်ရာ ရရှိခဲ့တာကြောင့် အစောပိုင်း ပွဲချိန်တွေမှာပဲ လူစားလဲခံခဲ့ရပါတယ်။ ဘရာဇီးလ် တိုက်စစ်မှူးဟာ အဲဒီ ပွဲမှာ ပွဲချိန် မိနစ် ၃၀ ကျော်သာ ကစားခဲ့ရပြီး ကွင်းထဲ ကနေ စိတ်ပျက်လက်ပျက်နဲ့ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီနောက် ကူညာရဲ့ ဒဏ်ရာ အတွက် ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ရာမှာတော့ နိုင်ငံတကာ ရက်သတ္တပတ် ၂ ပတ်တာ ကာလကို အနားယူသွားရမှာ ဖြစ်ကြောင်း သိရပါတယ်။
ဒါကြောင့် ကူညာ အနေနဲ့ လာမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ အတွက် ဘရာဇီးလ် လက်ရွေးစင် အသင်း လူစာရင်း ကနေ နှုတ်ထွက်ခဲ့ရပါတယ်။ အစောပိုင်းမှာ ကူညာ အနေနဲ့ သူရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူရနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အခု ဆိုရင်တော့ အသက် ၂၆ နှစ် အရွယ် ကစားသမားဟာ ၂ ပတ်သာ အနားယူရတော့မှာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သတ်လို့ ယူနိုက်တက် ပရိသတ်တွေရဲ့ စိုးရိမ်မှုတွေကို ဖြေလျှော့ပေးဖို့ အတွက် ကူညာက သူ့ရဲ့ အင်စတာဂရမ် အကောင့် ကနေ တဆင့် အခုလိုပဲ ရေးသား အသိပေးသွားခဲ့တာ ဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ်က ပုံတွေနဲ့ အတူ ကူညာက “ဒီမှာ ရှိနေရတာက တကယ့်ကို အံ့အားသင့်စရာ ကောင်းပြီး ပျော်စရာ အရမ်းပဲ ကောင်းပါတယ်။ ကျွန်တော် မကြာခင် ပြန်လာခဲ့ပါမယ်။ အမြဲတမ်း ပျော်ရွှင်မှုတွေ၊ ကျေးဇူးတင်မှုတွေနဲ့ အတူပေါ့။ အားပေးစကား ပြောကြားပေးခဲ့ကြတဲ့ အတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ်။” လို့ ရေးသားထားခဲ့တာပါ။
လက်ရှိမှာ ကူညာဟာ မန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ် အတွက် ဘရိုင်ယန် အမ်ဘူမိုနဲ့ အတူ ခြေစွမ်းပြနေတဲ့ မရှိမဖြစ် ကစားသမား ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ အားနည်းနေတဲ့ တိုက်စစ် အတွက် ဒီကစားသမား နှစ်ဦးရဲ့ အတိုးအလှုပ်တွေက သက်ရောက်မှု ရှိနေပါတယ်။ အကယ်၍ ကူညာသာ ကာလရှည်ကြာ အနားယူရမယ် ဆိုရင်တော့ မန်ချက်စတာယူနိုက်တက် အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်သွားမှာပါ။ အခုတော့ ကူညာ ဒဏ်ရာရရှိချိန်နဲ့ နိုင်ငံတကာ ရက်သတ္တပတ် အတွက် လိဂ်ပွဲစဉ်တွေ ၂ ပတ် နားထားတာက အံဝင်ခွင်ကျ ဖြစ်ခဲ့တာကြောင့် ယူနိုက်တက် အတွက် ကံကောင်းတယ်လို့ပဲ ဆိုရမှာပါ။
ရူဘင် အမော်ရင်ရဲ့ အသင်းဟာ လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့မှာ အရေးကြီးတဲ့ ပရီးမီးယားလိဂ် ဒါဘီ ပွဲစဉ် အဖြစ် မြိုခံ ပြိုင်ဘက် မန်ချက်စတာစီးတီးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်က မန်စီးတီးနဲ့ ပြီးရင်လည်း ချဲလ်ဆီး၊ ဘရန့်ဖို့ဒ်၊ ဆန်းဒါးလန်၊ လစ်ဗာပူးလ် အစရှိတဲ့ အသင်းတွေနဲ့ ခက်ခက်ခဲခဲ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲ ကစားပြီးချိန်မှာ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး၊ ရမှတ် ၄ မှတ်နဲ့ အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.