မန်ချက်စတာစီးတီး ကတော့ အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာ နော့တင်ဟမ်ဖောရက်စ်ကို အဝေးကွင်းမှာ ခက်ခက်ခဲခဲ ကစားပြီး အနိုင် ၃ မှတ် အပြည့်ရခဲ့ပါတယ်။ ဒီပွဲမှာ နော့တင်ဟမ်ဖောရက်စ်ရဲ့ မာကျောမှုကြောင့် မန်စီးတီးတို ခက်ခက်ခဲခဲ ကစားခဲ့ရပေမယ့် ရေယန် ရှာကီရဲ့ ခြေစွမ်းပြမှုနဲ့ နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။
ပထမပိုင်းမှာ နှစ်သင်းပေါင်း ဂိုးပေါက် ကန်ချက် ၈ ကြိမ် အထိ ပြုလုပ်ခဲ့ပေမယ့် ဂိုးပေါက်တည့်မှု တစ်ကြိမ်မှ မရှိခဲ့သလို သွင်းဂိုးလည်း မရခဲ့ကြပါဘူး။ ဒါဟာ မန်စီးတီး အတွက် ၂၀၂၂ ခုနှစ် စက်တင်ဘာလတုန်းက အက်စတွန်ဗီလာနဲ့ ပွဲနောက်ပိုင်း ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲရဲ့ ပထမပိုင်း အပြီးမှာ ဂိုးပေါက်တည့်မှု တစ်ကြိမ်မှ မရှိခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ နှစ်သင်စလုံး တိုက်စစ်မြှင့်ခဲ့ကြပြီး မိနစ်ပိုင်း အကြာမှာပဲ ချာကီ ဖန်တီးပေးတာ ကနေ တီဂျန်နီ ရိုင်ဒါးစ် အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ချာကီဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု ၇ ကြိမ် ရှိလာခဲ့ပြီး ဂိုးဖန်တီးမှု အများဆုံး ကစားသမား အဖြစ်လည်း ရပ်တည်နေပါတယ်။ ချာကီရဲ့ စွမ်းဆောင်ရည် ကတော့ လိုင်ယွန်က ခေါ်ယူခဲ့တုန်းက ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေးထက် ပိုပေးသင့်နေပါပြီ။
ဒါပေမယ့် စီးတီးတို့ မကြာခင်မှာပဲ တန်ပြန် တိုက်စစ် ကနေ အီဂေါ ဂျေဇုစ် ဖန်တီးပေးတာ ကနေ ပယ်နယ်တီ ဧရိယာ အတွင်း အသင့်ရှိနေတဲ့ ဟတ်ချင်ဆန်က ပိတ်သွင်းခဲ့လို့ ဖောရက်စ်တို့ ချေပဂိုး ရခဲ့ပါတယ်။ ဟက်ချင်ဆန် ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ထိပ်သီး ၄ သင်းဖြစ်တဲ့ ယူနိုက်တက်၊ ချဲလ်ဆီး၊ စပါးနဲ့ အခု မန်စီးတီးနဲ့ ပွဲတွေမှာ ဂိုးသွင်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီး အတွက် အဖိုးတန် အနိုင်ဂိုး ကိုတော့ ပွဲချိန် ၈၃ မိနစ်မှာ ထောင့်ကန်ဘော ကနေ ဂဗာဒီယိုလ် ခေါင်းတိုက် ပြန်ချပေးတာကို ချာကီက ပြင်းထန် အားပါတဲ့ ကန်ချက်နဲ့ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ ချာကီ အနေနဲ့ ဒီနေ့ပွဲမှာ ပထမဂိုး အတွက် ဖန်တီးပေးခဲ့သလို အနိုင်ဂိုး ကိုလည်း ကိုယ်တိုင် သွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် နိုဝင်ဘာ ကနေ လက်ရှိ အချိန်ထိ ချာကီ အနေနဲ့ သွင်းဂိုး ပါဝင် ပတ်သက်မှု ၈ ဂိုး (၁ ဂိုး သွင်း၊ ဂိုးဖန်တီးမှု ၇ကြိမ်) ရှိလာပြီး ဒီကာလ အတွင်း ပရီးမီးယားလိဂ်မှာ သူ့ထက် သွင်းဂိုး ပါဝင်ပတ်သက်မှု ပိုများတာဆိုလို ဘရူနို ဖာနန်ဒက်စ်(၉ ဂိုး – ၃ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၆ ကြိမ်)၊ အာလင်း ဟာလန်း (၁၁ ဂိုး – ၈ ဂိုး သွင်း၊ ဂိုးဖန်တီးမှု – ၃ ကြိမ်) တို့သာ ရှိပါတယ်။ ဒါ့အပြင် ပြင်သစ်သား အနေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲတည်းမှာ ကိုယ်တိုင် ဂိုးသွင်းပြီး ဂိုးဖန်တီးမှုပြုလုပ်နိုင်တာက အခုမှ ပထမဦးဆုံး အကြိမ် ဖြစ်ပါတယ်။

ဒီလို မန်စီးတီး အတွက် အရေးပါတဲ့ ကစားသမား ဖြစ်နေတဲ့ ချာကီက ပွဲအပြီး မှာတော့ အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ပွဲတွေ ကစားရတဲ့အခါ ကျွန်တော်တို့ လိုအပ်နေတဲ့ အရာက တစ်ခုထဲပါပဲ။ အဲဒါကတော့ အနိုင်ရဖို့ပါပဲ။ ချန်ပီယံလုပွဲက ရှည်လျားပြီး ခက်ခဲတဲ့အတွက် အမှတ်တွေ ရယူနိုင်ဖို့ လိုအပ်ပါတယ်၊ ဒါကြောင့် ဒီနေ့ဟာ အောင်ပွဲကြီး တစ်ခုပါပဲ။ နောက်တစ်ပွဲက ကျွန်တော်တို့ အတွက် အရမ်း အရေးကြီးပြီး ကျွန်တော်တို့ အဆင်သင့် ဖြစ်နေပါပြီ။” လို့ ချာကီက TNT Sports ကို ပြောပါတယ်။
ဒီပွဲမှာ မန်စီးတီး အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့တဲ့ ရိုင်ဒါးစ် ကလည်း “ ဒီကွင်းမှာ အသင်း တော်တော်များများ ခက်ခဲရတယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော် ကြားရတာ ကတော့ နော့တင်ဟမ်ဖောရက်စ်ရဲ့ အိမ်ကွင်းက အမြဲတမ်း ခက်ခဲပါတယ်။ ဟုတ်ပါတယ် [တကယ်ပါ] ကျွန်တော် တို့လည်း ခံစားခဲ့ရပါတယ်။ အရမ်းအရေးကြီးတဲ့ အောင်ပွဲ တစ်ခုပါ၊ ကျွန်တော် တို့လည်း ကြိုးစားနေပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ကစားကွက်ကို ပြောင်းလဲခဲ့ပြီး နေရာလွတ်တွေ ပိုရှာနိုင်ခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
အခု ရှုံးပွဲကြောင့် ရှောင် ဒိုက်ချ်ဟာ ပပ် ဂွါဒီယိုလာနဲ့ တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် ၁၇ ပွဲမှာ နိုင်ပွဲ လုံးဝ မရရှိဘဲ ၂ ပွဲ သရေ ၁၅ ပွဲ အထိ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် ဖာဂူဆန်ကို ပရီးမီးယားလိဂ် ၁၇ ပွဲ အထိ အသာမရခဲ့တဲ့ စတိဗ် ဘရုစ်နဲ့ အတူ ပြိုင်ဘက် နည်းပြ တစ်ဦးကို ပရီးမီးယားလိဂ်မှာ နိုင်ပွဲ မယူနိုင်တဲ့ ပွဲအရေအတွက် အများဆုံး နည်းပြ အဖြစ် ရပ်တည်ခဲ့ရပါတယ်။
မန်စီးတီး ကတော့ ပရီးမီးယားလိဂ် ၆ ပွဲဆက်တိုက် အနိုင်ရခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘောလုံးရာသီရဲ့ နောက်ဆုံး ၉ ပွဲ ဆက်တိုက် အနိုင်ရပြီးနောက်ပိုင်း ပထမဆုံး အကြိမ်လည်း ဖြစ်ပါတယ်။ မန်စီးတီးရဲ့ လက်ရှိ အကောင်းဆုံး ပုံစံ ကတော့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်ကို တုန်လှုပ်နေစေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


