ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် နည်းပြ မီခဲလ် အာတေးတားက လက်ရှိမှာ သူ့ရဲ့ အသင်းဟာ ဘယ်ကစားသမားကို မဆို ဆွဲဆောင်နိုင်စွမ်း ရှိတယ်လို့ ယုံကြည်နေပါတယ်။ ဒါ့အပြင် စပိန်သား နည်းပြက ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ်မှာ အနိုင်ရခဲ့တဲ့ ပွဲစဉ်မျိုးဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူချင်တဲ့ ကစားသမားတွေ အတွက် ပိုပြီး ဆွဲဆောင်မှုရှိသွားစေနိုင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
မီခဲလ် အာတေးတားက “ဒီချန်ပီယံလိဂ် အောင်မြင်မှုက နောက်ထပ် အကြောင်းအရင်း တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို အရမ်းပဲ ကံကောင်းတယ်လို့ ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ ကလပ်ဟာ ကစားသမားတွေနဲ့ စကားပြောတိုင်း သူတို့က ကျွန်တော်တို့ ကလပ်ရဲ့ အစိတ်အပိုင်း ဖြစ်ချင်ကြလို့ပါပဲ။” လို့ ပြောဆိုသွားခဲ့ပါတယ်။
အဲဒီနောက် အာတေးတားက ဆက်လက်ပြီး “ချန်ပီယံလိဂ် ညတွေက ကစားသမားတွေ အတွက် ပိုပြီး စိတ်အားထက်သန်မှု ဒါမှမဟုတ် ယုံကြည်မှုကို ဖြစ်ပေါ်စေနိုင်တဲ့ အရာတစ်ခု ဖြစ်နိုင်ပါတယ်။ ကလပ်က နေရာကောင်း တစ်ခုမှာ ရှိနေတဲ့ အတွက် ‘ငါဟာ ဒီလို ညတွေရဲ့ အစိတ်အပိုင်း ဖြစ်ချင်တယ်’ ဆိုတဲ့ ခံစားချက်မျိုးပေါ့။ ခြုံပြောရရင်တော့ ကျွန်တော်တို့ အဆင်သင့် ဖြစ်နေပါပြီ။ ကျွန်တော်တို့ အားကောင်းပါတယ်၊ ပြီးတော့ ဘယ်ကစားသမားကို မဆို ဆွဲဆောင်နိုင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ အာဆင်နယ်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်လှမ်းထားနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ် မှာတော့ ချန်ပီယံဆုနဲ့ နောက်ထပ် ရာသီ တစ်ခု ထပ်မံ လွဲချော်ဖို့ များနေဆဲ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ၂၀၀၄ ခုနှစ် နောက်ပိုင်း ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်ထိတော့ တကျော့ပြန် အောင်မြင်မှု ပြန်လည် ရယူဖို့ ခက်ခဲနေပါသေးတယ်။ ဘောလုံး ကျွမ်းကျင်သူ အများစု ကတော့ အာဆင်နယ်ဟာ ထိပ်တန်း ကစားသမားကောင်းတွေ ထပ်မံ အင်အားဖြည့်နိုင်ခဲ့ရင်တော့ ဘောလုံးလောကမှာ လွှမ်းမိုးနိုင်တဲ့ ကလပ် တစ်ခု ဖြစ်လာနိုင်ဖွယ် ရှိကြောင်း သုံးသပ်နေကြပါတယ်။ ဒါ့အပြင် အာဆင်နယ်ဟာ ချန်ပီယံလိဂ် ဖလားကို ပထမဆုံး အကြိမ် ရယူနိုင်ခဲ့မယ် ဆိုရင်တော့ အရင်ကထက် ပိုပြီး အရည်အသွေးမြင့်တဲ့ ကစားသမားကောင်းတွေကို ဆွဲဆောင်နိုင်ဖို့လည်း ရှိနေပါတယ်။
အာဆင်နယ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်၊ လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကို၊ ဘီလ်ဘာအို တောင်ပံ ကစားသမား နီကို ဝီလီယမ်စ် တိုလို့ ကစားသမားတွေကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ဒါ့အပြင် အာဆင်နယ်က အားကစား ဒါရိုက်တာသစ် အန်ဒရီယာ ဘာတာနဲ့ အတူ နေရာစုံ အတွက် ကစားသမားသစ်တွေ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ အာဆင်နယ်ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် မှာတော့ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရဖို့ ရှိပြီးတော့ ဒီပွဲမတိုင်ခင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အောက်ပိုင်းက အစ်ပ်ဆွစ်ချ်တောင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေပြီးတော့ ဇယားထိပ်က လစ်ဗာပူးလ်နဲ့ ၁၃ မှတ် ပြတ်နေပါတယ်။ အာဆင်နယ်ဟာ အဆင့် ၃ နေရာက နယူးကာဆယ် ထက်တော့ တစ်ပွဲလျော့ ကစားပြီး ၄ မှတ် ဖြတ်ထားနိုင်ဆဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.