နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရိုဒရီဂိုကို ဆလီဘာကို တိုက်ရိုက် အလဲအလှယ် ပြုလုပ်လိုတဲ့ အာဆင်နယ်၊ ဘရန့်ဖို့ဒ် ကနေ ထွက်ခွာလိုနေဆဲ ဖြစ်တဲ့ ဝစ်ဆာ | ပရီးမီးယားလိဂ်

ဩဂုတ် ၄ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အကယ်၍ အာဆင်နယ် အနေနဲ့ ဝီလီယမ် ဆလီဘာကို လက်လွှတ်ခဲ့ရမယ် ဆိုရင်တော့ ရိုဒရီဂိုနဲ့ တိုက်ရိုက် အလဲအလှယ် ပြုလုပ်ဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။ အာဆင်နယ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ကြားသိရတာအရ ဂန်းနားတွေဟာ ဆလီဘာကို လုံးဝ လက်လွှတ်လိုခြင်း မရှိပဲ စာချုပ်သက်တမ်းတိုးနိုင်ဖို့လည်း နီးစပ်နေကြောင်း သိရပါတယ်။
ရိုဒရီဂိုကို ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ကတော့ ဆက်လက် စိတ်ဝင်စားနေသလို ချဲလ်ဆီး ကလည်း ခေါ်ယူချင်နေဆဲ ဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် တော့တင်ဟမ်ဟော့စပါး ကတော့ မန်ချက်စတာစီးတီး တိုက်စစ်မှူး ဆာဗင်ဟိုကို အံ့အားသင့်ဖွယ် ခေါ်ယူဖို့ စီစဉ်နေကြောင်း GIVEMESPORT က ဖော်ပြခဲ့ပါတယ်။ ဆာဗင်ဟို ကတော့ ပြီးခဲ့တဲ့ ရာသီက မန်စီးတီး အတွက် ခြေစွမ်းပြခဲ့သူ ဖြစ်တာကြောင့် စပါး အတွက်တော့ ခက်ခဲတဲ့ အပြောင်းအရွှေ့ ဖြစ်လာမှာပါ။

မကြာသေးင်ကမှ မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာသွားတဲ့ ကွင်းလယ် ကစားသမား ခရစ္စတီယန် အဲရစ်ခ်ဆင် ကတော့ ဘန်လေ အတွက် ပစ်မှတ် အဖြစ် ပေါ်ထွက်နေကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ အဲရစ်ခ်ဆင် ကတော့ ယူနိုက်တက်နဲ့ လမ်းခွဲပြီး ကတည်းက လက်ရှိ အချိန်ထိ အသင်း လက်မဲ့ ဖြစ်နေသူပါ။

ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် ယူနိုက်တက် ပစ်မှတ် ယိုအာနေး ဝစ်ဆာ ကတော့ ဘရန့်ဖို့ဒ်နဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ပြန်လည် ပူးပေါင်းနေပြီ ဖြစ်ပါတယ်။
ဒီနွေရာသီမှာ ဘရန့်ဖို့ဒ် ကနေ ထွက်ခွာချင်နေဆဲ ဖြစ်တဲ့ ယိုအာနေး ဝစ်ဆာ

TBR Football ရဲ့ ဖော်ပြချက်အရ အာဆင်နယ် ကတော့ နောက်ခံလူ ယာကုဘ် ခီဗီယော အတွက် ကမ်းလှမ်းမှုတွေကို လက်ခံရရှိခဲ့ပေမယ့် စာချုပ်သစ် ကမ်းလှမ်းဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ဘင်ဂျာမင် ဆက်စ်ကိုကို စာချုပ်ချုပ်ဆိုပြီးရင်တော့ နောက်ထပ် ဦးစားပေး ပစ်မှတ် အဖြစ် ဖီအိုရင်တီးနားက ပိုင်ထရို ကိုမက်ဇို ကို ဆက်လက် ကြိုးပမ်းသွားဖို့ ရှိနေကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် ယူနိုက်တက် ပစ်မှတ် ယိုအာနေး ဝစ်ဆာ ကတော့ ဘရန့်ဖို့ဒ်နဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ပြန်လည် ပူးပေါင်းနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဝစ်ဆာက ဒီနွေရာသီမှာ အသင်း ကနေ ထွက်ခွာလိုနေဆဲ ဖြစ်ကြောင်း BBC Sports က ဖော်ပြပါတယ်။

ဒါဝင် နူညက်ဇ် ကတော့ အဲလ်ဟီလာနဲ့ စာချုပ်ချုပ်ဆိုပြီးချိန်မှာ မိုဟာမက် ဆာလာထက် ဝင်ငွေ ပိုမိုရရှိဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။ ဆော်ဒီပရိုလိဂ် ထိပ်သီး ကလပ် အဲလ်ဟီလာက ဥရုဂွေး တိုက်စစ်မှူးကို ပြောင်းရွှေ့ကြေး ယူရို ၅၃ သန်း + အပိုဆုကြေးများစွာနဲ့ ခေါ်ယူဖို့ နှုတ်အားနဲ့ သဘောတူညီမှု ရရှိထားတာ ဖြစ်ပါတယ်။ နူညက်ဇ်ဟာ အဲလ်ဟီလာနဲ့ ၃ နှစ် စာချုပ် ချုပ်ဆိုသွားမှာ ဖြစ်ပြီး နည်းပြ အင်ဇာဂီ ကလည်း အသင်း တိုက်စစ် အတွက် နူညက်ဇ် ကိုသာ ခေါ်ယူဖို့ ဆန္ဒရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဝက်စ်ဟမ်း ကတော့ မတ်ဇ် အသင်းရဲ့ ကြယ်ပွင့် အီဒရစ်ဆာ ဂူရီကို ခေါ်ယူဖို့ ဆွေးနွေးလျက် ရှိကြောင်း Foot Mercato က ဖော်ပြပါတယ်။ ဒီကစားသမား ကိုတော့ မန်ချက်စတာယူနိုက်တက်နဲ့ ဒေါ့မန် တို့ကလည်း ခေါ်ယူချင်နေပြီး ပြောင်းရွှေ့ကြေး ကတော့ ယူရို ၁၅ သန်း ပေးချေရဖွယ်လည်း ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်