နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နွမ်နရီကို ကာလရှည် စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

အာဆင်နယ် ကတော့ အသင်းရဲ့ လူငယ်ကြယ်ပွင့် ကစားသမားလေး အီသန် နွမ်နရီကို ကာလရှည် စာချုပ်သစ် ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ နွမ်နရီဟာ ဒီနွေရာသီ အစောပိုင်းက ပရီးမီးယားလိဂ် ကလပ် ကနေ ထွက်ခွာဖွယ် ရှိကြောင်း ကောလာဟလတွေ ထွက်ခဲ့ပေမယ့် နောက်ဆုံး မှာတော့ ဂန်းနား အဖြစ် ဆက်ရှိနေခဲ့တာပါ။

အသက် ၁၈ နှစ် အရွယ်သာ ရှိသေးတဲ့ နွမ်နရီဟာ ပြီးခဲ့တဲ့ရာသီက အာဆင်နယ် စီနီယာ အသင်းကြီး အတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီးတော့ ပြိုင်ပွဲစုံ ၃၇ ပွဲ ကစားရာမှာ ၉ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အင်္ဂလန်သားက ၂၀၂၂ ခုနှစ် စက်တင်ဘာမှာ အာဆင်နယ် စီနီယာ အသင်းကြီး အတွက် ပထမဦးဆုံး အကြိမ် ကစားခွင့် ရခဲ့ပြီး အဲဒီအချိန်တုန်းက ၁၅ နှစ်နဲ့ ၁၈၁ ရက်သာ ရှိနေခဲ့ပါတယ်။ ဒါကြောင့်လည်း နွမ်နရီက ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ပွဲထွက် ကစားခွင့်ရသူ အဖြစ် စံချိန်တင်ထားနိုင်ခဲ့ပါတယ်။

အာဆင်နယ် ကတော့ နွမ်နရီနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်သက်တမ်းကို ထုတ်ပြန်ထားခြင်း မရှိပေမယ့် ၅ နှစ် စာချုပ် ဖြစ်နိုင်ကြောင်း ဗြိတိန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။ နွမ်နရီဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ကလည်း PFA လူငယ်အကောင်းဆုံး ကစားသမားဆု ဆန်ခါတင် ၆ ဦး စာရင်း မှာလည်း ပါဝင်ခဲ့ပါသေးတယ်။

အီသန် နွမ်နရီက သူ့ရဲ့ ငယ်မွေးခြံပေါက် ကလပ်နဲ့ ကာလရှည် စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ပြီးနောက် အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။ “ဒီစာချုပ်ကို လက်မှတ်ရေးထိုးခြင်းက ကျွန်တော့် အတွက် အရာ အားလုံးကို အဓိပ္ပာယ်ရှိစေပါတယ်။ ဒါက ကျွန်တော့်ရဲ့ ပထမဆုံးသော စီနီယာ ဘောလုံးရာသီမှာ အသင်းကြီးရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ ပါဝင်ခွင့်ရမယ့် ပထမဆုံးရာသီ အဖြစ် ကျွန်တော် မြင်ပါတယ်။ ကျွန်တော် အသင်းဆီ ယူဆောင်လာပေးနိုင်တဲ့ အရာတွေ အတွက် ကျွန်တော် အရမ်းပဲ စိတ်လှုပ်ရှားနေပါတယ်၊ တတ်နိုင်သမျှ အနိုင်ယူပြီး ကလပ်ကို ပျော်ရွှင်မှုတွေနဲ့ ဂုဏ်ကျက်သရေတွေ ယူဆောင်လာပေးချင်ပါတယ်။” လို့ နွမ်နရီက ပြောကြားသွားခဲ့ပါတယ်။

ကျွန်တော် ပရီးမီးယားလိဂ်မှာ ကစားဖို့ အတွက် တောင်းဆိုမှုတွေကို ပြင်ဆင်သွားမှာပါ။
အာဆင်နယ်မှာ ပွဲထွက်ကစားခွင့် အတွက် တိုက်ပွဲဝင်ရမယ့် အီသန် နွမ်နရီ

ဆက်လက်ပြီး နွမ်နရီက “အာဆင်နယ်နဲ့ စာချုပ်သစ် ချုပ်လိုက်တာက ကျွန်တော့် အတွက် အရာအားလုံး ပြည့်စုံစေပါတယ်။ ဒါကို အသင်းကြီးမှာ စကစားထဲက မြင်တွေ့ခဲ့ရတာပါ။ ကျွန်တော် အရမ်းပဲ စိတ်လှုပ်ရှားနေပါတယ်။ အသင်း အတွက် ကျွန်တော် ဘာတွေ ယူဆောင်နိုင်မလဲ ဆိုတာ။ တွေးပြီးတော့ပေါ့။ ကျွန်တော် ပရီးမီးယားလိဂ်မှာ ကစားဖို့ အတွက် တောင်းဆိုမှုတွေကို ပြင်ဆင်သွားမှာပါ။ ကျွန်တော်ဟာ ကာယပိုင်းဆိုင်ရာမှာ တိုးတတ်မှုတွေ ရှိလာသလို စိတ်ပိုင်းဆိုင်ရာမှာလဲ တိုးတတ်လာပါတယ်။ ကျွန်တော့် အထင် ကတော့ အခုဆို ကျွန်တော့်ရဲ့ ကစားပုံက တိုက်ရိုက်ဆန်လာပြီး ဂိုးတွေလည်း ပိုသွင်းနိုင်လာပါပြီ။ နောက် ဘာဖြစ်မလဲ ဆိုတာတွေ အတွက်လဲ ရင်ခုန်နေပါပြီ။” လို့ ပြောကြားသွားခဲ့ပါသေးတယ်။

နွမ်နရီ ကတော့ အာဆင်နယ်ရဲ့ နာမည်ကျော် ဟေးအန့် အကယ်ဒမီထွက် ဖြစ်ပြီး ကွင်းလယ် တိုက်စစ် နေရာမှာ သာမက တောင်ပံ တိုက်စစ် နေရာတွေ မှာပါ ကစားနိုင်သူ ဖြစ်ပါတယ်။ နွမ်နရီဟာ အနာဂတ်မှာ ကျိန်းသေပေါက် ထွန်းတောက်လာမယ့် ကစားသမား အဖြစ် သတ်မှတ်ခံထားရ ချဲလ်ဆီး အပါအဝင် ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားခြင်းလည်း ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း အန်ဒရီယာ ဘာတာ ဦးဆောင်တဲ့ အာဆင်နယ် အားကစားအဖွဲ့ဟာ နောက်ဆုံး မှာတော့ နွမ်နရီကို လက်ဦးမှု ရယူကာ သက်တမ်းတိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်