နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လော်တာရို မာတီနက်ဇ်ကို ယူရို သန်း ၁၅၀ နဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လစ်ဗာပူးလ် ကတော့ အက်စတွန်ဗီလာ၊ နယူးကာဆယ်နဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရာစ် တို့က အလိုရှိနေတဲ့ တိုက်စစ်မှူး ဒီယိုဂို ဂျိုတာကို ပေါင်သန်း ၅၀ ရရင် ရောင်းထုတ်သွားမယ်လို့ သိရပါတယ်။ ဒီယိုဂို ဂျိုတာ ကတော့ လစ်ဗာပူးလ် အတွက် နှစ်ကာလာ တချို့ အကျိုးပြုတဲ့ တိုက်စစ်မှူး ဖြစ်ခဲ့ပေမယ့် လက်ရှိ မှာတော့ ခြေစွမ်းပိုင်း အနည်းငယ် ကျဆင်းနေသူလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ အင်တာမီလန် တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ကို ယူရိုသန်း ၁၅၀ (ပေါင် ၁၂၈.၂ သန်း) နဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။ အာဆင်နယ်ဟာ တစ်ဖက် မှာလည်း စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ် ကိုလည်း တခြားသော ပြိုင်ဘက်တွေထက် လက်ဦးမှု ရယူပြီး ခေါ်ယူဖို့ အသင့် ရှိနေကြောင်း သိရပါတယ်။

အေစီမီလန် ဂိုးသမား မိုက်ခ် မိုက်ဂ်နန် ကိုတော့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးက စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
ဂိုးသမားသစ် တစ်ဦး ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ချဲလ်ဆီး

အေစီမီလန် ဂိုးသမား မိုက်ခ် မိုက်ဂ်နန် ကိုတော့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးက စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ လက်တလော ချဲလ်ဆီးမှာ ရောဘတ် ဆန်းချက်ဇ်နဲ့ ဖီးလစ် ဂျော်ဂျင်ဆန် တို့လို ဂိုးသမားတွေ ရှိနေပေမယ့် အခု နွေရာသီမှာ ကစားသမားသစ် ခေါ်ယူဖို့ ကြိုးပမ်းချင်နေသေးတာ ဖြစ်ပါတယ်။

အေစီမီလန် ကနေ ထွက်ခွာဖွယ် ရှိနေတဲ့ ဗဟိုခံစစ်မှူး ဖီကာယို တိုမိုရီ ကတော့ တော့တင်ဟမ်ဟော့စပါးရဲ့ ပစ်မှတ် ဖြစ်နေပါတယ်။ ဒီကစားသမားဟာ ပေါင် 26 သန်း ဝန်းကျင် တန်ကြေး ရှိပြီး ခံစစ်ပိုင်း လိုအပ်ချက် ရှိနေတဲ့ စပါးက အသင်း အတွက် သင့်လျော်တဲ့ ကစားသမား အဖြစ် သတ်မှတ်ထားပါတယ်။

တူရကီ ထိပ်သီး ဂါလာတာဆာရေးက မန်စီးတီး ကွင်းလယ်လူ အိုင်ခေး ဂွန်ဒိုအန်ကို အခု နွေရာသီမှာ ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ ဂျာမန်သား ကတော့ အခုရာသီ အကုန်မှာ မန်စီးတီးနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီးတော့ အသင်း ဘက်က သက်တမ်းတိုးဖို့ ကမ်းလှမ်းထားခြင်း မရှိတဲ့ အပြင် လက်လွှတ်ဖို့ သေချာသလောက် ရှိနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ဘာစီလိုနာ ကတော့ လေဗာကူဆင် ဗဟိုနောက်ခံလူ ဂျိုနသန် တာ့ရ်ကို ခေါ်ယူချင်နေပြီး ညှိနှိုင်းမှုတွေ အဆင်ပြေနေတာကြောင့် အခု နွေရာသီ အပြောင်းအရွှေ့မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ သဘောတူညီမှု ရရှိဖို့ မျှော်လင့်နေပါတယ်။ ဒီကစားသမား ကိုတော့ ဥရောပ ထိပ်တန်း ကလပ် များစွာက မျက်စိကျနေတာလည်း ဖြစ်ပါတယ်။

ဖူလ်ဟမ် ကတော့ တော့တင်ဟမ်ဟော့စပါးနဲ့ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် အဖြစ် သတ်မှတ်ခံထားရတဲ့ တိုက်စစ်မှူး ရိုဒရီဂို မူနစ်ဇ်ကို အသင်းမှာ ဆက်ထိန်းထားဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။ မူနစ်ဇ်ဟာ ဖူလ်ဟမ် အတွက် ၆၈ ပွဲ ကစားပြီး ၂၁ ဂိုး သွင်းယူပေးထားပါတယ်။

နယူးကာဆယ် ကတော့ ခရစ္စတယ်ပဲလေ့စ် ကွင်းလယ်လူ အီဘာရီချီ အီးဇီးကို အလိုရှိနေပြီး အီတလီ လက်ရွေးစင် ဆန်ဒရို တိုနာလီရဲ့ နေရာမှာ အစားထိုးဖို့ ရည်ရွယ်နေကြောင်း သိရပါတယ်။ လာမယ့် နွေရာသီမှာ နယူးကာဆယ်က ကွင်းလယ်လူ ဘရူနို ဂီမာရေ့စ်နဲ့ ဆန်ဒရို တိုနာလီ တို့ကို လက်လွှတ်ရဖွယ် ရှိနေတာကြောင့် ကြိုတင် ပြင်ဆင်နေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်