ဆန်းဒါးလန်း – အာဆင်နယ်
စနေနေ့ည ပရီးမီးယားလိဂ်ရဲ့ နောက်ကျပွဲ တစ်ပွဲ အဖြစ် အာဆင်နယ်က ဆန်းဒါးလန်းကို အလင်းရောင်ကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီရာသီမှာ ပြီးပြည့်စုံတဲ့ ခြေစွမ်းနဲ့ ပေးဂိုးမရှိ နိုင်ပွဲတွေ ဆက်တိုက် ရယူနေတဲ့ ဂန်းနားတို့ တန်းတက် အသင်း ပေမယ့် လျှော့တွက်လို့ မရတဲ့ ကြောင်နက်တွေကို အသာရသွားနိုင်ပါ့မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဆန်းဒါးလန်း ကတော့ ၈ နှစ်အကြာမှ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာပြီး အမှန်အကန် လုပ်ပြနေပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ အပြီးမှာ နိုင်ပွဲ ၅ ပွဲ၊ သရေ ၃ ပွဲ၊ ရှုံးပွဲ ၂ ပွဲ ရှိထားပြီး ၁၈ မှတ် အထိ စုဆောင်းထားနိုင်တဲ့ ဆန်းဒါးလန်းက အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။ ဒီရာသီမှာ တော့တင်ဟမ်ဟော့စပါး၊ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်၊ အက်စတွန်ဗီလာနဲ့ နယူးကာဆယ်ယူနိုက်တက် တို့လို အသင်းတွေထက် သာလွန်တဲ့ စွမ်းဆောင်ရည်ကို ပြသထားတဲ့ ဆန်းဒါးလန်းဟာ အာဆင်နယ်ကို ဒုက္ခပေးဖို့ ကြိုးစားလာပါလိမ့်မယ်။ ဂန်းနားဟောင်း ဂရန်းနစ် ချာကာ အနေနဲ့လည်း သူ့ရဲ့ အသင်းဟောင်းနဲ့ ပြန်အတွေ့မှာ ဘာတွေ လုပ်ပြသွားဦးမလဲ ဆိုတာ စိတ်ဝင်စားစရာပါ။ နောက်ပြီး ဆန်းဒါးလန်းဟာ ဒီရာသီ အိမ်ကွင်းမှာ ရှုံးပွဲ လုံးဝ မရှိထားသေးပဲ ရမှတ် တော်တော်များများ ရှာဖွေထားနိုင်တဲ့ အသင်း ဖြစ်တာ ကိုလည်း မေ့ထားလို့ မရပါဘူး။
အာဆင်နယ် အကြောင်း ကတော့ သိပ်ပြီး အထွေအထူး ပြောစရာ မရှိပါဘူး။ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲဆက် ပေးဂိုးမရှိ နိုင်ပွဲ ရထားပြီး ၁၀ ပွဲဆက်လည်း အနိုင်ရထားပါတယ်။ နောက်ပြီး အာဆင်နယ်က ဒီရာသီမှာ လစ်ဗာပူးလ်ကို ရှုံးပြီး မန်စီးတီးနဲ့ သရေကျခဲ့တာက လွဲရင် ကျန်ပွဲ အားလုံးမှာ အနိုင်ရထားပါတယ်။ ဂန်းနားတွေက လက်ရှိမှာ ပြီးပြည့်စုံတဲ့ ခြေစွမ်းနဲ့ နိုင်ပွဲတွေ ရနေပြီး သူတို့ရဲ့ အဓိက အားသာချက် ကတော့ လေမတိုးတဲ့ ခံစစ် ဖြစ်ပါတယ်။ တိုက်စစ် ကလည်း ယိုကီးရက်စ် ဒဏ်ရရသွားသည့် တိုင်အောင် အလုပ်ဖြစ်နေဆဲ ဂိုးတွေ ရနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် အရင် အာဆင်နယ်နဲ့ မတူတာက ပွဲတစ်ပွဲကို ဘယ်လိုမျိုး အနိုင်ကစားရမယ် ဆိုတာ ပါးနပ်လာတာ ဖြစ်ပါတယ်။ ဒီပွဲမှာလည်း အာဆင်နယ်တို့ ဆန်းဒါးလန်းကို ခက်ခက်ခဲခဲ ကစားရမယ် ဆိုတာ သိနေပေမယ့် အချိန်တန်ရင်တော့ နိုင်ပွဲရသွားမှာပါပဲ ဆိုတဲ့ ခံစားချက်မျိုးလည်း ရလာတာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ

အာဆင်နယ် မှာတော့ ကီပါ၊ မာတင် အိုဒီဂတ်၊ မာတင်နယ်လီ၊ ဟာဗက်ဇ်၊ မာဒူခေး၊ ယိုကီးရက်စ်တို့ လွဲချော်မှာပါ။ ဂါဘရီရယ် ဂျေဇုစ် ကတော့ ဒဏ်ရာက ပြန်လည် သက်သာလာတာကြောင့် အပြည့်အဝ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်ပေမယ့် ကြံ့ခိုင်မှု အရ ဒီပွဲမှာ ပြန်ပါလာနိုင်ခြေတော့ နည်းနေပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဆန်းဒါးလန်း – ရိုအက်ဖ်၊ ဟူမီ၊ မူကီလီ၊ ဘဲလ်လက်ဒ်၊ ဂီယာတူအီဒါ၊ ရိန်နီလ်ဒို၊ ချာကာ၊ ဆာဒီကီ၊ ထရာအိုရေး၊ ဆီဒေါ၊ လီဖီး
အာဆင်နယ် – ရာယာ၊ တင်ဘာ၊ ဆလီဘာ၊ ဂါဘရီရယ်၊ ကာလာဖီအိုရီ၊ အက်ဇေး၊ ဇူဘီမန်ဒီ၊ ရိုက်စ်၊ ဆာကာ၊ မာရင်နို၊ ထရော့ဆက်ဒ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
နောက်ဆုံး ၁၇ ကြိမ် တွေ့ဆုံမှုမှာ အာဆင်နယ်က ၁၁ ကြိမ် နိုင်၊ ဆန်းဒါးလန်းက ၁ ကြိမ် နိုင်ပြီး ၅ ကြိမ် သရေကျခဲ့ပါတယ်။ အာဆင်နယ်က ဆန်းဒါးလန်းနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၁၂ ကြိမ်ဆက်တိုက် မရှုံးထားပဲ ၉ ပွဲနိုင်၊ ၃ ပွဲ သရေကျထားပါတယ်။ ဆန်းဒါးလန်း အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၈ ကြိမ်မှာ အာဆင်နယ်က ၅ ကြိမ် နိုင်၊ ၂ ကြိမ် သရေကျပြီး ဆန်းဒါးလန်းက ၁ ကြိမ် အနိုင်ရခဲ့ပါတယ်။
SBOTOPရဲ့ 1X2 မှာ ဆန်းဒါးလန်း နိုင်ရင် ၇.၇၀ ဆ၊ အာဆင်နယ် နိုင်ရင် ၁.၃၆ ဆ၊ သရေ ဆိုရင်တော့ ၄.၂၁ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဧည့်သည် အာဆင်နယ် ဘက်က ခပ်ပြင်းပြင်း ကြေးဖွင့်ထားတာ တွေ့ရပြီး ဂိုးပေါင်းကြေး ၂.၂၅၊ ၂.၅၀၊ ၂.၇၅ ဖွင့်လှစ်ပေးထားပါတယ်။ ဆန်းဒါးလန်း ကလည်း ခံစစ် အရမ်းမဆိုးသလို တိုက်စစ် ကလည်း အာဆင်နယ်ရဲ့ ခံစစ်ကို ကျော်ဖြတ်ဖို့ ဆိုတာ လွယ်ကူမှာ မဟုတ်ပါဘူး။ အာဆင်နယ် ကတော့ ယိုကီးရက်စ် မပါပေမယ့် မာရင်နို ဂိုးတွေ သွင်းပေးနေပါတယ်။ ဒီပွဲ ကိုတော့ အာဆင်နယ် အနိုင်နဲ့ ဂိုးအောက် ကြိုက်ပါတယ်။
ခန့်မှန်းရလဒ်
ဆန်းဒါးလန်း ၀-၁ အာဆင်နယ်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


