နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဟင်ကပ်ပီကို တစ်ရာသီ အငှား+ ယူရို ၅၂ သန်းတန် အပြီးသတ် ခေါ်ယူခွင့်နဲ့ သဘောတူညီမှု ရခဲ့တဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ လေဗာကူဆင် နောက်ခံလူ ပီရို ဟင်ကပ်ပီကို ကနဦး အငှားနဲ့ ခေါ်ယူဖို့ Here We Go ခဲ့ပြီ ဖြစ်ကြောင်း ဖာဘရီဇီယို ရိုမာနိုက အတည်ပြုလိုက်ပါတယ်။ အသက် ၂၃ နှစ် အရွယ် အီကွေဒေါ လက်ရွေးစင် ကစားသမားရဲ့ အပြောင်းအရွှေ့ဟာ အပြောင်အရွှေ့ ပိတ်ရက် ဖြစ်တဲ့ စက်တင်ဘာလ ၁ ရက်နေ့ မတိုင်ခင် အပြီးသတ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

အာဆင်နယ်ဟာ ဟင်ကပ်ပီကို ဒီရာသီ အတွက် အငှားနဲ့ အရင်ဆုံး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ပြီးမှသာ လာမယ့် ရာသီမှာ အပြီးသတ် ခေါ်ယူမှု ပါဝင်တဲ့ ယူရို ၅၂ သန်း (အငှား အတွက် ယူရို ၆ သန်း+အပြီးသတ် ဝယ်ယူမှု အတွက် ယူရို ၄၆ သန်း) နဲ့ Sell on clause ၁၀ ရာခိုင်နှုန်းနဲ့ ခေါ်ယူဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ အီကွေဒေါ ကစားသမား ဟင်ကပ်ပီဟာ လေဗာကူဆင်ကို ၂၀၂၁ ခုနှစ်က ရောက်ရှိလာပြီး ဘွန်ဒက်စ်လီဂါ ကလပ် အတွက် ပြိုင်ပွဲစုံ ၁၆၆ ပွဲ ပါဝင် ကစားပေးခဲ့ပါတယ်။ 

ဟင်ကပ်ပီဟာ ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်ရဲ့ ၈ ဦးမြောက် ကစားသမားသစ် ခေါ်ယူမှု ဖြစ်လာခဲ့ပါတယ်။ အာဆင်နယ်ဟာ ကီပါ အရစ်ဇာဘာလာဂါ၊ မာတင် ဇူဘီမန်ဒီ၊ ခရစ္စရှန် နော့ဂတ်၊ ခရစ္စသီယန် မော့စ်ကီယာ၊ နိုနီ မာဒူခေး၊ ဗစ်တာ ယိုကီးရက်စ်၊ အီဘာရီချီ အီးဇီးတို့ အတွက် စုစုပေါင်း ပေါင် သန်း ၂၇၀ ဝန်းကျင် အသုံးပြုထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်က ပရီးမီးယားလိဂ်ရဲ့ PSR စည်းမျဉ်းတွေနဲ့ ယူအီးအက်ဖ်အေရဲ့ FFP စည်းမျဉ်းတွေကို ရှောင်ရှားချင်တာကြောင့် ဟင်ကပ်ပီကို ကနဦး အငှားနဲ့ အရင်ဆုံး ခေါ်ယူပြီးမှ အပြီးသတ် ခေါ်ယူဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ဟင်ကပ်ပီဟာ ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်ရဲ့ ၈ ဦးမြောက် ကစားသမားသစ် ခေါ်ယူမှု ဖြစ်လာခဲ့ပါတယ်။
ဟင်ကပ်ပီကို ခေါ်ယူနိုင်ခဲ့တာကြောင့် ခီဗီယောကို လက်လွှတ်သွားတော့မယ့် အာဆင်နယ်

ဟက်ကပ်ပီဟာ ဗဟိုခံစစ်နေရာမှာ အဓိက ကစားသူ ဖြစ်ပေမယ့် ဘယ်အစွန်ခံစစ် အပြင် ကွင်းလယ် ဘယ်ခြမ်း အထိပါ ကစားနိုင်သူ ဖြစ်ပါတယ်။ သူဟာ ခံစစ် ကစားသမား ဖြစ်နေသည့်တိုင်အောင် အခွင့်အရေး ဖန်တီးမှု၊ Aerial Duel Won တွေ၊ ဘောလုံး ဖြန့်ဝေမှု၊ တိုက်စစ် လိုက်ပါကူညီနိုင်မှုတွေမှာ အားကောင်းတဲ့ ကစားသမား ဖြစ်တာကြောင့် အာဆင်နယ် အတွက်တော့ မှန်ကန်တဲ့ ခေါ်ယူမှု ဖြစ်လာမလား ဆိုတာ စောင့်ကြည့်ရပါမယ်။ နောက်ပြီး တောင်အမေရိကသားပီပီ ကြံ့ခိုင်မှု ကောင်းပြီး မာမာထန်ထန် ကစားတတ်သူ ဖြစ်တာကြောင့် ကြံ့ခိုင်မှုနဲ့ လျင်မြန်မှု အသားပေးတဲ့ ပရီးမီးယားလိဂ် နဲ့လည်း ကိုက်ညီနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်။ ဟင်ကပ်ပီဟာ ပြီးခဲ့တဲ့ ၃ ရာသီ မှာ လေဗာကူဆင် အတွက် တစ်ရာသီကို အနည်းဆုံး ၄၃ ပွဲ ကစားပေးခဲ့တာပါ။

သတင်းတွေအရ ဆိုရင်တော့ ဟင်ကပ်ပီဟာ မကြာခင် အာဆင်နယ်နဲ့ ဆေးစစ်မှု ခံယူဖို့ အတွက် လန်ဒန်ကို ရောက်ရှိလာတော့မှာလည်း ဖြစ်ပါတယ်။ ဒီကစားသမား ကိုလည်း အစောပိုင်းမှာ ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါးက အရင်ဆုံး ချဉ်းကပ်ခဲ့တာ ဖြစ်ပေမယ့် ခါးသီး မြို့ခံ ပြိုင်ဘက် အာဆင်နယ်က အရ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဟင်ကပ်ပီ ပြောင်းရွှေ့လာဖို့ သေချာသွားပြီ ဖြစ်တာကြောင့် ဂန်းနားတွေ အနေနဲ့ ပိုလန် နောက်ခံလူ ယာကုဗ် ခီဗီယောကို ပေါ်တိုဆီ အငှား+အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ လက်လွှတ်သွားတော့မှာ ဖြစ်ပါတယ်။

ဟင်ကပ်ပီကို ခေါ်ယူအပြီးမှာတော့ အာဆင်နယ်ရဲ့ Squad Depth ဟာ တော်တော်လေး တောင့်တင်းသွားခဲ့ပြီ ဖြစ်ပြီး တစ်နေရာကို အဓိက ကစားသမား နှစ်ဦးလောက် ရှိနေပြီ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ရာသီတွေမှာ ချန်ပီယံဆုတွေကို စိန်ခေါ်နိုင်တဲ့ အသင်း တစ်သင်း အဖြစ် ရှိနေခဲ့ပေမယ့်လည်း အရန် အင်အား မတောင့်တင်းတာကြောင့် ရည်မှန်းချက်တွေနဲ့ လွဲချော်ခဲ့ရပါတယ်။ ဒီနှစ် နွေရာသီ မှာတော့ အာဆင်နယ်က ကစားသမား ၈ ဦး အထိ ခေါ်ယူခဲ့ပြီး အားကစားဒါရိုက်တာသစ် အန်ဒရီယာ ဘာတာနဲ့ အတူ အသင်းရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး အပြောင်းအရွှေ့ ရာသီကို ဖော်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်