နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အန်ဖီးလ်မှာ ရလဒ်ကောင်း ပြန်ရှာနိုင်ဖို့ လိုအပ်တဲ့ အာနေး ဆလော့တ်ရဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

ဘရန့်ဖိုဒ် – လစ်ဗာပူးလ်

စနေနေ့ည ပရီးမီးယားလိဂ်ရဲ့ နောက်အကျဆုံး ပွဲစဉ် အဖြစ် ဘရန့်ဖို့ဒ်နဲ့ လစ်ဗာပူးလ်တို့ Gtech Community ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေတဲ့ လစ်ဗာပူးလ်တို့ ဘရန့်ဖို့ဒ်ရဲ့ အိမ်ကွင်းမှာ ရလဒ်ကောင်း တစ်ခု ပြန်လည် ရှာဖွေနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဘရန့်ဖို့ဒ် ကတော့ ဒီရာသီမှာ ခြေစွမ်းပိုင်း မတည်မငြိမ် ဖြစ်နေပြီး နိုင်တစ်ခါ ရှုံးတလှည့်နဲ့ ရှေ့ဆက်နေပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲ ကစားပြီးချိန်မှာ ဘရန့်ဖို့ဒ်က ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၄ ပွဲ ရှံးထားပြီး ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၁၃ နေရာမှာ ရှိနေပါတယ်။ ပျားတွေဟာ ဒီရာသီ အိမ်ကွင်း ၄ ပွဲ ကစားထားရာ မှာတော့ ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပါတယ်။ ဒါပေမယ့် ဘရန့်ဖို့ဒ်က အိမ်ကွင်းမှာ မန်စီးတီး ကိုသာ ရှုံးနိမ့်ထားပြီး ချဲလ်ဆီး၊ ယူနိုက်တက်၊ ဗီလာ တို့ဆီ ကနေတော့ အမှတ်တွေ ရယူထားနိုင်ပါတယ်။ ဒါကြောင့် လစ်ဗာပူးလ် အနေနဲ့ ဘရန့်ဖို့ဒ်ကို လျှော့တွက်မယ် ဆိုရင်တော့ အမှားကြီး မှားသွားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

အာနေး ဆလော့တ်ရဲ့ လစ်ဗာပူးလ် ကတော့ ပြိုင်ပွဲစုံ ၄ ပွဲဆက် ရှုံးနိမ့်ပြီးနောက် ကြားရက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် မှာတော့ ဖရန့်ဖတ်ကို ဂိုးပြတ် အနိုင်ယူရင်း ရလဒ်ဆိုးတွေ အောက်ကနေ ရုန်းထွက်ထားနိုင်ပါတယ်။ ဒါပေမယ့်လည်း ကြိုးကြာနီ တို့ဟာ ပရီးမီးယားလိဂ် ၃ ပွဲဆက် အရှုံး အောက်ကနေတော့ ရုန်းထနိုင်ဖို့ လိုအပ်နေပါသေးတယ်။ ဒါပေမယ့်လည်း ဘရန့်ဖို့ဒ်ရဲ့ အိမ်ကွင်း ကစားပုံ ကောင်းမွန်မှုကြောင့်တော့ ခက်ခဲရဦးမှာ ဖြစ်ပြီး ဖရန့်ဖတ်ကို အနိုင်ရခဲ့တဲ့ ပွဲကနေ ရရှိခဲ့တဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာကို ဒီပွဲမှာ အသုံးချနိုင်ဖို့ လိုအပ်ပါတယ်။ လစ်ဗာပူးလ်ဟာ ဒီရာသီ အဝေးကွင်း ၄ ပွဲ ကစားထားရာမှာ ၂ ပွဲနိုင်၊ ၂ ပွဲ ရှုံးထားပါတယ်။ အဓိက ပြိုင်ဘက်တွေနဲ့ ရမှတ် ကွာဟချက် များပြားလာတဲ့ အခြေအနေကြောင့်တော့ လစ်ဗာပူးလ်တို့ မဖြစ်မနေ နိုင်ပွဲ ပြန်ရှာဖို့ လိုအပ်နေပါပြီ။ ဒါကြောင့် အာနေး ဆလော့တ်ရဲ့ အသင်းက အခုပွဲကို သတိထား ပြင်ဆင်လာမှာ ဖြစ်သလို အမှတ်ပြည့် ရယူဖို့ အားခဲထားမှာ သေချာပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

ဒါပေမယ့်လည်း ကြိုးကြာနီ တို့ဟာ ပရီးမီးယားလိဂ် ၃ ပွဲဆက် အရှုံး အောက်ကနေတော့ ရုန်းထနိုင်ဖို့ လိုအပ်နေပါသေးတယ်။
ဘရန့်ဖို့ဒ်ကို နောက်ဆုံး ၅ ကြိမ်ဆက် အနိုင်ရထားတဲ့ လစ်ဗာပူးလ်

အခုပွဲကိုတော့ ဘရန့်ဖို့ဒ် ဘက်က အာရွန် ဟစ်ကီနဲ့ ဂူစတာဗို ဂိုးမက်စ် တို့ ပါဝင်ကစားဖို့ မသေချာသေးပါဘူး။

လစ်ဗားပူးလ် ဘက်မှာတော့ ဖရန့်ဖတ်နဲ့ ပွဲမှာ ဒဏ်ရာရသွားတဲ့ အိဆက်ခ် လွဲချော်မှာ ဖြစ်သလို ဖရင်မ်ပေါင်၊ ဘက်ကာ၊ လီယွန်နီ၊ ဘက်ဂျ်စီတစ် တို့လည်း ပါဝင် ကစားနိုင်မှာ မဟုတ်ပါဘူး။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

ဘရန့်ဖိုဒ် – ခယ်လာဟာ၊ ကောလင်းန်၊ ဗန်ဒန်ဘက်ဂျ်၊ ပင်နော့ခ်၊ ကာယိုဒီ၊ ဟန်ဒါဆန်၊ ယာမိုလစ်ခ်၊ လီဝစ် ပေါ်တာ၊ ဒမ်းစ်ဂတ်၊ ရှာဒီ၊ သီယာဂို

လစ်ဗာပူးလ် – မာမာဒက်ရှ်ဗီလီ၊ ဘရက်ဒ်လီ၊ ကိုနာတေး၊ ဗန်ဒိုက်ခ်၊ ကာကက်ဇ်၊ ဂရာဗန်ဘက်ဂျ်၊ မက် အယ်လစ္စတာ၊ ဆာလာ၊ ဆိုဘို့ဇ်လိုင်း၊ ဂက်ခ်ပို၊ အစ်ကီတီကီ

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

နောက်ဆုံး ၈ ကြိမ် တွေ့ဆုံမှုမှာ ဘရန့်ဖို့ဒ်က လစ်ဗာပူးလ်ကို ၁ ကြိမ်သာ အနိုင်ရခဲ့ပြီး ၂၀၂၃ တုန်းက နောက်ဆုံး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ကျန် ၇ ကြိမ် မှာတော့ လစ်ဗာပူးလ်က ၆ ကြိမ် အနိုင်ရခဲ့ပြီး သရေ ၁ ကြိမ်သာ ရှိခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ပျားတွေဟာ ကြိုးကြာနီတွေနဲ့ တွေ့ဆုံချိန်တိုင်း ရုန်းကန်ရတတ်တာ သိသာပါတယ်။ G Tech မှာ ကစားခဲ့တဲ့ နောက်ဆုံး ၄ ပွဲ မှာတော့ ဘရန့်ဖို့ဒ်က ၁ ကြိမ်နိုင်၊ လစ်ဗာပူးလ်က ၂ ကြိမ်နိုင်ပြီး ၁ ကြိမ် သရေကျခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဘရန့်ဖိုဒ် နိုင်ရင် ၄.၁၂ ဆ၊ လစ်ဗာပူးလ် နိုင်ရင်တော့ ၁.၆၈ ဆ၊ သရေ ဆိုရင်တော့ ၃.၈၁ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ လစ်ဗာပူးလ်က တစ်လုံး တစ်ဝက်စား၊ သရေ ရှုံး၊ တစ်လုံး သရေကြေးတွေ ပေါက်နေပါတယ်။ ဂိုးပေါင်း ကတော့ ၃ လုံးက စဖွင့်ပြီး ဂိုးပေါ်နိုင်တဲ့ ကြေးမျိုးပါပဲ။ လစ်ဗာပူးလ်တို့ ပရီးမီးယားလိဂ်မှာ ဖိအားတွေ အောက်က ရုန်းထဖို့ ဆိုရင် ဒီပွဲ ရလဒ်က အရေးကြီးပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုမှာ လစ်ဗာပူးလ် သာပေမယ့် ဒီရာသီ ဘရန့်ဖို့ဒ်ရဲ့ အိမ်ကွင်း ခြေစွမ်းကြောင့်တော့ အလွယ်တကူ အသာရဖို့ မဖြစ်နိုင်ပါဘူး။ အပြန်အလှန် သွင်းဂိုးတွေနဲ့ လစ်ဗာပူးလ် ကပ်နိုင်သွားမယ့် ပွဲဖြစ်ပါတယ်။

ခန့်မှန်းရလဒ်

ဘရန့်ဖိုဒ် ၁-၂ လစ်ဗာပူးလ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်