နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အသင်း အကျိုးရှိဖို့ ဘာမဆို လုပ်ဆောင်သွားမယ် ဆိုတဲ့ အမော်ရင် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် ကတော့ သူဟာ အများပြောသလို ၃-၄-၃ ကစားကွက်ကို တရားသေ ကိုင်စွဲထားသူ မဟုတ်ကြောင်း ပြောကြားလာပါတယ်။ ဒါ့အပြင် သူ့ အနေနဲ့ အသင်း အတွက် အကျိုးရှိမယ် ဆိုရင် ဘာမဆိုလုပ်သွားဖို့ ဆန္ဒရှိကြောင်းလည်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ 

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက အဲဗာတန်ကို အိုးထရက်ဖို့ဒ်မှာ ၁-၀ ဂိုးနဲ့ မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီရှုံးပွဲကြောင့် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲဆက် ရှုံးပွဲ မရှိမှု ရပ်တန့်သွားခဲ့ရပါတယ်။ ပွဲကစားချိန်အတွင်း ပေါ်တူဂီ လူမျိုး နည်းပြက သူ့ရဲ့ ၃-၄-၃ ကစားကွက်ကို အပြောင်းအလဲ မလုပ်ပဲ ဆက်ကစားစေခဲ့တဲ့ အတွက် ဝေဖန်ခံခဲ့ရပါတယ်။ ဒါ့အပြင် အမော်ရင်က အမ်ဘူမို၊ အာမက်ဒ် တို့နဲ့ အားကောင်းနေတဲ့ ညာခြမ်းကို ခွဲထုတ်ခဲ့တာကြောင့် အသင်းက တိုက်စစ်ဆင်မှု အပိုင်းမှာ သိသိသာသာ အားနည်းသွားခဲ့တာ ကလည်း ထောက်ပြစရာ ဖြစ်ခဲ့ပါတယ်။

ယူနိုက်တက်တို့ ချေပဂိုး ရဖို့ အသည်းအသန် ကြိုးပမ်းနေချိန်မှာ အမော်ရင်က သူ့ရဲ့ ကစားကွက် အထိုင်ကို မပြောင်းလဲဘဲ ခံစစ် ၃ ယောက်တန်းနဲ့သာ ဆက်လက် ကစားစေခဲ့ပြီး မက်ဇရာရီ နေရာမှာ မေဆန်မောင့်၊ ပက်ထရစ် ဒေါဂူ နေရာမှာ ဒါးလော့တ်၊ ကတ်စ်မဲရိုး နေရာမှာ ကိုဘီ မိန်းနူး တို့ကို ထည့်သွင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း အသင်းက ထိရောက် တိုးတက်တဲ့ ကစားဟန်ကို မမြင်တွေ့ခဲ့ရပါဘူး။

ယူနိုက်တက်ဟာ လာမယ့် နိုဝင်ဘာ ၂၀ ရက်နေ့ မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ အဖြစ် ခရစ္စတယ်ပဲလေ့စ်ရဲ့ အိမ်ကွင်း ဆဲလ်ဟတ်စ်ပါ့ခ်ကို သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
ယူနိုက်တက် နည်းပြ ဘ၀ ၁၂ လတာ ကာလ အတွင်း ပရီးမီးယားလိဂ် ၃၉ ပွဲမှာ ၁၂ ပွဲသာ အနိုင်ရခဲ့တဲ့ အမော်ရင်

အမော်ရင်ရဲ့ ယူနိုက်တက် နည်းပြ ဘ၀ ၁၂ လတာ ကာလ အတွင်း ပရီးမီးယားလိဂ် ၃၉ ပွဲမှာ ၁၂ ပွဲသာ အနိုင်ရခဲ့ပေမယ့်လည်း သူ့ရဲ့ ၃-၄-၃ ကစားကွက် အပေါ် ဝေဖန်မှုတွေကို ခေါင်းမာမာနဲ့ ကာကွယ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အဲဗာတန်နဲ့ ပွဲမှာလည်း အီဒရစ်ဆာ ဂူရီ တိုက်ရိုက် အနီကတ်နဲ့ ထွက်သွားလို့ ၁၀ မိနစ်ကျော်လောက် ကတည်းက ယူနိုက်တက်တို့ ကစားသမား တစ်ယောက် အသာစီးရခဲ့ပေမယ့် နိုင်ပွဲ မယူနိုင်တဲ့ အပြင် အိမ်ကွင်းမှာ ရှုံးပွဲ တွေ့သွားခဲ့တာ ဖြစ်ပါတယ်။ 

ဒါကြောင့် ပေါ်တူဂီ ရုပ်သံ DAZN Portugal နဲ့ အင်တာဗျူး မှာတော့ အစီအစဉ်တင်ဆက်သူက အမော်ရင် အနေနဲ့ စပို့တင်းလစ္စဘွန်း မှာတုန်းက လိုမျိုး တိုက်စစ်ကို ပုံသေမဟုတ်ဘဲ ရွေ့လျားတဲ့ ပုံစံမျိုး အသုံးပြုသွားဖို့ ရှိလားလို့ မေးမြန်းရာ မှာတော့ ပေါ်တူဂီသားက “ဒီနေ့ ခေတ်မှာ အင်္ဂလန်လိဂ်၊ ပေါ်တူဂီလိဂ် သာမက, ကမ္ဘာ့တစ်ဝှမ်းက လိဂ်ပြိုင်ပွဲတွေမှာ ကလပ် အသင်းတိုင်းဟာ အပြောင်းအလဲတွေနဲ့ အသင်းကို တည်ဆောက်နေကြတာ ဖြစ်ပါတယ်။”

“ပထမ ကစားကွက် ၄-၄-၂ ဖြစ်နေပေမယ့် ၅ မိနစ် အကြာမှာ ၄-၃-၃ ဒါမှမဟုတ် ၃-၄-၃ လည်း ဖြစ်ချင်ဖြစ်သွားတာပါပဲ။ အဲဒါကြောင့် လူတော်တော်များများက ထင်သလို ကျွန်တော်က, ကစားကွက် တစ်ခုတည်း ကိုပဲ တရားသေ ကိုင်စွဲထားတာမျိုး မဟုတ်ဘဲ ကျွန်တော့် အနေနဲ့လည်း အပြောင်းအလဲတွေ လုပ်ဖို့ ဆန္ဒရှိပါတယ်။” လို့ ဖြေကြားသွားခဲ့ပါတယ်။လက်ရှိမှာ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ ပွဲ ကစားပြီးချိန် ၅ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၄ ပွဲ ရှုံးပြီး ရမှတ် ၁၈ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ယူနိုက်တက်ဟာ လာမယ့် နိုဝင်ဘာ ၂၀ ရက်နေ့ မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ အဖြစ် ခရစ္စတယ်ပဲလေ့စ်ရဲ့ အိမ်ကွင်း ဆဲလ်ဟတ်စ်ပါ့ခ်ကို သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်