နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဗစ်တာ ယိုကီးရက်စ်က အာဆင်နယ်ကို တိုးတက်စေတယ်လို့ သုံးသပ်လိုက်တဲ့ အလန်ရှီးယား | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်ရဲ့ ဂန္ထဝင် တိုက်စစ်မှူး အလန်ရှီးယား ကတော့ လက်ရှိမှာ ခြေစွမ်းမပြနိုင် ဖြစ်နေတဲ့ အာဆင်နယ် တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ် ဘက်က ကာကွယ် ပြောဆိုလာခဲ့ပါတယ်။ အလန်ရှီးယားက ယိုကီးရက်စ်ဟာ လက်ရှိမှာ ဂိုးမသွင်းပေမယ့်လည်း အသင်းကို တိုးတက်စေတယ်လို့ သုံးသပ် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဆွီဒင် တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်က ဒီနှစ် နွေရာသီမှာ စပိုတင်းလစ္စဘွန်း ကနေ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ကို ပေါင် ၆၄ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ယိုကီးရက်စ်ဟာ အာဆင်နယ်ကို ရောက်ရှိချိန် ကတည်းက ပြိုင်ပွဲစုံ ၁၁ ပွဲ ကစားပြီး ၃ ဂိုးသာ သွင်းယူထားနိုင်တဲ့ အပြင် နောက်ဆုံး ၇ ပွဲဆက် ဂိုးပေါက် ပျောက်နေခဲ့ပါတယ်။ ဒီလို ဂိုးပေါက် ပျောက်နေတဲ့ ယိုကီးရက်စ်ကို ဂန်းနား ပရိသတ် တချို့က ခြေစွမ်းပြနိုင်မယ့် အချိန်ကို စိတ်ရှည်ရှည် စောင့်ဆိုင်းနေကြပေမယ့် တချို့ကတော့ စိတ်မရှည်တော့တာလည်း တွေ့ရပါတယ်။

ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ရပ်တည်နေပြီးတော့ အဓိက ပြိုင်ဘက် မန်စီးတီးကို ၃ မှတ် လစ်ဗာပူးလ်ကို ၄ မှတ် ဖြတ်ထားနိုင်ပါတယ်။
အဓိက ပြိုင်ဘက်တွေကို အမှတ်ဖြတ်ထားနိုင်ပြီ ဖြစ်တဲ့ အာဆင်နယ်

ဒါပေမယ့်လည်း အလန်ရှီးယားက ယိုကီးရက်စ်ဟာ အာဆင်နယ် အတွက် အပေါင်း လက္ခဏာဆောင်တဲ့ ခေါ်ယူမှု ဖြစ်ကြောင်းနဲ့ အသင်းကို တိုးတက်စေခဲ့ကြောင်း အခုလိုပဲ သုံးသပ်လာခဲ့ပါတယ်။ ယိုကီးရက်စ်က “သူက ကျွန်တော်တို့ မြင်တွေ့ခဲ့ဖူးတဲ့ တိုက်စစ်မှူး ၃ ဦးရဲ့ အဆင့်အတန်းမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူက ကွဲပြားခြားနားတဲ့ အရာကို ယူဆောင်လာပြီး အသင်းကို သေချာပေါက် တိုးတက်စေပါတယ်။ သူက တခြားသူတွေ အတွက် နေရာလွတ်တွေကို ဖြစ်ပေါ်စေပါတယ်။ ပြီးခဲ့တဲ့ နှစ်က ကိုင် ဟာဗက်ဇ်နဲ့ မာရင်နိုတို့ ကစားခဲ့ချိန်မှာ ပြိုင်ဘက်တွေ အနေနဲ့ ကာကွယ်ရတာ ပိုလွယ်ကူခဲ့ပါတယ်။” လို့ အလန်ရှီးယားက ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် အလန်ရှီးယားက ယိုကီးရက်စ် အနေနဲ့ စပိုတင်းလစ္စဘွန်းက ဂိုးသွင်းနှုန်းမျိုး အာဆင်နယ်မှာ သွင်းယူနိုင်ဖိုတော့ မဖြစ်နိုင်ဘူးလို ပြောကြားခဲ့ပါတယ်။ “သူဟာ ပြိုင်ဘက် ကစားသမားတွေကို တခြား ပြေးလမ်းကို ဆွဲခေါ်သွားတဲ့အခါ အသင်းဖော်တွေ အနေနဲ့ ပိုပြီး နက်နက်ရှိုင်းရှိုင်း ကစားနိုင်လာတယ်။ တခြားသူတွေ ကစားဖို့ နေရာတွေ ပွင့်သွားတယ်။ ဒါကြောင့် သူက အာဆင်နယ်ကို တိုးတက်စေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် သူ ဂိုးတွေ ရနိုင်မယ် မထင်ပါဘူး။ ပြီးခဲ့တဲ့ ရာသီက သူ ရခဲ့တဲ့ ပမာဏလောက် နီးနီး ရှိမယ် မထင်ပါဘူး၊ ဒါပေမယ့် အာဆင်နယ် အတွက် ဖန်တီးမှုတွေနဲ့ အတူ ဂိုးတွေတော့ ရပါလိမ့်မယ်။ သူ လုပ်နိုင်မှာပါ။ သူ့ရဲ့ နံပါတ်တွေက တိုးတက်လာပါလိမ့်မယ်။ယိုကီးရက်စ်ရဲ့ အာဆင်နယ် ကတော့ လက်ရှိမှာ တောက်လျောက် ရလဒ်တွေ ကောင်းနေပြီးတော့ နောက်ဆုံး ၈ ပွဲဆက် မရှုံးထားသလို ၅ ပွဲဆက်လည်း အနိုင်ရထားပါတယ်။ ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ရပ်တည်နေပြီးတော့ အဓိက ပြိုင်ဘက် မန်စီးတီးကို ၃ မှတ် လစ်ဗာပူးလ်ကို ၄ မှတ် ဖြတ်ထားနိုင်ပါတယ်။ ဂန်းနားတွေဟာ မနက်ဖြန်မှာ အက်တလက်တီကိုမက်ဒရစ်နဲ့ ချန်ပီယံလိဂ် ကစားဖို့ ရှိပြီးတော့ လာမယ့် တနင်္ဂနွေနေ့မှာတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲကြပ် ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်